fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ခရမ်းချဉ်

ခရမ်းချဉ်သီးထုတ်လုပ်ရေးတွင် ပိုတက်စီယမ်၏အခန်းကဏ္ဍ

ပိုတက်စီယမ်သည် အပင်အတွင်းဓာတ်ဖိုဓာတ်မအချိုးညီမှုနှင့် ရေအခြေအနေကိုထိန်းသိမ်းပေးသည်။

၎င်းသည် အပင်အတွင်းသကြားထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ အင်ဇိုင်းကို နှိုးဆွပေးခြင်းနှင့် ပရိုတိန်းများကိုပေါင်းစည်းခြင်းတို့တွင် ပါဝင်သည်။ ပိုတက်စီယမ်သည် ရောင်ခြယ်ပစ္စည်း (သိသာသည်မှာ လိုက်ကိုပီးဓာတ်)ဖြစ်ပေါ်ခြင်း တွင်လည်းလိုအပ်ပါသည်။

 

နိုက်ထရိုဂျင် : ပိုတက်စီယမ် ဟန်ချက်ညီမှုနှင့် မြစ်ပုပ်သည့်ရောဂါများမဖြစ်ခြင်း

 

 

အမေရိကန်နိုင်ငံတွင်တွေ့ရှိထားသော လေ့လာမှုများအရ အပင်တွင်းမြင့်မားသော ပိုတက်စီယမ် ပမာဏကိုထိန်းသိမ်းထားခြင်းသည် မြင့်မားသောနိုက်ထရိုဂျင်ပမာဏကြောင့်ဖြစ်သော မြစ်ပုပ်ရောဂါ ပြဿနာများကိုသက်သာစေသည်။


ပိုတက်စီယမ်နှင့်အထွက်နှုန်း


ပိုတက်စီယမ်နှင့် ခရမ်းချဉ်အထွက်မှုန်း


ဗြိတိန်နိုင်ငံရှိ စမ်းသပ်ကွက်များ စမ်းသပ်တွေ့ရှိချက်များအရ မြင့်မားသောပိုတက်စီယမ် ပမာဏသည် ခရမ်းချဉ်အထွက်နှုန်းကို မြင့်မားစေပါသည်။ ခရမ်းချဉ်များတွင် အတော်အတန် မြင့်မားသောပိုတက်စီယမ် လိုအပ်ချက်ရှိသည်။ ခရမ်းချဉ် တစ်တန်ထွက်တိုင်းတွင် အပင် အတွင်း၌ပိုတက်စီယမ်ဓာတ်ကို ၂.၆ မှ ၃.၅ ကီလိုထိလိုအပ်ပါသည်။


ပိုတက်စီယမ်နှင့် အသီးရင့်မှည့်ခြင်း


ပိုတက်စီယမ်နှင့် ခရမ်းချဉ်အသီးရင့်မှည့်ခြင်း


ပိုတက်စီယမ်သည် သကြားပမာဏနှင့် ရင့်မှည့်ခြင်းနှင့် သိုလှောင်နိုင်စွမ်းတို့ကို ဆုံးဖြတ်နိုင်ခြင်းအားဖြင့် ထိပ်တန်းအသီးအရည်အသွေးကို သေချာစေသောအခန်းကဏ္ဍတွင် ပါဝင်သည်။ ဗြိတိန်နိုင်ငံတွင် စမ်းသပ်စစ်ဆေးခြင်းများအရ ပိုတက်စီယမ်ပမာဏ မလုံလောက်ခြင်းသည် အမှည့်မညီညာမှုကို ဖြစ်စေပါသည်။


ပိုတက်စီယမ်နှင့် အရောင်ချို့တဲ့ခြင်းများ - အဖြူရောင်တစ်သျှူး


ပိုတက်စီယမ်နှင့် ခရမ်းချဉ်အရောင် ချို့တဲ့ခြင်းများ


အမေရိကန်နိုင်ငံတွင် လေ့လာထားချက်များက သက်သေပြထားချက်အရ ပိုတက်စီယမ် ပမာဏမလုံလောက်ခြင်းသည်လည်း အကွက်လိုက်မှည့်ခြင်းနှင့် အတွင်းသားတစ်သျှူးဖြူခြင်းကဲ့သို့သောအရောင် ချို့တဲ့ခြင်းကို ဖြစ်စေသည်။


ပိုတက်စီယမ်နှင့် အရောင်ချို့တဲ့ခြင်းများ - အဝါရောင်ပုခုံးသား


ပိုတက်စီယမ်နှင့် ခရမ်းချဉ်အရောင်ချို့တဲ့ခြင်းများ


အမေရိကန်နိုင်ငံတွင် လေ့လာထားချက်များကလည်း လိုအပ်သည်ထက် ပိုတက်စီယမ် ပမာဏနည်းခြင်းသည် အဝါရောင်ပုခုံးသားဖြစ်ခြင်းကို ပိုမိုမြင့်မားစေကြောင်းသက်သေပြထားပါသည်။


ပိုတက်စီယမ်နှင့် အသီးရည်အက်ဆစ်ဓာတ်


ပိုတက်စီယမ်နှင့် ခရမ်းချဉ်သီး အက်ဆစ်ဓာတ်


ဗြိတိန်နိုင်ငံစမ်းသပ်စစ်ဆေးခြင်းများတွင် တွေ့မြင်ရသည့်အတိုင်း အပင်ရှိပိုမိုမြင့်မားသော ပိုတက်စီယမ်ပမာဏသည် အသီး၏ အက်ဆစ်ဓာတ်ကိုတိုးစေပြီး အကျိုးရလဒ်အနေဖြင့် ခရမ်းချဉ်သီးရည်ကိုလည်းအက်ဆစ်ဓာတ် တိုးစေသည်။


နိုက်ထရိုဂျင် :ပိုတက်စီယမ် ဟန်ချက်ညီမှုနှင့် ပုပ်သည့်ရောဂါများမဖြစ်ခြင်း


နိုက်ထရိုဂျင် -ပိုတက်စီယမ် ဟန်ချက်ညီမှုနှင့် ခရမ်းချဉ်ပုပ်သည့်ရောဂါများမဖြစ်ခြင်း


အမေရိကန်နိုင်ငံတွင် ပြသထားသောလေ့လာမှုများအရ မြင့်မားသောပိုတက်စီယမ် ပမာဏကိုထိန်းသိမ်းထားခြင်းသည် မြင့်မားသောနိုက်ထရိုဂျင်ပမာဏကြောင့် ဖြစ်သောပုပ်သည့်ရောဂါ ပြဿနာများကိုသက်သာစေသည်။


ပိုတက်စီယမ်နှင့်အထွက်နှုန်း


ပိုတက်စီယမ်နှင့်ခရမ်းချဉ်အထွက်နှုန်း


ဗြိတိန်နိုင်ငံကတွေ့ရှိသော စမ်းသပ်ချက်များအရ မြင့်မားသောပိုတက်စီယမ် ပမာဏသည် ခရမ်းချဉ်အထွက်ကို မြင့်မားစေသည်။ ခရမ်းချဉ်များတွင် အတော်အတန် မြင့်မားသော ပိုတက်စီယမ် လိုအပ်ချက်ရှိသည်။ ခူးဆွတ်လိုက်သောခရမ်းချဉ် တစ်တန်အတွက် အပင်တွင်းမှပိုတက်စီယမ် ၂.၆ မှ ၃.၅ ကီလိုဂရမ်ထိစုပ်ယူလေ့ရှိသည်။


အပင်ကြီးထွားမှုအဆင့်များတွင် ပိုတက်ဆီယမ်အကျိုးသက်ရောက်မှု

အဆင့်ပိုတက်စီယမ်အကျိုးသက်ရောက်မှု
အပင်ငယ် သန်မာသောအစောပိုင်း ကြီးထွားမှုကိုအထောက် အကူပြုသည်။
ပင်ပိုင်းကြီးထွားခြင် ပန်းမပွင့်မီအရွက်တစ်သျှူးများတွင် ပါဝင်မှု အများဆုံး ဖြစ်သည်။
ပန်းပွင့်ခြင်း - အသီးတင်ခြင်း အပင်ကြီးထွားမှုကိုထိန်းသိမ်းပေးပြီးအပွင့် အရေအတွက်ကိုများနိုင်သမျှ များစေပါသည်။
ရည့်မှည့်ခြင်း အသီးရင့်ချိန်တွင် ပိုတက်စီယမ်ဓာတ်သည် အသီးထဲတွင် အများဆုံးရှိနေပြီးပျက်စီးဆုံးရှုံးမှုကိုအနည်းဆုံးဖြစ်စေပါသည်။

အပင်ကြီးထွားမှုအဆင့်များတွင် နောက်ထပ်ကြည့်ပါ။

ခရမ်းချဉ် မြေသြဇာအစီအမံ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များကအသေးစိတ်ရှင်းလင်းတင်ပြထားချက်အရယာရာ (Yara) ၏ ခရမ်းချဉ်အတွက် အာဟာရပေးခြင်းအစီအစဉ်များသည် သင့်အားအထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေး ကောင်းစေနိုင်သော ခရမ်းချဉ်ပင်များ ရရှိစေပါသည် ။


ပိုတက်စီယမ်အသုံးပြုခြင်းအတွက် ယေဘုယျလမ်းညွှန်ချက်များ


ခရမ်းချဉ်သီးများတွင် နိုက်ထရိုဂျင်နှင့်နှိုင်းယှဉ်ပါက ပိုတက်စီယမ်လိုအပ်ချက် တော်တော် လေး မြင့်မားပြီးအပင်မှ ပုံမှန်စားသုံးနေသောပမာဏသည် တဧကလျှင် ၁၂၀ ကီလိုဂရမ် နှုန်းဖြစ်သည်။ ပိုတက်စီယမ်ကို စိုက်ပျိုးရာသီတစ်လျှောက် လိုအပ်ပြီးအသီး၏အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကာ အသီး ၁၀၀ ဂရမ်လျှင် ပိုတက်စီယမ် ၂၅၀ မီလီဂရမ် ဝန်းကျင်ခန့်ပါဝင်သည်။ ပိုတက်စီယမ်ကို မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်တို့နှင့် ကောင်းမွန်သော အချိုးညီမှုကိုထိန်းထားရန် မရှိမဖြစ်အရေးကြီးပါသည်။ ပိုတက်စီယမ်များလွန်းခြင်းသည် အခြားဓာတ်ဖိုများအား စုပ်ယူခြင်းကိုအဟန့်အတားဖြစ်စေသည်။ မြေငန်သောအခြေအနေများတွင်အပင်ကြီးထွားမှုကို ထိန်းသိမ်းထားရန်အတွက် မြင့်မားသောပိုတက်စီယမ် ပမာဏအသုံးပြုရန်အထူးအရေးကြီးသည်။ ဆိုဒီယမ်ဓာတ် များခြင်းသည် အပင်အတွင်းပိုတက်စီယမ် စုပ်ယူမှုနှင့် ရွှေ့လျားခြင်းကိုလျော့နည်းစေသဖြင့် အပင်ကြီးထွားမှုကိုထိန်းသိမ်းရန် အလို့ငှာ ပိုတက်စီယမ်ပမာဏကို ပိုထည့်ပေးရန်လိုအပ်ပါသည်။

ခရမ်းချဉ် ပိုတက်စီယမ်ချို့တဲ့ခြင်းများ

အရွက်များအစိမ်းရင့်ရောင်ဖြစ်လာကာ အဝါရောင်သန်းသော အရောင်မှ အဖြူရောင်ရှိသောဆဲလ်သေအစက်များသည် ရွက်ဟောင်းများ၏ အနားသားအနီးတွင် ကြီးထွားလာကြသည်။ ထိုအစက်များသည် အရွက်အနားသားများ တစ်ဝိုက် အညိုရောင် ဆဲလ်သေဧရိယာများအဖြစ် ပေါင်းစည်းသွားကြသည်။ မှန်လုံအိမ်တွင်စိုက်ပျိုးသောခရမ်းချဉ်များတွင် ပိုတက်စီယမ်ချို့တဲ့ခြင်းကို အသီးတစ်ခြမ်းမှည့်ခြင်းအကွက်လိုက်မှည့်ခြင်းအဖြစ် မကြာခဏဆိုသလိုတွေရလေ့ရှိသည်။ အသီးတွင်လည်း သီးကျောတင်းမှုမရှိဘဲ ဘရစ်ဇ် [(သစ်သီးရည်ထဲက သကြားပါဝင်မှု ပမာဏ) (brix)]ပမာဏလည်းနိမ့်သည်။


ခရမ်းချဉ်ပိုတက်စီယမ်နှင့်အခြား အာဟာရချို့တဲ့မှုများအကြောင်းကို ခရမ်းချဉ်သီးနှံအာဟာရပေးခြင်းတွင် နောက်ထပ်ကြည့်ပါ။

 

သင့်ရဲ့ ခရမ်းချဉ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ခရမ်းချဉ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ခရမ်းချဉ် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅