ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဘိုရွန်အာဟာရ၏ အခန်းကဏ္ဍ
ဘိုရွန်သည် နယူးကလူးယစ် အက်ဆစ်နှင့် အပင်ဟော်မုန်းများ ထုတ်လုပ်ရေး၊
အပင်သကြားဓာတ်များရွေ့လျားမှုနှင့် ကာဘိုဟိုက်ဒြိတ် ဇီဝတွင်းဖြစ်ပျက်မှုနှင့်နေရာရွှေ့ပြောင်းခြင်း တို့တွင် ပါဝင်သည်။
ဘိုရွန်နှင့် ခရမ်းချဉ်ထားသိုမှုသက်တမ်း
အမေရိကန်ပြည်ထောင်စု စမ်းသပ်စစ်ဆေးမှုများက သက်သေပြ ထားသလို ဘိုရွန်သည် အက်ကွဲခြင်းအဆင့်နှင့် သီးနှံထားသိုနိုင်မှုသက်တမ်းအပေါ် ကောင်းမွန်သော လွှမ်းမိုးမှုလည်း ရှိသည်။ အသီးပခုံးသားပေါ်က အက်ကွဲရာတိုင်းသည် ရေဆုံးရှုံးမှုများစေပြီး ရောဂါတိုက်ခိုက်ခံရမှုကို ခံနိုင်ရည် နည်းစေသည်။
ဘိုရွန်၊ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်စုပ်ယူခြင်း
ဘိုရွန်ချို့တဲ့ပါက အခြားအာဟာရဓာတ်များစုပ်ယူခြင်း (နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်တို့တွင် သိသာသည်) ကိုလည်း လျော့နည်းစေသည်ဟု အမေရိကန်နိုင်ငံစမ်းသပ်စစ်ဆေးခြင်းများက သက်သေပြထားပါသည်။
ဘိုရွန်နှင့် သီးနှံအထွက်
ဘိုရွန်နှင့် ခရမ်းချဉ်အသီးတင်ခြင်း
ဘိုရွန်တွင် ဝတ်မှုံသန္ဓေအောင်ခြင်းနှင့် အသီးတင်ခြင်းတို့တွင် အရေးကြီးသော အခန်းကဏ္ဍတွင်လည်း ရှိသောကြောင့် ဘိုရွန်အာဟာရပေးခြင်းသည် အမေရိကန်နိုင်ငံ လေ့လာမှုများက သက်သေပြထားသလို အထွက်ကို အကျိုး သက်ရောက်မှု ရှိစေသည်။
ဘိုရွန်နှင့် အသီးအရေအတွက်
ဘိုရွန်နှင့် ခရမ်းချဉ်သီးအရေအတွက်
ပန်းမပွင့်မီ ဘိုရွန်ကို အသုံးပြုခြင်းသည် ကောင်းမွန်သော အသီးတင်ခြင်းကို သေချာစေပြီး ပြည့်ဝသော အထွက်စွမ်းအားကိုရရှိသည်။ ထို့အပြင် ဘိုရွန်သည် မြေကြီးမှ လျှင်မြန်စွာ စုပ်ယူခြင်းခံရပြီး အပင်တွင် အတော်အတန်မရွေ့လျားနိုင်ဖြစ်သောကြောင့် ရွက်ဖျန်းမြေသြဇာဖြင့် ပက်ဖျန်းခြင်းသည် မကြာခဏဆိုသလို ပိုမိုထိရောက်သည်။ (ဗီယက်နမ်နိုင်ငံ စမ်းသပ်စစ်ဆေးခြင်းများ)
ဘိုရွန်နှင့် အသီးအလေးချိန်
ဘိုရွန်အာဟာရပေးခြင်းသည် အသီးအရေအတွက်ကြောင့် အထွက်ကို တိုးစေရုံသာမက အသီးအလေးချိန်ကြောင့်လည်းအထွက်ကို တိုးစေသည်။ (ဗီယက်နမ်နိုင်ငံ စမ်းသပ်စစ်ဆေးခြင်းများ)
ဘိုရွန်၊ ကယ်လ်စီယမ် နှင့် နီညိုရောင်ဖြစ်ခြင်း
ဘိုရွန်၊ ကယ်လ်စီယမ် နှင့် ခရမ်းချဉ်သီးပေါ်တွင် နီညိုရောင်ဖြစ်ခြင်း
ဘိုရွန် (နှင့် ကယ်လ်စီယမ်) ချို့တဲ့ခြင်းသည် အမေရိကန်နိုင်ငံ စမ်းသပ် စစ်ဆေးခြင်းများက သက်သေပြထားသလို ခရမ်းချဉ်သီးပေါ်တွင် နီညိုရောင် ဖြစ်ပေါ်ခြင်းကို တိုးစေသည်။
အပင်ကြီးထွားမှုအဆင့်များရှိ ဘိုရွန်၏ အကျိုးသက်ရောက်မှု
အဆင့် ဘိုရွန်၏အကျိုးသက်ရောက်မှု
အပင်ငယ်
ကောင်းမွန်သော ရွက်ညွန့်ကြီးထွားခြင်းကို သေချာစေသည်။
ပင်ပိုင်းဆိုင်ရာကြီးထွားမှု ကြီးထွားမှု မရပ်တန့်စေခြင်းကို သေချာစေသည်။
ပန်းပွင့်ခြင်း - အသီးတင်ခြင်း အပွင့်တင်ခြင်း၊ ကြီးထွားမှုနှင့် အသီးသီးခြင်းတို့ကို များနိုင်သမျှများစေသည်။
အသီးရင့်မှည့်ခြင်း - အရွယ်ရောက်ခြင်း အမှည့်ညီစေသည်။
ခရမ်းချဉ် ကြီးထွားမှုအဆင့်များတွင် နောက်ထပ်ကြည့်ပါ။
ခရမ်းချဉ် မြေသြဇာအစီအစဉ်
ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထား ချက်အရ ယာရာ (Yara) ၏ ခရမ်းချဉ်အတွက် အာဟာရပေးခြင်း အစီအစဉ်များသည် သင့်အား
အခြေနေပိုမိုကောင်းမွန်သော သီးနှံပင်များကို ရရှိစေနိုင်ပါမည်။
ဘိုရွန်အသုံးပြုခြင်းအတွက် ယေဘုယျလမ်းညွှန်ချက်များ
ဘိုရွန်အာဟာရချို့တဲ့ခြင်းသည် အမြစ်ကြီးထွားမှုကို တားဆီးပြီး အပင်၏ စုပ်ယူသည့် စနစ်ကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည့် ဆဲလ်နံရံများကို နှောင့်ယှက်သည်။ အခြားတစ်ဖက်တွင် ဘိုရွန်များလွန်းခြင်းသည် ကယ်လ်စီယမ် သယ်ယူပို့ဆောင်ခြင်းအား တားဆီးနိုင်သဖြင့် တိကျသော အသုံးချခြင်းကို လိုက်နာရန် အရေးကြီးသည်။ ဘိုရွန်သည် ရွက်နားများတွင်စုနပွေီး အရွက်များကို အနက်ရောင် ပြောင်းစေပါသည်။ အထူးသဖြင့် ဘိုရွန်ဓာတ် များပါက အမြစ်သေခြင်းကို တွေ့ရသည်။ ဘိုရွန်ဓာတ်များသော မြေများသည် မြေကြီးတွင် ပျော်ဝင်စီးဆင်းစေခြင်းဖြင့် ပိုမိုကောင်းမွန်စေသည်။
ခရမ်းချဉ်တွင် ဘိုရွန်အာဟာရချို့တဲ့ခြင်း
ဆိုးဝါးစွာ အာဟာရချို့တဲ့ပါက အဓိကရွက်ညွန်နှင့် ဘေးတက်များ၏ ကြီးထွားရန်နေရာများ သေသွားကာ ခရမ်းချဉ်သီးနှံ ဆုံးရှုံးမှု ဖြစ်စပေါသည်။ ပိုမိုသက်တမ်း နုသော အရွက်များသည် သေးမြဲသေးနေကာ အတွင်းဖက်သို့ကွေးကာ ပုံပျက်သွား ကြသည်။ ၎င်းတို့တွင် ရွက်ကြောများ၏ အကြား၌ သိသာအထင်ရှားဆုံး သွင်ပြင်လက္ခဏာဖြစ်သည့် အဝါရောင်မှ လိမ္မော်ရောင်ရှိသော ဆဲလ်သေ စက်ပြောက်များရှိကြပြီး ရွက်ကြောများကိုယ်တိုင်သည် အဝါရောင် သို့မဟုတ် ခရမ်းရောင်သို့ ဖြစ်လာနိုင်သည်။ ရွက်ဟောင်းများတွင် စိမ်းဝါရောင် ဖြစ်ပေါ်လာသည်။ ရွက်ရိုးများ ကြွတ်ဆပ်ပြီး အထွက်ကိုလျော့နည်းစေသော ကျိုးပဲ့ခြင်းကို ဖြစ်စေသည်။ အမြစ်များသည် ထူထဲမှု၊ ဆဲလ်သေထိပ်ဖျားများနှင့်အတူ တိုတုတ်သည်။ အသီးသည် လေတိုက်ခြင်းကြောင့် ပွတ်တိုက်ခံရသည့်ဒဏ်ရာနှင့် ဆင်တူသည့် အက်ကွဲရာ သို့မဟုတ် ဖော့ဆို့ပုံဒဏ်ရာများဖြစ်လာသောကြောင့် အသီးသည် ဈေးကွက်မဝင်တော့ပါ။ အသီးများတွင်လည်း ‘အတွင်းသားညိုခြင်း’ သို့မဟုတ် သီးစွန်းကွက်ဖြစ်ခြင်းတို့ကို တွေ့ရသည်။
ခရမ်းချဉ်ရှိ ဘိုရွန်နှင့် အခြားအာဟာရ ချို့တဲ့မှုများအကြောင်းကို ခရမ်းချဉ်သီးနှံ အာဟာရပေးခြင်းတွင် နောက်ထပ် ကြည့်ပါ။