ခရမ်းချဉ် စိုက်ပျိုးထုတ်လုပ်ရာတွင် လေထဲသို့ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်ခြင်းပမာဏကို လျှော့ချခြင်း
တိုးပွားလာသော ကမ္ဘာ့လူဦးရေ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လိုအပ်ချက်များကို ပြည့်မီရန် ရေရှည်တည်မြဲသော စိုက်ပျိုးရေးသည်
ဓာတ်မြေသြဇာသွင်းအားစုများကို လိုအပ်သော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုကို လျှော့ချရန်အတွက် ထုတ်ကုန်များသည် နိမ့်ပါးသည့် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းပမာဏ လိုအပ်သည်ဟု ယာရာ (Yara) က ယုံကြည်ပါသည်။
ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းပမာဏကို လျော့ကျစေသော ‘အကောင်းဆုံးရနိုင်သည့် နည်းပညာ’ အသစ်ကို ရင်းနှီးမြှပ်နှံခြင်းဖြင့် ယာရာ (Yara) ၏ မြေသြဇာထုတ်လုပ်သော စက်ရုံများအား ကမ္ဘာပေါ်တွင် စွမ်းအင်အထိရောက်ဆုံးအဖြစ် သတ်မှတ်ထားပါသည်။
အမိုနီယမ်နိုက်ထရိတ်၏ လေထဲသို့ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်ခြင်းပမာဏ
အမှန်တကယ်တွင် အပြောင်းအလဲဖြစ်ရန် အထောက်အကူနည်းပညာ(Catalyst Technology)ကို ဖွံ့ဖြိုးစေပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ယာရာ (Yara) သည် ၎င်း၏ နိုက်ထရစ်အက်ဆစ် စက်ရုံများမှ နိုက်ထရိုဂျင်အောက်ဆိုဒ် (N2O) ထုတ်လွှတ်ခြင်းကို ၉၀% အထိ လျှော့ချပြီး ဖြစ်ပါသည်။ ဤသို့ပြုလုပ်ခြင်းသည် မြေသြဇာများပါဝင်သော ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းပမာဏ ၄၀% လျော့နည်းစေသည်။
ထို့အပြင် သင့်တော်သည့် ရွေးချယ်ခြင်းနှင့် ဤနိုက်ထရိတ်အခြေခံ မြေသြဇာများကို အသုံးပြုခြင်းဖြင့် မြေသြဇာအသုံးပြုမှု၏ နိုက်ထရိုဂျင် အကျိုးသက်ရောက်မှုကို တိုးမြှင့်စေခြင်းဖြင့် ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်သူများသည် မြေထဲသို့စိမ့်ဝင်ခြင်း သို့မဟုတ် အငွေ့ပျံခြင်းတို့မှ ဆုံးရှုံးမှုများကို လျော့ပါးစေပြီး နောက်ထပ် ကာဘွန် ၁၀ - ၃၀% ကို သက်သာစပေါသည်။
သို့ဖြစ်ရာ ယာရာ (Yara) ၏ ပိုမိုနိမ့်ပါးသော ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းပမာဏနိမ့်သည့် မွေဩဇာမြားကို ရွေးချယ်အသုံးပြုခြင်းဖြင့် ခရမ်းချဉ်စိုက်ပျိုး ထုတ်လုပ်သူများသည် ၎င်းတို့၏ ကာဘွန်ထုတ်လွှတ်သော အပင်အာဟာရပေးခြင်း အစီအစဉ်မှ ကာဘွန်ထုတ်လွှတ်ခြင်းကို ထိရောက်စွာဖြင့် တစ်ဝက်လျှော့ချ နိုင်သည်။