ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ရေးတွင် ဖော့စ်ဖရပ်စ်၏ အခန်းကဏ္ဍ
ဖော့စ်ဖရပ်စ်သည် နယူးကလစ်အက်ဆစ်များ (ဒီအင်အေ နှင့် အာရ်အင်အေ) တို့၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးအပင်အတွင်းစွမ်းအင်ရွှေ့ပြောင်းခြင်းအတွက် မရှိမဖြစ် အရေးကြီးသည်။
သို့ဖြစ်ရာ ၎င်းသည်အထွက်နှုန်းနှင့် အရည်အသွေးအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည်။
ဖော့စ်ဖရပ်နှင့် စုစုပေါင်းပျော်ဝင်နိုင်သောအခဲ (အချိုဓာတ်)
ဖော့စ်ဖရပ်နှင့် ခရမ်းချဉ်သီး စုစုပေါင်းပျော်ဝင်နိုင်သောအခဲ (အချိုဓာတ်)
တူညီသောစမ်းသပ်စစ်ဆေးခြင်းများတွင် ဖော့စ်ဖရပ်စ်သည် ကုန်ချောထုတ်လုပ်သည့် အရည်အသွေးကိုတိုးစေကာ စုစုပေါင်းပျော်ဝင်နိုင်သောအခဲ (အချိုဓာတ်) ကိုသိသိသာသာတိုးစေသည်။
ဖော့စ်ဖရပ်နှင့်အထွက်နှုန်း
ဖော့စ်ဖရပ်နှင့်ခရမ်းချဉ်သီးအထွက်နှုန်း
အီတလီနိုင်ငံတွင် ကုန်ချောထုတ်လုပ်သောခရမ်းချဉ်များအတွက် စမ်းသပ်စစ်ဆေးခြင်း၏ သက်သေပြချက်အရ ဖော့စ်ဖရပ်နည်းသောမြေများတွင် ဖော့စ်ဖရပ်စ်မြေသြဇာကိုထည့်သွင်းအသုံးပြုခြင်းသည် ခူးဆွတ်ချိန်တွင် အသီးစိမ်းအရေအတွက်ကို လျော့နည်းစေကာအသီးအထွက်နှုန်းနှင့် ရင့်မှည့်ခြင်းကိုတိုးတက်စေပါသည်။
ကြီးထွားမှုဆင့်များရှိဖော့စ်ဖရပ်စ်အကျိုးသက်ရောက်မှု
အဆင့် | ဖော့စ်ဖရပ်စ်အကျိုးသက်ရောက်မှု |
အပင်ငယ် | အမြစ်ကြီးထွားမှုကိုများနိုင်သမျှများစေသည်။ |
ပင်ပိုင်းကြီးထွားမှု | ဆက်တိုက်ကြီးထွားမှုကို ဖြစ်စေပါသည်။ |
ပန်းပွင့်ခြင်း - အသီးတင်ခြင်း | အသီးဖွံ့ဖြိုးစေသည်။ |
အသီးရင့်မှည့်ခြင်း - အရွယ်ရောက်ခြင်း | ခရမ်းချဉ် အာဟာရဆိုင်ရာအရည်အသွေးကိုတိုးစေသည်။ |
ခရမ်းချဉ်ကြီးထွားမှုအဆင့်များတွင် နောက်ထပ်ကြည့်ပါ။
ခရမ်းချဉ် မြေသြဇာအစီအစဉ်
ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထားချက်အရ ယာရာ (Yara) ၏ခရမ်းချဉ်အတွက် အာဟာရပေးခြင်းအစီအစဉ်များသည် သင့်အား အထွက်နှုန်းနှင့်အရည်အသွေး ပိုမိုကောင်းမွန်စေနိုင်သော သီးနှံပင်များကိုရရှိစေပါသည်။
ဖော့စ်ဖရပ်စ်အသုံးပြုခြင်းအတွက်ယေဘုယျလမ်းညွှန်ချက်များ
ဖော့စ်ဖရပ်ကို ပမာဏအများကြီးမလိုပါ။ ကွင်းပြင်စိုက်ခင်းတွင် စိုက်ပျိုးသောခရမ်းချဉ်များအတွက် စိုက်ပျိုးရာသီအတွင်းလိုအပ်သမျှအားလုံးမှာ တစ်ဟက်တာလျှင် ၅၀ကီလိုဂရမ် ဝန်းကျင်ခန့်သာဖြစ်သည်။ သီးနှံပင်များကောင်းမွန်စွာ အစပြုနိုင်ရန်အတွက် အစောပိုင်းတွင် ဖော့စ်ဖရပ်ကိုအသုံးပြုပြီးနောက်အကြိမ်များကို ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တို့တွင် အသုံးပြုပါ။
ခရမ်းချဉ်ဖော့စ်ဖရပ်အာဟာရချို့တဲ့မှုများ
ခရမ်းချဉ်များတွင်ဖော့စ်ဖရပ်စ်အာဟာရချို့တဲ့သောအခါ အရွက်များသည်အရောင်အားဖြင့် အစိမ်းရောင်ရင့်မှ အပြာရောင်သန်းကာ တောင့်တင်းထောင်မတ်နေပါသည်။ပင်စည်များသည် ပိန်လှီကြပြီး ခရမ်းရောင်မွဲမွဲအရောင်ပျက်ခြင်းနှင့်အတူ အမျှင်များပါသည်။ ပန်းပွင့်ခြင်းနှင့်အသီးတင်ခြင်း ညံ့ပြီး အသီးသည်သေးငယ်ပြီး မာကျောကာအချိန်မတိုင်မီ အဝါရောင်ပြောင်းသွားသည်။ အချို့မျိုးကွဲများတွင် ဖော့စ်ဖရပ်စ်အာဟာရချို့တဲ့မှုကို အောက်ပိုင်းကျသောအရွက်များ(အရွက်ရင့်များ) တွင်အညိုရောင်သေးငယ်သည့် ဧရိယာများအဖြစ် ရွက်ကြောများကြားတွင်လည်းတွေ့ရသည်။
ခရမ်းချဉ်ဖော့စ်ဖရပ်စ်နှင့်အခြားအာဟာရချို့တဲ့ခြင်းများ အကြောင်းကို ခရမ်းချဉ်သီးနှံအာဟာရပေးခြင်းတွင် နောက်ထပ်ကြည့်ပါ။