ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ရေးတွင် ဆာလ်ဖာ၏အခန်းကဏ္ဍ
ဆာလ်ဖာသည် အင်ဇိုင်းများနှင့် အခြားပရိုတိန်းများအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ကာ ကလိုရိုဖီးလ်ဖြစ်ပေါ်ခြင်းအတွက် လိုအပ်သည်။
ဆာလ်ဖာနှင့် စုစုပေါင်း ပျော်ဝင်နိုင်သောအခဲ(အချိုဓာတ်)
ဆာလ်ဖာနှင့် ခရမ်းချဉ် စုစုပေါင်း ပျော်ဝင်နိုင်သောအခဲ(အချိုဓာတ်)
အီတလီနိုင်ငံတွင် လေ့လာထားမှုတွင် သက်သေပြထားခြင်းအရဆာလ်ဖာသည်လည်း အသီးစုစုပေါင်းပျော်ဝင်နိုင်သောအခဲ(အချိုဓာတ်)များပါဝင်မှုကို တိုးစေသည်။
ဆာလ်ဖာနှင့်အထွက်
ဆာလ်ဖာနှင့်ခရမ်းချဉ်အထွက်
အီတလီနိုင်ငံတွင်လေ့လာထားချက်အရဆာလ်ဖာသည်အထွက်နှုန်းကောင်းမွန်ဖို့အတွက်လည်း အရေးကြီးသည်။
ဆာလ်ဖာနှင့်နှိုင်းရ အထွက်
ခရမ်းချဉ်သီးတွင် ဆာလ်ဖာကိုအရွက်ပေါ်ပက်ဖျန်းခြင်းနှင့် မြေပေါ်ကျဲပက်ခြင်းကိုယှဉ်ပြိုင်ခြင်း
ဂျာမနီနိုင်ငံစမ်းသပ်စစ်ဆေးခြင်းများကမြေပေါ်အသုံးပြုသောမြေသြဇာထက် အရွက်ပေါ်ပက်ဖျန်းခြင်းသည် ပိုမိုထိရောက်ကြောင်းသက်သေပြထားသည်။
ကြီးထွားမှုအဆင့်များရှိဆာလ်ဖာ၏ အကျိုးသက်ရောက်မှု
အဆင့် | ဆာလ်ဖာ၏ အကျိုးသက်ရောက်မှု |
---|---|
ပင်ပိုင်းကြီးထွားမှု | ကြံ့ခိုင်သည့် အပင်ကြီးထွားမှုကိုထိန်းသိမ်းပေးသည်။ |
ခရမ်းချဉ်သီးနှံအဆင့်များတွင် နောက်ထပ်ကြည့်ပါ။
ခရမ်းချဉ်မြေသြဇာအစီအစဉ်
ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထားချက်အရယာရာ (Yara)၏ ခရမ်းချဉ်အတွက်အာဟာရပေးခြင်းအစီအစဉ်များသည်သင့်အားကောင်းမွန်သောသီးနှံပင်များကိုရရှိစေနိုင်ပါမည်။
ဆာလ်ဖာအသုံးပြုရေးအတွက်ယေဘုယျလမ်းညွှန်ချက်များ
ဆာလ်ဖာစုပ်ယူမှုသည်အသီးတစ်တန်လျှင် ဝ.၆ ကီလိုဂရမ်ဝန်းကျင်ခန့်ဖြစ်သည်။ ၎င်းကိုစိုက်ပျိုးရာသီတစ်လျှောက်လုံး လိုအပ်ပြီး နိုက်ထရိုဂျင်ဓာတ်ထည့်သွင်းပေးချိန်နှင့်အချိန်ကိုက်သုံးသင့်သည်။
ခရမ်းချဉ်ဆာလ်ဖာအာဟာရချို့တဲ့မှုများ
အာဟာရချို့တဲ့မှုများသည် မှန်လုံအိမ်များတွင် တွေ့ရခဲသော်လည်း ဆာလ်ဖာမြေသြဇာအသုံးမပြုသော စိမ့်မြေအောက်ခံလွှာတွင် စိုက်ပျိုးထားသည့်ခရမ်းချဉ်များတွင်တွေ့နိုင်သည်။ ဆာလ်ဖာချို့တဲ့သော ခရမ်းချဉ်ပင်များသည် အပင်အရပ်နိမ့်သည်။ အရွက်များသည်မာတောင့်တောင့်ဖြစ်ပြီး အောက်ဖက်သို့ကွေးသည်။ ၎င်းတို့သည်စိမ်းဝါရောင်မှအဝါရောင်သို့ ပြောင်းကာ ရွက်ကြောတွင်း ဆဲလ်သေခြင်းအဖြစ်ဖွံ့ဖြိုးလာသည်။ ပင်စည်များ၊ရွက်ကြောများနှင့်ရိုးတံများ ခရမ်းရောင်ပြောင်းသွားကြသည်။ တစ်သျှူးသေစက်ပြောက်များကို ရွက်ဟောင်း (အရွက်ရင့်) များ၏ အဖျားများ၊ပင်စည်များပေါ်တွင်တွေ့နိုင်သည်။ ဆာလ်ဖာအာဟာရချို့တဲ့ခြင်းသည် နိုင်ထရိုဂျင်အာဟာရချို့တဲ့ခြင်းနှင့် အလားသဏ္ဌာန်တူသော်လည်း ဆာလ်ဖာသည်အပင်အတွင်း မရွေ့လျားနိုင်သောကြောင့်၎င်းချို့တဲ့မှုသည်သက်တမ်းပိုမိုငယ်သောအရွက်များ (အရွက်နုများ) မှစတင်ဖြစ်ပွားသည်။
ခရမ်းချဉ်ဆာလ်ဖာနှင့် အခြားအာဟာရချို့တဲ့ခြင်းအကြောင်းကို ခရမ်းချဉ်သီးနှံအာဟာရပေးခြင်းတွင် နောက်ထပ်ကြည့်ပါ။