fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးအတွက် အကြံပြုချက်

သင်သည် အာလူး၏ အရည်အသွေးနှင့် အထွက်နှုန်းကို မျှော်လင့်သည်ဖြစ်စေ ပိုပြီး ယေဘုယျကျသော စိုက်ပျိုးနည်းအကြံဉာဏ်များနှင့် သီးနှံအာဟာရဆိုင်ရာအချက်အလက် များကို သိလိုလျှင်ဖြစ်စေ ယာရာ၏ စိုက်ပျိုးရေးပညာရှင်ထံမှ နောက်ဆုံးပေါ်အကြံဉာဏ်များကို ရယူနိုင်ပါသည်။

အာလူးအရွယ်အစားကို မည်သို့ကြီးထွားအောင်လုပ်မည်နည်း


အာလူးဈေးကွက်အတွက်ဖြစ်စေ၊ မျိုးအတွက်ဖြစ်စေ၊အာလူးထွက်ကုန်ပစ္စည်းထုတ်လုပ်ရန် အတွက်ဖြစ်စေ မည်သည့်ဈေးကွက်အတွက်မဆို အာလူးအရွယ်အစားနှင့် တပြေးညီဖြစ်မှုသည် အရေးကြီးပါသည်။ ရွက်ပြန့်ကို ကြာရှည်အောင် ထားနိုင်ပါက ပျမ်းမျှအာလူးအရွယ်အစားကို ကြီးထွားစေပါသည်။


မှန်ကန်မျှတသော အာဟာရသည် အာလူးအရွယ်အစားကြီးရန်အတွက် အရေးကြီးပါသည်။ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် မဂ္ဂနစ် အာဟာရများသည် အာလူးအရွယ်အစားပေါ်တွင် အကျိုးသက်ရောက်စေပါသည်။

 

နိုက်ထရိုဂျင်သည် ရွက်ပြန့်နှင့် အာလူးကြီးထွားမှုကို အကျိုးသက်ရောက်စေပါသည်။


နိုက်ထရိုဂျင်သည် အရှိန်အဟုန်ဖြင့် ကြီးထွားခြင်းနှင့် အထွက်နှုန်းကောင်းမွန်ရန်အတွက် အရေးကြီးပါသည်။ အရွက်တွင် သင့်တော်သော အစာချက်လုပ်ခြင်းကို သေချာစေသောအခါ အရွက်ထွက်ပေါ်ခြင်း၊ အာလူးကြီးထွားခြင်းနှင့် အရွယ်အစားတို့အတွက် နိုက်ထရိုဂျင်သည် အလွန် အရေးကြီးပါသည်။ နောက်ပိုင်းကာလတွင်အပင်မှ စားသုံးသော နိုက်ထရိုဂျင်သည် ရွက်ပြန့်၏ အစိမ်းရောင်ဖြစ်မှူနှင့် အထွက်နှုန်းမြင့်တက်ရန်ကူညီသော်လည်း အစောပိုင်းကာလတွင် အပင်မှစားသုံးသော နိုက်ထရိုဂျင်သည် ရွက်ပြန့်၏ အလုံးစုံအရွယ်အစားတည်ဆောက်ရာတွင် ကူညီပေးပါသည်။


သို့သော်လည်း အစောပိုင်းကာလတွင် နိုက်ထရိုဂျင်မြောက်မြားစွာ သုံးခြင်းသည် ပင်ပိုင်းကြီးထွားမှုကို အလွန်အကျွံ ဖြစ်စေပြီး နောက်ပိုင်းကာလတွင် နိုက်ထရိုဂျင်အလွန်အကျွံသုံးခြင်းသည် အာလူးအရွယ်အစားလွန်ဖြစ်စေပြီး ရောဂါကျရောက်နိုင်ရန် အန္တရာယ်များသောကြောင့် မျှတစွာသုံးစွဲရန် လိုအပ်ပါသည်။ သို့သော်လည်း ပူပြီး ခြောက်သွေ့သော ရာသီဥတုတွင် မျှော်မှန်းထားသော အထွက်နှုန်းအလားအလာနှင့် အာလူးအရွယ်အစားမရရှိပါက ထပ်ထည့်သော နိုက်ထရိုဂျင်သည် ရွက်ပြန့်ကြီးထွားမှုကို ထိန်းထားပြီး ကြီးမားသောအရွယ်ကို ကြာရှည်စေပါသည်။

 Nitrogen Effect on Tuber size

ထို့ကြောင့် နိုက်ထရိုဂျင်ကို နှုန်းထားမှန်မှန်၊ အချိန်မှန်မှန် ထည့်သွင်းခြင်းသည် အာလူးအထွက်နှုန်း၊ အရွယ်အစား၊ မျှော်မှန်းထားသော အရည်အသွေးလက္ခဏာများကို ရရှိရန် အရေးကြီးပါသည်။


အင်္ဂလန်နိုင်ငံမှ စမ်းသပ်မှုများက နိုက်ထရိုဂျင်နှုန်းထားများပါက အာလူးအရွယ်အစားနှင့် အလုံးစုံ အထွက်နှုန်း တိုးလာကြောင်း ပြသပါသည်။


နိုက်ထရိုဂျင်ပုံစံသည်လည်း အရေးကြီးပါသည်။ အမိုနီယမ်နှင့် နိုက်ထရိတ်ကို မျှတစွာ အသုံးပြုခြင်းသည် အပင်စိုက်ပျိုးချိန်တွင် အကောင်းဆုံးဖြစ်ပါသည်။ သို့သော်လည်း အမြစ်ဇုန်ရှိ pH ကို လျော့နည်းစေပြီး ရိုင်ဇိုတိုနီးယား(မြစ်ခြောက်ဆွေး)ရောဂါကို ဖြစ်စေသောကြောင့် အမိုနီယမ်နိုက်ထရိုဂျင် များလွန်းခြင်းသည် ဆိုးကျိုးကို ဖြစ်စေပါသည်။ အာလူးစတင်ချိန်မှ အာလူးဥကြီးထွားချိန်ထိ နိုက်ထရိုက် နိုက်ထရိုဂျင်သည် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ပေးပြီး ၎င်းသည် အပင်နှစ်သက်သော အရင်းအမြစ်ဖြစ်ပါသည်။

အာလူးဥစတင်ထွက်ပြီးမှဖော့စဖိတ်ထည့်ခြင်းသည် အာလူးအရွယ်အစားကို ကြီးထွားစေပါသည်။


ရွက်ဖျန်းဖော့စဖိတ်ကို အာလူးဥစတင်ထွက်ပြီးမှ ထည့်ခြင်းသည်အာလူးအရွယ်အစားကို ကြီးစေပြီး အာလူးအထွက်နှုန်းကို တိုးစေပါသည်။ သို့သော်လည်း ရွက်ဖျန်းဖော့စဖိတ်သည် မြေကြီးထဲတွင် ထည့်သော ဖော့စဖိတ်အတွက် အစားထိုးမဟုတ်ပါ။ အစောပိုင်းရာသီတွင် မြေကြီးတွင် ဖော့စဖိတ် လုံလောက်စွာမရှိပါက ကြီးထွားမှုသည် သင့်တော်သောအတိုင်းအတာထက် လျော့နည်းပါသည်။

Foliar Phosphorus Effect on Yield

 

အင်္ဂလန်နိုင်ငံတွင် ပြုလုပ်ခဲ့သော ထိုစမ်းသပ်မှုများက အာလူးဥစတင်ထွက်ပြီးနောက် ရွက်ဖျန်းဖော့စဖိတ် သုံခြင်းဖြင့် တသမတ်တည်းရှိသော အထွက်နှုန်းတိုးမှုကို ရရှိပြီး အာလူးအရွယ်အစားနှင့် အလုံးစုံအထွက်နှုန်းကို တိုးစေကြောင်း ပြသခဲ့ပါသည်။


ပိုတက်စီယမ်သည် အထွက်နှုန်းတိုးစေရန် အရေးပါပါသည်။


အာလူးပင်သည် စိုက်ပျိုးရာသီတစ်လျှောက်လုံး ပိုတက်စီယမ်ပမာဏ မြောက်မြားစွာကို စုပ်ယူပြီး အထွက်နှုန်းတိုးရန်အတွက် အရေးပါပါသည်။

Potassium and Yield

မီးတောင်မြေကြွယ်ဝသောနေရာတွင် ၃ နှစ်တာအတွင်းပြုလုပ်ခဲ့သော စမ်းသပ်မှု ၅ ခုအရ တစ်ဟက်တာတွင် K2O ၁၂၀ ကီလိုဂရမ်သည် ပျမ်းမျှအထွက်နှုန်းကို တစ်ဟက်တာလျှင် ၁၀ တန်ထိ တိုးစေပါသည်။

ကယ်လ်စီယမ်သည် အာလူးကြီးထွားခြင်းအတွက် အကျိုးရှိစေပါသည်။


ကယ်လ်စီယမ်သည် ဆဲလ်နံရံများအတွက် အဓိက အစိတ်အပိုင်းဖြစ်ပြီး ခိုင်မာသော ဖွဲ့စည်းတည်ဆောက်ခြင်းအတွက် ကူညီပေးပြီး ဆဲလ်၏ တည်မြဲမှုကို သေချာစေပါသည်။ ၎င်းသည် ဆဲလ်ခွဲထွက်ခြင်းနှင့် ချဲ့ထွင်ခြင်းတို့တွင် အဓိကကျပြီး အာလူး၏ ကြီးထွားမှုကာလ မတိုင်မီ၊ ကြီးထွားဆဲကာလတို့တွင် ကြီးထွားမှုမြန်အောင် ပြုလုပ်ရာတွင် အရေးပါပါသည်။

Calcium and Crop Stress

မဂ္ဂနီစီယမ်ချို့တဲ့မှုသည် အာလူးအရွယ်အစားကို သေးစေပါသည်။

မဂ္ဂနီဆီယမ်သည် အာလူးဥကြီးထွားစဉ်အတွင်း လိုအပ်ပါသည်။ ထည့်သွင်းမှုတွင် အကန့်အသတ်ရှိပါက အာလူးအရွယ်အစားနှင့် အထွက်နှုန်းတို့ လျော့နည်းသွားပါသည်။ မြေကြီးတွင် မဂ္ဂနီစီယမ်ချို့တဲ့မှု ပြင်းထန်ပါက အထွက်နှုန်းကို ၁၅ ရာခိုင်နှုန်းအထက် လျော့ကျစေပါသည်။ ထိုအခြေအနေများတွင် မဂ္ဂနီစီယမ်ကို နှစ်စဉ်ထည့်သွင်းပေးခြင်းသည် အထွက်နှုန်းကို ၁ - ၁၀ ရာခိုင်နှုန်း ထိ တိုးတက်ရရှိစေကြောင်း စမ်းသပ်မှုများတွင် တွေ့ရပါသည်။

Magnesium and Yield

 

မဂ္ဂနီစီယမ်စုပ်ယူမှုသည် အခြားအဖိုအိုင်ယွန်း အထူးသဖြင့် ပိုတက်စီယမ်နှင့် မျှတမှုအပေါ် မူတည်ပါသည်။ မြေကြီးတွင် ပိုတက်စီယမ်ပါဝင်မှု မြင့်မားပါက မဂ္ဂနီစီယမ်ချို့တဲ့မှုကို ဖြစ်စေပါသည်။ ထို့အတူ မြေကြီးထဲတွင် လုံလောက်သော မဂ္ဂနီစီယမ်ရှိနေနိုင်သော်လည်း ခြောက်သွေ့သော အခြေအနေတွင် စုပ်ယူမှုကို ကန့်သတ်မှုရှိပါသည်။ ထိုအခြေ အနေ နှစ်မျိုးလုံးတွင် မဂ္ဂနီစီယမ်ကို ရွက်ဖျန်းအနေဖြင့် သုံးစွဲပါက အလွန်ထိရောက်ပါသည်။

အာလူးဥအရွယ်အစားကြီးလာစေရန်အတွက် အခြားစီမံခန့်ခွဲမှု အလေ့အထများ

• နေ့တာအချိန် ကန့်သတ်မှုရှိသောနေရာများတွင် စိုက်ပျိုးကာလကို ချဲ့ထွင်ရန်အတွက် တတ်နိုင်သမျှ စောပြီး စိုက်ပျိုးခြင်း
• မြန်ဆန်စွာ အညှောင့်ပေါက်နိုင်သော ဇီဝကမ္မအရ ရင့်သော အာလူးများကို စိုက်ပျိုးခြင်း
• အာလူးအညှောင့်ပေါက်မှုမြန်ဆန်ရန်အတွက် သင့်တော်သော မြေကြီးအပူချိန်တွင် စိုက်ပျိုးခြင်း
• ရွက်ပြန့်၏သက်တမ်းတိုးစေရန်နှင့် အာလူးကြီးထွားမှုကို ကန့်သတ်မှုမရှိစေရန် ရေသွင်းခြင်း၊ သီးနှံအဟာရနှင့် သီးနှံကာကွယ်ရေး နည်းလမ်းများကို အသုံးပြုခြင်း
• ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီရန်အတွက် မှန်ကန်သောအချိန်တွင် အခြောက်ခံခြင်း

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅