ခရမ်းချဉ်သီးထုတ်လုပ်ရေးအတွင် ကော့ပါးအာဟာရ၏အခန်းကဏ္ဍ
ကော့ပါးသည် ကာဘိုဟိုက်ဒြိတ်၊ နိုက်ထရိုဂျင် ဇီဝဖြစ်ပျက်ခြင်းနှင့်အတူ ပါဝင်သည်။
၎င်းသည် ကလိုရိုဖီးလ်ဆောင်ရွက်ချက်နှင့်လည်း ဆက်နွယ်မှုရှိသည်။
ကော့ပါးနှင့်အရည်အသွေး
ကော့ပါးနှင့် ခရမ်းချဉ်သီး အရည်အသွေး
အိန္ဒိယနိုင်ငံတွင် စမ်းသပ်စစ်ဆေးခြင်းကလည်း ကော့ပါးဖြင့် အချိုးညီအာဟာရ ကျွေးခြင်းကတစ်ဆင့် ကောင်းမွန်သော အပင်ကြီးထွားမှုကို လှုံ့ဆော်ကာ သီးနှံအရည်အသွေးကို တိုးတက်စေနိုင်ကြောင်း ပြသပြီးဖြစ်သည်။
ကော့ပါးနှင့်အထွက်နှုန်း
ကော့ပါးနှင့်ခရမ်းချဉ်သီးအထွက်
အာဟာရချို့တဲ့သောမြေပေါ်သို့ ကော့ပါးဆာလ်ဖိတ်ကို မြေခံကျွေးခြင်းသည် အိန္ဒိယနိုင်ငံ စမ်းသပ်စစ်ဆေးခြင်းများတွင်ပြထားသည့်အတိုင်း အပင်ကြီးထွားမှုနှင့် အကျိုးဆက် အထွက်နှုန်းကို တိုးစေသည်။
ခရမ်းချဉ်မြေသြဇာအစီအစဉ်
ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထား ချက်အရ ယာရာ (Yara) ၏ ခရမ်းချဉ်အတွက် အာဟာရပေးခြင်း အစီအစဉ်များသည် သင့်အား အခြေအနေကောင်းမွန်သော သီးနှံပင်များကို ရရှိစေနိုင်ပါမည်။
ကော့ပါးအသုံးပြုခြင်းအတွက် ယေဘုယျလမ်းညွှန်ချက်များ .
မှန်လုံအိမ်များတွင် ကော့ပါးအာဟာရချို့တဲ့မှု အစီရင်ခံစာရှိခဲသည်။ ကွင်းပြင် စိုက်ပျိုးရေးတွင် ကော့ပါးချို့တဲ့မှုသည်။ သဲဆန်သော သို့မဟုတ် သြဂဲနစ်မြေကြီးများတွင် ဖြစ်တတ်သည်။ အာဟာရချို့တဲ့သော မြေပေါ်သို့ကော့ပါးဆာလ်ဖိတ်ကို မြေခံကျွေးခြင်းသည် ခရမ်းချဉ်အထွက်နှင့် အရည်အသွေးကို တိုးစေသည်။
ခရမ်းချဉ် ကော့ပါးအာဟာရချို့တဲ့ခြင်း
အာဟာရချို့တဲ့မှုရှိသောနေရာရှိ တွေ့ရသော လက္ခဏာများတွင် သေးငယ်ဖျော့တော့ ပုံပျက်သော ရွက်နုများနှင့်ပုသော အညွန့်များပါဝင်ကြသည်။ အပင်သည်ဆိုးဝါးစွာ ညှိုးနွမ်းသွားပါလိမ့်မည်။ အဓိကရွက်ကြောများတွင် အရောင်ရင့်ဆဲလ်သေဒဏ်ရာများ ပေါ်လာနိုင်သည်။ ပန်းပွင့်များဖြစ်မလာပါ သို့မဟုတ် ပန်းပွင့်များသည် အရည်အသွေးညံ့သည်။
ခရမ်းချဉ် ကော့ပါးနှင့်အခြားအာဟာရချို့တဲ့မှုများအကြောင်းကို ခရမ်းချဉ်သီးနှံ အာဟာရပေးခြင်းတွင် နောက်ထပ် ကြည့်ပါ။