ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ရေးတွင် မဂ္ဂနီစီယမ်၏ အခန်းကဏ္ဍ
မဂ္ဂနီစီယမ်တွင် စွမ်းအင်ရွေ့ပြောင်းခြင်းနှင့် ပရိုတိန်းပေါင်းစည်းဖြစ်ပေါ်ခြင်းတို့အပါအဝင် များစွာသော လုပ်ငန်းစဉ်များပါဝင်သည်။
ကလိုရိုပလတ်စ်များတွင်ရှိသော အပင်၏ စုစုပေါင်း မဂ္ဂနီစီယမ် ၂၀ - ၂၅% နှင့်အတူ ၎င်းသည် ကလိုရိုဖီးလ် ထုတ်လုပ်ရေးအတွက် အထူး အရေးကြီးသည်။
မဂ္ဂနီစီယမ်နှင့် အသီးပုံသဏ္ဌာန်
မဂ္ဂနီစီယမ်နှင့် ခရမ်းချဉ်သီး အသီးပုံသဏ္ဌာန်
မဂ္ဂနီစီယမ်သည် အသီး၏ ပုံသဏ္ဌာန်ကိုလည်း လွှမ်းမိုးမှုရှိသည်။
မဂ္ဂနီစီယမ်နှင့် ရင့်မှည့်ခြင်းမူမမှန်မှုများ
မဂ္ဂနီစီယမ်နှင့် ခရမ်းချဉ်သီး ရင့်မှည့်ခြင်း မူမမှန်မှုများ
ဗြိတိန်နိုင်ငံ လေ့လာရေးတွင် သက်သေပြချက်အရ မဂ္ဂနီစီယမ်သည် အမှည့်ညီစေကာ ပုံစံကောင်းသော အသီးဖြစ်ထွန်းခြင်းအတွက် အထူးအရေးကြီးသည်။
ကြီးထွားမှုအဆင့်တိုင်းရှိ မဂ္ဂနီစီယမ်၏ အကျိုးသက်ရောက်မှု
အဆင့် | မဂ္ဂနီစီယမ်၏ အကျိုးသက်ရောက်မှု |
---|---|
ပင်ပိုင်းကြီးထွားမှုအဆင့် | ပန်းမပွင့်မီ အရွက်တစ်သျှူးများတွင် ပြင်းအား အများဆုံး ပါဝင်သည်။ |
ပန်းပွင့်ခြင်း - အသီးတင်ခြင်း | ပန်းပွင့်ခြင်းနှင့် သီးနှံထုတ်လုပ်ရေးကို တိုးစေ သည် - ဤအဆင့်တွင် မဂ္ဂနီစီယမ် အာဟာရ လိုအပ်ချက်အများဆုံးဖြစ်သည်။ |
အသီးရင့်မှည့်ခြင်း | အရွယ်ရောက်ခြင်း အရည်အသွေးရှိသော အသီးထုတ်လုပ်ရေးအတွက် ဤအဆင့်သည် မဂ္ဂနီစီယမ် အာဟာရ လိုအပ်ချက်အများဆုံး ဖြစ်သည်။ |
ခရမ်းချဉ်ကြီးထွားမှုအဆင့်များတွင် နောက်ထပ်ကြည့်ပါ။
ခရမ်းချဉ် မြေသြဇာအစီအစဉ်
ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထားချက်အရ ယာရာ (Yara) ၏ ခရမ်းချဉ်အတွက် အာဟာရပေးခြင်း အစီအစဉ်များသည် သင့်အား အခြေအနေကောင်းမွန်သော သီးနှံပင်များကို ရရှိစေနိုင်ပါမည်။
မဂ္ဂနီစီယမ်အသုံးပြုခြင်းအတွက် ယေဘုယျလမ်းညွှန်ချက်များ
မဂ္ဂနီစီယမ် ပုံမှန်ထောက်ပံ့ခြင်းကို သီးနှံသက်တမ်းတစ်လျှောက် လိုအပ်သည်။ တစ်ဟက်တာလျှင် မဂ္ဂနီစီယမ် ၆၀ ကီလိုဂရမ်အထိကို ခရမ်းချဉ်ပင်က အသုံးပြုသည်။ အခြားဓာတ်ဖိုလွန်ကဲခြင်းဖြင့် မဂ္ဂနီစီယမ်စုပ်ယူခြင်းကို ကျဆင်းစေသဖြင့် မှန်ကန်သောအချိုးကို ထိန်းသိမ်းထားရန် အရေးကြီးသည်။ မြေသြဇာနှင့်ရေကို အတူတူသွင်းသည့်စံနစ်တွင် အထူးဂရုစိုက်ရန်လိုသည်။
ခရမ်းချဉ် မဂ္ဂနီစီယမ်အာဟာရချို့တဲ့မှုများ
မဂ္ဂနီစီယမ်အာဟာရချို့တဲ့မှုလက္ခဏာများသည် အပင်၏အခြေ၊ ရွက်ဟောင်းများကစပြီး(အရွက်ရင့်) အပေါ်သို့တက်သွားသည်။ အသီးများသည် ရင့်မှည့်ညီသည့် ပုံစံပေါက်သော်လည်း ရင့်မှည့်မှုသည် မကြာခဏဆိုသလို နှောင့်နှေးသည်။ အာဟာရချို့တဲ့မှုများကို အသီးတင်မှုအများဆုံးကာလအတွင်း အပင်၏ အလယ်တွင်လည်း တွေ့ရသော်လည်း ဤသို့ ဖြစ်ခြင်းသည် ယာယီသာဖြစ်လေ့ရှိသည်။ အာဟာရချို့တဲ့မှု မပြင်းထန်ပါက ရွက်ဟောင်းများသည် ကြွတ်ဆပ်သည့်ပုံပေါက်ကာ ၎င်းတို့၏ အတွင်းရွက်ကြောတစ်သျှူးများသည် ကွေးသွားကြသည်။ အာဟာရချို့တဲ့မှုပြင်းထန်ပါက ရွက်ကြောကြားက ဆဲလ်သေများသည် ရွက်အနားသားမှ ရွက်မွှာများအလယ်သို့ ကူးစက်သွားသည်။
ရွက်ကြောငယ်များလည်း ဆဲလ်သေဖြစ်သွားသော်လည်း ပိုမိုကြီးမားသော ရွက်ကြောများ စိမ်းမြဲစိမ်းနေသည်။ မဂ္ဂနီစီယမ်ဆက်လက် ငတ်ပြတ်ခြင်းနှင့်အတူ အတွင်းပိုင်းရွက်ကြော ဆဲလ်သေခြင်း ပိုမိုပြင်းထန်လာကာ အရောင်သည် တောက်ပသည့်အဝါရောင်/လိမ္မော်ရောင် သို့ပြောင်းသွားပြီး တစ်သျှူးသေစက်ပြောက်များပေါ်လာနိုင်၍ ၎င်းတို့သည် အညိုရောင်အရစ်များ နှင့်အတူ ကြီးထွားလာနိုင်သည်။ နောက်ဆုံးတွင် ရွက်ဟောင်းများသေသွားကြပြီး အပင်တစ်ပင်လုံး အဝါရောင်ပြောင်းသွားကာ အသီးအထွက်ကို ဆိုးဝါးစွာ လျော့နည်းစေသည်။ မဂ္ဂနီစီယမ်များလွန်းခြင်းသည် ကယ်လ်စီယမ် နှင့်/သို့မဟုတ် ပိုတက်စီယမ်ချို့တဲ့မှုနှင့် အာဟာရ အချိုးမညီမှုကို ဖြစ်စေနိုင်သည်။
ခရမ်းချဉ် မဂ္ဂနီစီယမ်နှင့် အခြားအာဟာရဓာတ်များအကြောင်းကို ခရမ်းချဉ်သီးနှံ အာဟာရပေးခြင်းတွင် နောက်ထပ်ကြည့်ပါ။