fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးအရောင်ပြောင်းခြင်းကိုလျှော့ချခြင်း အာလူးအတွင်းဘက် အညိုရောင် ပြောင်းခြင်း

အာလူးအရောင်ပြောင်းခြင်း သို့မဟုတ် အတွင်းဘက်မဲခြင်း သို့မဟုတ် ညိုခြင်းသည် ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှု ကို သိသာထင်ရှားစွာ ဖြစ်ပွားစေပါသည်။

၎င်းသည် ဖီနိုလစ်ပစ္စည်းများ(အဓိက တိုင်ရိုစင်းနှင့် မီလနင်) ဓာတ်ပြုခြင်းဖြစ်စဉ်ကြောင့် ဖြစ်ပွားပါသည်။ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ဘိုရွန်တို့သည် အရောင်ပြောင်းခြင်းနှင့် အနက်ရောင်ဖြစ်ခြင်းတို့အပေါ် သက်ရောက်မှုများရှိပါသည်။

 

သီးနှံ အာဟာရ နှင့် အာလူးအရောင်ပြောင်းခြင်း

 

ပိုတက်စီယမ်

 

ပိုတက်စီယမ်နှင့် အာလူးအရောင်ပြောင်းခြင်း

 

ပိုတက်စီယမ်သည် အင်ဇိုင်းကြောင့် အနက်ရောင်ပြောင်းခြင်းနှင့် ချက်ပြုတ်ပြီး အနက်ရောင်ပြောင်းခြင်းအပေါ် သက်ရောက်ပြီး ပိုတက်စီယမ်ပါဝင်မှု နည်းခြင်းသည် ချက်ပြုတ်ပြီး အနက်ရောင်ပြောင်းသွားခြင်းကို တိုးပွားစေပါသည်။

ပိုတက်စီယမ်သည် အော်ဂဲနစ်အမအိုင်ယွန်များ (ဆစ်ထရစ်အက်ဆစ်နှင့် အက်စကောဘစ် အက်ဆစ်)( အာလူးဥထဲရှိ ဗီတာမင်စီ)ပါဝင်မှုကို လွှမ်းမိုးပါသည်။ ထိုမော်လီကျူးနှစ်ခုတွင် ဓာတ်ပြုခြင်းကိုဆန့်ကျင်သော လုပ်ဆောင်ချက်များရှိပြီး အင်ဇိုင်းကြောင့် အနက်ရောင် ပြောင်းခြင်းနှင့် အင်ဇိုင်းကြောင့်မဟုတ်ဘဲ အရောင်ပြောင်းခြင်းတို့ကို ဓာတ်ပြုခြင်းဖြစ်စဉ်ကို နှေးကွေးစေခြင်းဖြင့် လျော့နည်းစေပါတယ်။

အမေရိကန်မှ စမ်းသပ်မှုသည် ကွဲပြားသောအာလူးမျိုးနှစ်ခုတွင် အင်ဇိုင်းကြောင့် အရောင် ပြောင်းမှုအပေါ် ပိုတက်စီယမ်၏ လွှမ်းမိုးမှုကို ပြသပါသည်

 

မဂ္ဂနီစီယမ်

 

မဂ္ဂနီစီယမ်နှင့် အာလူးအရောင်ပြောင်းခြင်း

 

မဂ္ဂနီစီယမ်ပါဝင်မှုနည်းပါးခြင်းသည် အမ်ဇိုင်းကြောင့် အရောင်ပြောင်းခြင်း၏ ခံနိုင်ရည်မဲ့ခြင်းကို တိုးပွားစေပါသည်။

 

အမေရိကန်မှ စမ်းသပ်မှုများသည် အမ်ဇိုင်းကြောင့် အရောင်ပြောင်းခြင်းအပေါ် မဂ္ဂနီစီယမ်၏ လွှမ်းမိုးမှုကိုပြသပါသည်။

 

ဘိုရွန်

 

ဘိုရွန်နှင့် အာလူးအရောင်ပြောင်းခြင်း

 

ဘိုရွန်သည် အမ်ဇိုင်းကြောင့် အရောင်ပြောင်းခြင်းကို ဖြစ်စေသော ဖီနော၏ဓာတ်ပြုခြင်းကို လျော့နည်းစေပါသည်။ ထို့ကြောင့် ဘိုရွန်ကို ကောင်းစွာထည့်ပေးခြင်းသည် အာလူးတွင်အင်ဇိုင်းကြောင့် အရောင်ပြောင်းခြင်းကို လျော့နည်းစေပါသည်။

ဟော်လန်နိုင်ငံမှ စမ်းသပ်မှုသည် မတူညီသောနှစ် နှစ်ခုတွင်အင်ဇိုင်းကြောင့် အရောင်ပြောင်းခြင်းအပေါ် ဘိုရွန်၏ လွှမ်းမိုးမှုကိုပြသပါသည်။

 

 

အာလူးအရောင်ပြောင်းခြင်းအပေါ်လွှမ်းမိုးသော သီးနှံစီမံခန့်ခွဲမှုအလေ့အထများ

 

• ထုတ်လုပ်မှုလိုအပ်ချက်နှင့် ကိုက်ညီသော မှန်ကန်သည့်မျိုးကို ရွေးချယ်ခြင်း

• ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုနှင့် ပွန်းပဲ့ခြင်းတို့ကိုလျော့နည်းစေရန် အာလူးသိမ်းချိန်နှင့် အဆင့်ခွဲချိန် တို့တွင် ဂရုပြုဆောင်ရွက်ခြင်း

• ထိန်းနိုင်မှုစွမ်းအားများရှိခြင်း

• သာမန်အနာကွက်ကဲ့သို့ရောဂါများကို လျှော့ချရန် သို့မဟုတ် ကာကွယ်ရန် ရေသွင်းခြင်း

• ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုနှင့် ရောဂါကျရောက်မှုကို ကာကွယ်ရန် ကောင်းသောအခြေအနေတွင် ရိတ်သိမ်းခြင်း

• သိုလှောင်ရာတွင် အပူချိန်နှင့် စိုထိုင်းဆကို ထိန်းသိမ်းခြင်း

 

အာလူးအတွက် ထောက်ခံအကြံပြုထားသော ယာရာမြေသြဇာ

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅