fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးဥအရေအတွက်ကို လွှမ်းမိုးခြင်း

အာလူးပင်တပင်စီမှ ထုတ်လုပ်သော အာလူးအရေအတွက်ကို လယ်ယာသီးနှံပညာနှင့် မျိုးကွဲအလားအလာတို့က လွှမ်းမိုးပါသည်။

တဟက်တာတွင်ရှိသည့် မြောက်မြားစွာသော အာလူးအရေအတွက်သည် အဓိကအားဖြင့် အာလူးသေးများဖြစ်ပြီး စည်သွပ်ရန်၊ အသုပ်လုပ်ရန်နှင့် မျိုးအဖြစ်အသုံးပြုရန်သင့်တော်ပါသည်။ အတော်အသင့်နည်းသော အာလူး အရေ အတွက်သည် တစ်ယူနစ်ဧရိယာအထွက်နှုန်းကို ယှဉ်ပြိုင်မှုနည်းပြီး သီးနှံ၏စွမ်းအင်နှင့် အစို ဈေးကွက်နှင့် အာလူးထွက်ကုန်ဈေးကွက်အတွက် အာလူးကြီးထုတ်လုပ်ပေးသည့် အရင်းအမြစ် တို့ကို ပေးပါသည်။

သီးနှံအာဟာရနှင့် အာလူးအရေအတွက်

မှန်ကန်မျှတသော အာဟာရသည် အာလူးအရေအတွက်အတွက် အဓိကကျပါသည်။ ဖော့စဖိတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်တို့တွင် အာလူးအရေအတွက် အကျိုးကျေးဇူးများရှိပါသည်။

ဖော့စဖိတ်

ဖော့စဖရပ်နှင့် အထွက်နှုန်း

 

အာလူးဥစတင်ဖြစ်ထွန်းချိန်တွင် ဖော့စဖိတ်ရရှိမှုသည် အာလူးတွဲများ မြောက်မြားစွာရရှိရန် အရေးကြီးပါသည်။ အထူးသဖြင့် အာလူးအရေအတွက်များရန်လိုအပ်သော သီးနှံမျိုးတွင် သို့မဟုတ် ဈေးကွက်လိုအပ်ချက်သည် အာလူးသေးမြောက်မြားစွာ လိုအပ်ပါသည် (ဥပမာ မျိုးထုတ်လုပ်ခြင်း)

ဝေးလ်နိုင်ငံမှ လေ့လာတွေ့ရှိချက်အရ ဖော့စပရပ်သည် အာလူးအရေအတွက်နှင့် အလုံးစုံအထွက်နှုန်း တိုးလာစေရန် ဆောက်ရွက်ပေးပါသည်။

ရွက်ဖျန်းဖော့စဖရပ်

အာလူးအဖြူရောင်သည် လက်ဆတ်သောဖော့စဖိတ်ကို တုံ့ပြန်မှုအလွန်ကောင်းသော်လည်း စီးပွားရေးရှုဒေါင့်မှ အကောင်းဆုံးနှုန်းကို သတ်မှတ်ရန် ခက်ခဲပါသည်။ နှုန်းထားသည် မြေကြီး အမျိုးအစားနှင့် မြေဆီလွှာစမ်းသပ်မှုအဖြေများအပေါ် မူတည်ပါသည်။ ကြီးထွားရန်အတွက် လုံလောက်သည့် ဖော့စဖိတ်များ မြေကြီးတွင်မရှိပါက ရွက်ဖျန်းဖော့စဖိတ်သည် မြန်ဆန်သော ရရှိမှုကို ဖြစ်စေပါသည်။

စကော့တလန်မှ လေ့လာမှုအရ ရွက်ဖျန်းဖော့စဖိတ်သည် အာလူးအရေအတွက်ကို များလာစေကြောင်း တွေ့ရှိရပါသည်။

အာလူးစတင်ဖြစ်ထွန်းချိန်မတိုင်မီ ရွက်ဖျန်းဖော့စဖိတ်ကို ထည့်သွင်းခြင်းသည် အာလူးအရေ အတွက်ကို များပြားစေပါသည်။

ဖော့စဖရပ် စုပ်ယူမှု

ဖော့စဖရပ်သည် မြေထဲတွင်မရွေ့လျားနိုင်သောကြောင့်ဖော့စဖရပ်မြေသြဇာကို အာလူးဥနှင့် နီးကပ်စွာထည့်ပေးရန် လိုအပ်ပါသည်။ မြေသြဇာကို မြေကြီးထဲပုံထည့်ပေးခြင်း (အထူးသဖြင့် မရွေ့လျားနိုင်သောဖော့စဖရပ်များ မြောက်များစွာရှိသောမြေများ) ကြဲပက်ခြင်းထက် ကောင်းမွန် ပါသည်။

မြေကြီး pH ၏ဖော့စဖရပ်ရရှိနိုင်မှုပေါ်တွင် သက်ရောက်မှု

ယခုပုံသည် pH မြင့်မားသောနေရာတွင် ကယ်လ်စီယမ်ကြောင့် အနည်ကျခြင်း သို့မဟုတ် pH နည်းသောနေရာတွင် သံဓာတ်နှင့် အလူမီနီယမ် ပေါင်းစပ်ခြင်းဖြင့်တို့ကြောင့် ဖော့စဖရပ် ရရှိနိုင်မှုအပေါ်တွင် မြေကြီး pH ၏ သက်ရောက်မှုကို ပြသပါသည်။

ပိုတက်စီယမ်

ပိုတက်စီယမ်သည် အာလူးတွဲရှိ အာလူးအရေအတွက်ပေါ်လွှမ်းမိုးလျှက်ရှိပြီး ပိုတက်စီယမ်၏ ပုံစံသည်လည်း အရေးကြီးပါသည်။

ပိုတက်စီယမ်ပုံစံနှင့် အာလူးအရေအတွက်

အင်္ဂလန်နိုင်ငံမှ လေ့လာမှုသည် အာလူးအရေအတွက် တိုးများလာမှုတွင် ပိုတက်စီယမ်ပုံစံ၏ သက်ရောက်မှုကို ပြသပါသည်။

ပိုတက်စီယမ်နှင့် အထွက်နှုန်း

အိန္ဒိယနိုင်ငံမှ စမ်းသပ်မှုများအရအထွက်နှုန်းသည် ပိုတက်စီယမ်ကြောင့် တိုးပွားပြီး ပိုတက်စီယမ် ကလိုရိုက်များထက် ပိုတက်စီယမ်ဆာလ်ဖိတ်သည် ပိုပြီးအကျိုးပြုကြောင်း ပြသပါသည်။

အာလူးအရွယ်အစားကို လွှမ်းမိုးသော အခြားစီမံခန့်ခွဲမှုအလေ့အထများ

မှန်ကန်သောမျိုးကို ရွေးချယ်ခြင်း

  • အာလူးဥစတင်မှူကို စောင့်ကြည့်ပြီး ကြီးထွားမှုကို လျှော့ချခြင်း (ဥပမာ ခြောက်သွေ့မှု၊ သိပ်သည်းမှု)
  • ကောင်းသော စိုက်ပျိုးမှုဝန်းကျင်အဖြစ်ထိန်းထားရန်အတွက် ရေသွင်းခြင်း
  • အာလူးတစ်လုံးတွင် နှစ်သက်သော မျက်စိအရေအတွက်ရှိစေရန် ဇီဝကမ္မအရ အသက်ကြီသောမျိုး
  • တစ်စတုရန်းမီတာတွင် သင့်တော်သော ပင်စည်အရေအတွက်ရှိစေရန် မျိုးစေ့ပင်ကြားတန်းကြား
  • သီးနှံ အကန့်အသတ်မဲ့ ကြီးထွားနိုင်ရန် သီးနှံကာကွယ်ရေးဆိုင်ရာ သွင်းအားစု (ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး)

အာလူးအတွက် ထောက်ခံအကြံပြုထားသော ယာရာမြေသြဇာ

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅