သီးနှံကာကွယ်ရေး
အပင်မျိုးစပ်သူများသည် ဗာတီဆီလီယမ်ပင်ညှိုးရောဂါ (Verticillium wilt) ဆက်တိုးရီးယားရောဂါ (Septoria) ၊
ဖျူစေရီယမ်ရောဂါ (Fusarium) အော်လ်တာနေးရီးယားရောဂါ (Alternaria)၊ စတမ်ဖိုင်လီယမ်ရောဂါ (Stemphylium)၊ ဆေးရွက်ကြီးအရောင်မညီကွက်ကြားရောဂါ (tobacco mosaic virus) နှင့် နီမတုတ်ရောဂါများ (nematodes) တို့ကဲ့သို့သော မြောက်များစွာသော ရောဂါများကို ခံနိုင်ရည်ရှိသော သို့မဟုတ် တစ်ပိုင်းတစ်စ ခံနိုင်ရည်ရှိသော မျိုးစိတ်များကို ပိုမို ထုတ်လုပ်လာကြပါသည်။
ခရမ်းချဉ်စိုက်ပျိုးသူများသည် သင့်တော်သည့် မှိုသတ်ဆေး အစီအစဉ်များကို အသုံးပြုခြင်းဖြင့် ရွက်ခြောက်ရောဂါကဲ့သို့သော ရောဂါကျရောက်မှုကို လျှော့ချနိုင်ကြသည်။ အရွက်များကို ခြောက်သွေ့စေကာ နှင်းစက်များ ကင်းဝေးစေလျက် သို့မဟုတ် ဖန်လုံအိမ်တွင် ကောင်းမွန်သော လေစီးဆင်းမှု ဖြစ်စေသည့် ဘက်စုံ သီးနှံ စီမံခန့်ခွဲမှုနည်းလမ်းများသည် ဘိုထရိုက်တစ်စ် (Botrytis) နှင့် ရွက်ခြောက်ရောဂါ (Blight) တို့ကဲ့သို့သော ရောဂါအဆမတန် ဆိုးဝါးစွာ ကျရောက်ခြင်းကို လျော့နည်းစေသည်။
မြေကြီးကိုပိုးသန့်ခြင်း၊ မျိုးစေ့များအား ရေပူဖြင့် စိမ်ခြင်း၊ သင့်တော်သည့် ဘက်တီးရီးယား ပိုးသတ်ဆေးကို အသုံးပြုခြင်းသည် ဘက်တီးရီးယားကင်ကာ ရောဂါနှင့် ဘက်တီးရီးယား ရွက်စက်ပြောက် ရောဂါတို့ကို လျော့နည်းစေသည်။
ယင်ဖြူ၊ လှေးပိုး၊ မွှားပင့်ကူနီတို့ကဲ့သို့သော အင်းဆက်ဖျက်ပိုးများသည် ပိုသတ်ဆေးများကို ပိုမို ခံနိုင်ရည်ရှိလာခြင်းကြောင့် ယင်းပိုးမွှားများကို နှိမ်နင်းရန် ပိုမိုခက်ခဲလာသည်။ မှန်လုံအိမ်၏ အလုံပိတ်ထားသော ပတ်ဝန်းကျင်အတွင်းတွင် သားရဲကောင်များနှင့် ဇီဝပိုးသတ်ဆေးများသည် ပိုမို အသုံးဝင်လာသော အရာများ ဖြစ်ကြသည်။
မြေကြီးတွင်စိုက်ပျိုးသော သီးနှံများတွင် အစိုဓာတ်နှင့်အာဟာရဓာတ်အတွက် ယှဉ်ပြိုင်မှုကို လျော့ကျစေရန် ပေါင်းနှိမ်နင်းခြင်းသည် မရှိမဖြစ် အရေးကြီးပါသည်။
![]() |
![]() |