fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူး၏အရည်အသွေးကို လွှမ်းမိုးခြင်း

အာလူး၏ အရည်အသွေးကို အဆုံအဖြတ်ပေးသော အဓိကစံချိန်စံညွှန်း ၃မျိုးရှိပါသည်။

အာလူးအရည်အသွေးတွေက အခွံချောမွေ့မှုနှင့် သိုလှောင်ရန်နှင့် ချက်ပြုတ်ရန် အရည်အသွေးတို့ ဖြစ်ပါသည်။ မျှတသော အာဟာရအစီအစဉ်တစ်ခုသည် ထိုစံချိန်စံညွှန်းများကို စီမံခန့်ခွဲရန် အရေးကြီးပါသည်။


အာလူးအရည်အသွေး


အခြောက်ပစ္စည်းပါဝင်မှုတွင်ဖြစ်စေ ကစီဓာတ်ပါဝင်မှုတွင်ဖြစ်စေ အတွင်းပိုင်း ပုံစံမမှန်မှုတွင် ဖြစ်စေနှင့် ချက်ပြုတ်ရာနှင့် သိုလှောင်ရာစွမ်းရည်တို့တွင်ဖြစ်စေ အာလူးအရည်အသွေးသည် စားသုံးသူများအတွက် အရေးကြီးပါသည်။


နိုက်ထရိုဂျင်သည် အရွက်နှင့် အာလူးဥဖွံ့ဖြိုးမှုအတွက် အားပေးပြီး ကစီဓာတ်ထုတ်လုပ်မှုကို တိုးမြှင့်ပေးပါသည်။ ဖော့စဖရပ်သည် အရွက်နှင့်အာလူးဥဖွံ့ဖြိုးမှုကို ထိန်းသိမ်းထားပြီး ကစီဓာတ်အရည်အသွေးနှင့် ပါဝင်မှုကိုလည်း လွှမ်းမိုးပါသည်။ ပိုတက်စီယမ်သည် ရေစုပ်ယူမှုနှင့် အခြောက်ပါဝင်မှုကို ပိုမိုကောင်းမွန်စေပြီး ပွန်းပဲ့ခြင်းကို လျော့နည်းအောင် ကူညီပေးပါသည်။ ကယ်လ်စီယမ်သည် အတွင်းဘက် သံချေးကွက်နှင့် အမဲစက်ရောဂါများကို လျော့နည်းစေပြီး မဂ္ဂနစ် သည် အစာချက်လုပ်နိုင်သည်စွမ်းရည်ကို အားဖြည့်ပေးပြီး ကောင်းစွာကြီးထွားစေပါသည်။ ဘိုရွန်သည် အတွင်းပိုင်းသံချေးကွက်ရောဂါနှင့် အင်ဇိုင်းကြောင့် အမဲရောင်ပြောင်းသွားခြင်းများကို လျော့နည်းစေပါတယ်။


အခွံချောမွေ့ခြင်း


စားသုံးသူများသည် သန့်ရှင်းပြီး ဆွဲဆောင်မှုရှိသော (အထူးသဖြင့် ထုပ်ပိုးမှုမလုပ်မီ သို့မဟုတ်အလုံးလိုက်ဝယ်ယူရာတွင်)အာလူးများကို ဝယ်လိုအား မြင့်တက် လာခြင်း ကြောင့် အာလူးအခွံကောင်းမွန်မှုသည် ပိုမိုအရေးကြီးလာပါသည်။ အနက်ရောင်အနာကွက် ငွေရောင် အနာကွက်၊ အမှုန်ကဲ့သို့အနာကွက်နှင့် သာမန်အနာကွက်များကဲ့သို့ မျက်နှာပြင် ပေါ်တွင် ဒဏ်ရာရှိသော အာလူးများသည် လူကြိုက်နည်းပါးကာ သိုလှောင်သက်တမ်းလည်း ကျဆင်းနိုင်ပါသည်။

အာဟာရမှန်ကန် ညီညွတ် မျှတစွာထည့်ပေးခြင်းသည် အရေပြားပုံစံမမှန်ဖြစ်ခြင်းကို လျော့နည်း စေပြီး အခွံကိုကောင်းမွန်စေပါသည်။ ကယ်လ်စီယမ်သည် အာလူးအခွံကို အားဖြည့်ပေးပြီး ရောဂါများကို ကောင်းစွာခံနိုင်ရည်ရှိအောင်ဆောင်ရွက်ပေးပါသည်။ ဘိုရွန်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနစ် တို့သည် သာမန်အနာကွက်ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။

 

သိုလှောင်ခြင်းနှင့် ချက်ပြုတ်ခြင်းအတွက် အရည်အသွေး


သိုလှောင်မှုနှင့်ချက်ပြုမှုအရည်အသွေးကို လျစ်လျူရှုထား၍ မရနိုင်ပါ။ နိုင်ငံအများစုတွင် တစ်နှစ်ပတ်လုံး အဆက်မပြတ် ပံ့ပိုးပေးနိုင်ရန် အာလူးကိုသိုလှောင်ကြသဖြင့် သီးနှံရိတ်သိမ်း လိုက်သော်လည်း ကိစ္စများမပြီးသေးပါ။ ပွန်းပဲ့နိုင်မှု၊ အရောင်ပျက်နိုင်မှုနည်းသည့် အာလူးများသည် ချက်ပြုတ်နိုင်သည့် အရည်အသွေးကို သိသာထင် ရှားစွာ ထိန်းထားပြီး သိုလှောင်နိုင်ပါသည်။


သီးနှံမရိတ်သိမ်းမီ အာဟာရညီမျှစေရန် ပြုလုပ်ပေးခြင်းသည် အာလူး၏ သိုလှောင်မှုနှင့် ချက်ပြုတ်မှု အရည်အသွေကို လွှမ်းမိုးမှုရှိပါသည်။ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ဘိုရွန်တို့သည် အာလူးဥပွန်းပဲ့ခြင်းနှင့် အင်ဇိုင်းကြောင့် အနက်ရောင်ဖြစ်ခြင်းတို့ကို လျော့နည်းစေခြင်းဖြင့် အာလူး၏ သိုလှောင်မှုနှင့် ချက်ပြုတ်မှု အရည်အသွေးတို့အတွက် ကောင်းကျိုးများ ရှိပါတယ်။

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅