ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ရေးတွင် သံဓာတ်၏ အခန်းကဏ္ဍ
သံဓာတ် (အိုင်းရွန်း) သည် နိုက်ထရိတ်နှင့် ဆာလ်ဖိတ်ဓာတ်လျှော့ခြင်းအတွက် လိုအပ်ပြီး
ကလိုရိုဖီးလ်ဖြစ်ပေါ်ခြင်းနှင့် အလင်းမှီစုအစာချက်လုပ်ခြင်းတို့နှင့် ဆက်နွယ်မှုရှိသည်။
သံဓာတ်နှင့်အထွက်
သံဓာတ်နှင့်ခရမ်းချဉ်အထွက်
သံဓာတ်ချို့တဲ့သော မြေများတွင် ပင်ပိုင်းကြီးထွားမှုအဆင့်တွင် (Ferrous Sulfate) ဖားရပ်စ်ဆာလ်ဖိတ်ကို မြေခံကျွေးခြင်းသည် သီးနှံအထွက်တိုးခြင်းအတွက် အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သက်သေပြပြီးဖြစ်သည်။
ခရမ်းချဉ်အာဟာရအစီအစဉ်
ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထား ချက်အရ ယာရာ (Yara) ၏ ခရမ်းချဉ်အတွက် အာဟာရပေးခြင်း အစီအစဉ်များသည် သင့်အား အခြေအနေကောင်းမွန်သော သီးနှံပင်များကို ရရှိစေနိုင်ပါမည်။
သံဓာတ်အသုံးပြုခြင်းအတွက် ယေဘုယျလမ်းညွှန်ချက်များ
အရွက်များသည် ပန်းမပွင့်မီအချိန်မှ ကြီးထွားမှုများစေသည့်အဆင့်မတိုင်မီ အနည်းဆုံး သံဓာတ် ၆၀ မီလီဂရမ်/ကီလို လိုအပ်သည်။ သံဓာတ်ကို အသုံးပြုခြင်း (ဥပမာအားဖြင့် ရွက်ဖျန်း သို့မဟုတ် မြေသြဇာကို ရေနှင့်အတူသွင်းခြင်း) ကို အစောပိုင်း အရွက်ထုတ်လုပ်ရေးနှင့် သီးနှံအထွက်စွမ်းအားကို တိုးတက်ရန် အသုံးပြုနိုင်သည်။ ပန်းမပွင့်မီအချိန်မှ ကြီးထွားမှုများစေသည့် အဆင့်မတိုင်မီ သံဓာတ် ၆၀ - ၃၀၀ မီလီဂရမ်/ကီလို လိုအပ်သည်။
ခရမ်းချဉ် သံဓာတ်ချို့တဲ့ခြင်း
သံဓာတ်ချို့တဲ့မှု လက္ခဏာများသည် ကျန်ရှိသော ရွက်ကြောများကို စိမ်းမြဲစိမ်းနေကာ ဆဲလ်သေနေရာများဖြစ်လာသည့် ရွက်ကြောများကြားရှိ ဧရိယာများနှင့်အတူ သက်တမ်းငယ်သော (အရွက်နုများ) အရွက်များက စတင်လေ့ရှိသည်။ ဤဆဲလ်သေခြင်းသည် အာဟာရဓာတ်ချို့တဲ့လေ ပိုမို ပြင်းထန်လေဖြစ်ပြီး ရွက်ကြောများလည်း ဆဲလ်သေဖြစ်သွားနိုင်သည်။ အရွက်တစ်ခုလုံး ဆဲလ်သေစက်ပြောက်များနှင့်အတူ အဖြူရောင် ပြောင်းသွားသည်။ အချိန်ကြာလာသည်နှင့် လက္ခဏာများသည် သက်တမ်းအိုရွက်များအဖြစ်သို့ ရောက်ရှိလာပြီး အသစ်ထွက်လာသော အရွက်များသည် သေးငယ်မြဲသေးငယ်ကာ အပင်တစ်ပင်လုံး၏ ကြီးထွားမှုသည် တန့်သွားသည်။
ခရမ်းချဉ်သီး သံဓာတ်နှင့်အခြားအာဟာရချို့တဲ့ခြင်းများအကြောင်းကို ခရမ်းချဉ် သီးနှံအာဟာရကျွေးခြင်းတွင် နောက်ထပ် ကြည့်ပါ။