ခရမ်းချဉ်သီး သီးညှာထိပ်ပုပ်ခြင်းကိုကာကွယ်ခြင်း
ခရမ်းချဉ်သီး အသီးထိပ်ပုပ်ခြင်းသည် အသီး၏ အခြေ သို့မဟုတ် အသီးထိပ်ရှိ အညိုရောင်/ အနက်ရောင် ဒဏ်ရာဖြစ်သည်။
ခရမ်းချဉ်သီး အသီးထိပ်ပုပ်ခြင်း
ခရမ်းချဉ်သီး အသီးထိပ်ပုပ်ခြင်းသည် အသီး၏ အခြေ သို့မဟုတ် အသီးထိပ်ရှိ အညိုရောင်/ အနက်ရောင် ဒဏ်ရာဖြစ်သည်။ အစိုဓာတ်ဖိအား၊ ကယ်လ်စီယမ်အာဟာရချို့တဲ့ခြင်း (ခြောက်သွေ့သော ပစ္စည်းတွင် ကယ်လ်စီယမ် ဝ.၀၈% ထက်နည်းခြင်း)၊ အမိုနီယမ်အလွန်အကျွံများခြင်းနှင့် သို့မဟုတ် ဤသုံးခုပေါင်းတို့၏ အကျိုးရလဒ်ဖြစ်သည်။
ကွင်းပြင်စိုက်ခင်းတွင် အသီးထိပ်ပုပ်ခြင်း (BER) ကို ဆားဓာတ်များသော မြေများထက် ချဉ်သောမြေများတွင် မကြာခဏတွေ့ရပြီး ပင်ညှိုးခြင်းကို ဖြစ်စေသော အပင်၏ အခြေတွင် ရေကြော ဆိုင်ရာပျက်ပြားခြင်းကိုလည်း ဖြစ်စေနိုင်သည်။ အစိုဓာတ်နိမ့်သော မြေကြီးအခြေအနေများတွင် ပျံ့နှံ့ဖြစ်ပွားသည်။
သီးနှံအာဟာရပေးခြင်းနှင့် ခရမ်းချဉ်သီး အသီးထိပ်ပုပ်ခြင်း
ကယ်လ်စီယမ်
ကယ်လ်စီယမ်ချို့တဲ့ခြင်းသည် အသီးထိပ်ပုပ်ခြင်း တွေ့ရှိရမှုနှင့် ပင်ကိုအားဖြင့် ဆက်နွှယ်မှုရှိသည်။ ဝတ်မှုံကူးပြီး နှစ်ပတ်အကြာ အမြင့်ဆုံး အသီး ပြန့်ကားခြင်း ကာလအတောအတွင်း ဤပြဿနာကို တွေ့ရသည်။ ဤအချိန်တွင် အသီးအား ကယ်လ်စီယမ်ထောက်ပံ့မှုကို တားဆီးသော အကြောင်းတရားတိုင်းသည် အသီးထိပ်ပုပ်ခြင်းအန္တရာယ်ကို တိုးစေသည်။
ကယ်လ်စီယမ်၊ အသီးထိပ်ပုပ်ခြင်း (BER) ကယ်လ်စီယမ်နိုက်ထရိတ်နှင့် အသီးထိပ်ပုပ်ခြင်း (BER)၊ တူရကီ ပိုတက်စီယမ်/ကယ်လ်စီယမ်အချိုး၊ အသီးထိပ်ပုပ်ခြင်း (BER) နှင့်ရွှေရောင်စက်ပြောက်
ဓာတ်မ ယှဉ်ပြိုင်ခြင်း အကျိုးရလဒ်အရ နိုက်ထရိုဂျင်၏ အဓိကရင်းမြစ်အဖြစ် အမိုနီယမ်ကို အလွန်အကျွံသုံးခြင်းသည် အသီးထိပ်ပုပ်ခြင်း (BER) ကျရောက်မှုကို သိသာစွာတိုးစေသည်။ ကောင်းမွန်သောကယ်လ်စီယမ်ထောက်ပံ့မှုကို သေချာစေသော အကောင်းဆုံးနည်းလမ်းမှာ ကယ်လ်စီယမ် အရင်းမြစ်အဖြစ် ကယ်လ်စီယမ် နိုက်ထရိတ်ကိုအသုံးပြုခြင်းဖြစ်သည်။
နိုက်ထရိုဂျင်
အမိုနီယမ် နိုက်ထရိုဂျင် အလွန်အကျွံသုံးခြင်းသည် ကယ်လ်စီယမ်ကဲ့သို့ အခြား အရေးကြီးအာဟာရများ စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေပြီး ဤသို့သော အခြေအနေတွင် အသီးထိပ်ပုပ်ခြင်းအန္တရာယ်ကို တိုးစေသည်။ အမိုနီယမ်ကို အသီးတင်ပြီးနောက်နှင့် အစိုဓာတ် ပြတ်တောက်ခြင်းဖိအားအောက်တွင် သုံးလျင် ပြဿနာများ ပိုမို ဆိုးဝါးသည်။
နိုက်ထရိုဂျင်ပုံစံ၊ အသီးထိပ်ပုပ်ခြင်း (BER)၊ နိုက်ထရိုဂျင်ပုံစံ နှင့် အသီးထိပ်ပုပ်ခြင်း (BER)
သီးညှာထိပ်ပုပ်ခြင်းအန္တရာယ်ကို ကာကွယ်ခြင်း
အတွင်းပိုင်း အသီးထိပ်ပုပ်ခြင်းသည် ခရမ်းချဉ်သီးအစေ့များနှင့်အသီးနံရံများ မီးခိုးရောင် သို့မဟုတ် အနက်ရောင်သို့ ပြောင်းသွားခြင်းဖြစ်သော်လည်း အသီးမျက်နှာပြင်ကို မထိခိုက်ပါ။ ဤသို့ဖြစ်ရခြင်းမှာ ပုံမှန်အားဖြင့် ယာယီ ကယ်လ်ဆီယမ် ချို့တဲ့မှုကြောင့်ဖြစ်သည်။ ခရမ်းချဉ် သက်တမ်းတစ်လျှောက် ကယ်လ်စီယမ်ကို ကောင်းစွာ ဖြည့်ဆည်းပေးခြင်းသည် ဤလက္ခဏာကို လျော့နည်းစေသည်။
ခံနိုင်ရည်နည်းသော မျိုးများ [ဥပမာအားဖြင့် စပက်စ်ထရာ (Spectra) နှင့် ကာလစ်ပ်ဆို (Calypso)] တို့သည် အများအားဖြင့် ကြီးထွားမှု ပိုမိုလျှင်မြန်လေ့ ရှိသဖြင့် အချိန်တိုအတွင်း ကယ်လ်စီယမ်ဓာတ် ပိုမိုလိုအပ်သည်။
ခရမ်းချဉ်သီးတွင် အသီးထိပ်ပုပ်ခြင်းကို လွှမ်းမိုးသော အခြားသီးနှံစီမံ ခန့်ခွဲရေး အခြေခံသဘောတရားများ
မြေငန်ခြင်းသည် ကယ်လ်စီယမ်စုပ်ယူခြင်းကို အကန့်အသတ်ဖြစ်စေကာ ထိုမှတစ်ဆင့် သီးညှာထိပ်ပုပ်ခြင်းအန္တရာယ်ကို တိုးစေသည် (ပုံ ၃၇)။ ဤသို့ဖြစ်ရ ခြင်းသည် အခြားဓာတ်ဖိုများမှ ပိုမိုကြီးမားသော ယှဉ်ပြိုင်မှုနှင့် ကယ်လ်စီယယ်သည် အသီးတွင်စုဝေးခြင်းထက် အရွက်နှင့် ရေကြောဖွံ့ဖြိုးရေးအတွက် ကယ်လ်စီယမ်အသုံးပြုမှုတိုးလာခြင်းတို့၏ အကျိုးရလဒ်ဖြစ်သည်။
အသီးထိပ်ပုပ်ခြင်းကို ဖြစ်စေသော အတွေ့ရအများဆုံးထဲက တစ်ခုမှာ ရေငတ်ခြင်းဖြစ်သည်။ စိုစွတ်သော အခြေအနေများအောက်တွင်လည်း ပင်ငွေ့ပျံခြင်းနှေးကွေးပြီး ပင်ငွေ့ပျံခြင်း စီးကြောင်းအတွင်း တစ်ခုတည်းသော သယ်ယူပို့ဆောင်ပေးကို အကန့်အသတ် ဖြစ်စေသဖြင့် ကယ်လ်စီယမ် စုပ်ယူမှုကို နှေးကွေးစေသည်။
မြေငန်ခြင်းသည် အသီးထိပ်ပုပ်ခြင်းအန္တရာယ်ကို တိုးစေသည်။
ရေလွှမ်းထားသော အခြေအနေများတွင် မြေကြီးတွင် နိုက်ထရိုဂျင်ကိုတွယ် ကပ်ထားခြင်းကို လျော့နည်းစေကာ အကျိုးရလဒ်အဖြစ် မြေကြီးတွင် အမိုနီယမ် အဆင့်များကို မြင့်တက်စေသည်။ ဤအခြေအနေတွင် အမိုနီယမ်သည် ကယ်လ်စီယမ် စုပ်ယူမှုနှင့် ယှဉ်ပြိုင်ကာ အသီးထိပ်ပုပ်ခြင်းအန္တရာယ်ကို တိုးစေသည်။
မှန်လုံအိမ်တွင် ခရမ်းချဉ် အသီးထိပ်ပုပ်ခြင်းကို လွှမ်းမိုးသော အခြား သီးနှံစီမံခန့်ခွဲရေး အခြေခံသဘောတရားများ
- အောက်ခံလွှာတွင် ကယ်လ်စီယမ်ကို ၁၅၀ ပီပီအမ်မ် သို့မဟုတ် မှန်လုံအိမ် ကျောက်သားလွှာတွင် ၄၀၀ ပီပီအမ်မ် ထိန်းသိမ်းထားခြင်း
- အပင်ကြံ့ခိုင်မှုနှင့် အသီးအရွက်အချိုးကို ထိန်းချုပ်ထားခြင်း
- ပင်ငွေ့ပျံခြင်းကို လျှော့ချရန်နှင့် အသီးထက် အရွက်ထံသို့ ကယ်လ်စီယမ် ဦးစားပေး ပို့ဆောင်ရန် နေ့ဖက်စိုထိုင်းဆကို မြှင့်တင်ခြင်း
- အသီးများတွင် ကယ်လ်စီယမ်စုပ်ယူခြင်းနှင့် ပြန်လည်ဖြန့်ဝေခြင်းတိုးစေရန် ညဖက်အမြစ်ဇုံ အပူချိန်များကို ၁၈ - ၂၀ ဒီဂရီစင်တီဂရိတ် ထိန်းသိမ်းထားခြင်း
- အသီးငယ်များပေါ်သို့ ကယ်လ်စီယမ်တိုက်ရိုက်ပက်ဖျန်းခြင်း
- အမိုနီယမ်အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ရှားခြင်း - စုစုပေါင်းနိုက်ထရိုဂျင်တွင် အမိုနီယမ် ကို ၁၀% အောက်ထိန်းထားခြင်း
- ပိုတက်စီယမ်/ကယ်လ်စီယမ်ကို အချိုးညီအောင်သုံးခြင်း - ပိုတက်ဆီယမ် အလွန် အကျွံ သုံးခြင်း (၁၅၀ ပီပီအမ်မ် အထက်) သည် ကယ်လ်စီယမ် စုပ်ယူခြင်းကို တားဆီးသည်။
- မဂ္ဂနီစီယမ် အလွန်အကျွံသုံးခြင်း (၁၅၀ ပီပီအမ်မ် အထက်) ကို ရှောင်ရှားခြင်း
- အောက်ခံလွှာတွင် ကောင်းမွန်သော လေအချိုးကို ထိန်းသိမ်းထားခြင်း
ခရမ်းချဉ်အတွက် ယာရာ (Yara) မြေသြဇာများကို အတည်ပြုထောက်ခံပါသည်။