fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးအရွယ်အစားကြီးထွားစေခြင်း

အာလူးအရွယ်အစားနှင့် အရွယ်ညီခြင်းသည် အာလူးအစိုအတွက်ဖြစ်စေ၊ မျိုးအတွက်ဖြစ်စေ၊ အာလူးထုတ်ကုန် လုပ်ငန်းအတွက်ဖြစ်စေ မည်သည့်ဈေးကွက်အတွက်မဆို အရေးပါပါသည်။

စိုက်ပျိုးသူများသည် ကျန်းမာသန်စွမ်းသော ရွက်ပြန့်ကိုတာရှည်ရန်ပြုလုပ်ပေးနိုင်ပါက ပျမ်းမျှ အာလူးအရွယ်အစားကို တိုးစေပါသည်။


သီးနှံအာဟာရနှင့် အာလူးအရွယ်အစား


အာဟာရညီမျှမှု မှန်ကန်ခြင်းသည် အာလူးအရွယ်အစား ကြီးထွားရန် အရေးကြီးပါသည်။ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် မဂ္ဂနစ်တို့သည် အာလူးအရွယ်အစားပေါ်တွင် သက်ရောက်မှုရှိကြောင်း ပြသပါသည်။


နိုက်ထရိုဂျင်

 

နိုက်ထရိုဂျင်သည် အရှိန်အဟုန်ဖြင့် ကြီးထွားခြင်းနှင့် မြင့်မားသော အထွက်နှုန်းတို့အတွက် အရေးကြီးပါသည်။ နိုက်ထရိုဂျင်သည် အရွက်ထွက်ပေါ်ချိန်တွင် လွန်စွာလိုအပ်ပြီး အာလူး ကြီးထွားမှုနှင့် အရွယ်အစားတို့အတွက်လည်းလိုအပ်ပါသည်။ အရွက်တွင် ကောင်းမွန်သော အစာချက်လုပ်ခြင်းဖြစ်စေရန်လည်းလိုအပ်ပါသည်။ နိုက်ထရိုဂျင်ကို အပင်ကြီးထွားမှု၏ အစောပိုင်း ကာလများတွင် ထည့်သွင်းခြင်းသည် ရွက်ပြန့်၏ အရွယ်အစားတည်ဆောက်ရာတွင် ကူညီပေးပြီး ကြီးထွားမှု၏ နောက်ပိုင်းအဆင့်များတွင် နိုက်ထရိုဂျင် အသုံးပြုမှုသည် ရွက်ပြန့်တွင် အစိမ်းရောင်ရှိနေစေရန်နှင့် အထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်ပေးပါသည်။


သို့သော်လည်း အစောပိုင်းတွင် နိုက်ထရိုဂျင် အလွန်သုံးစွဲခြင်းသည် ပင်ပိုင်းကြီးထွားမှု အများအပြားကိုဖြစ်စေပြီး ကြီးထွားမှုနောက်ပိုင်းအဆင့်တွင် နိုက်ထရိုဂျင်ကို အလွန် သုံးစွဲခြင်းသည် အရွယ်အစားလွန်အာလူးများကို ဖြစ်စေပြီး အပင်ရောဂါ ကျရောက်မှုအန္တရာယ် ရှိသောကြောင့် နိုက်ထရိုဂျင်လိုအပ်ချက်ကို ထိန်းညှိရန် လိုအပ်ပါသည်။ သို့သော်လည်း ပူပြီး ခြောက်သွေ့သည့် ရာသီဥတုတွင် ပုံမှန်အထွက်နှုန်းနှင့် လိုအပ်သောအာလူးအရွယ်အစားများ မရရှိနိုင်သောအခါ နိုက်ထရိုဂျင်ထပ်ထည့်ခြင်းသည် ရွက်ပြန့်ကြီးထွားမှုကို ထိန်းပေးပြီး စုပုံမှုကို ကြာရှည်စေပါသည်။


အာလူးအရွယ်အစားပေါ်တွင် သက်ရောက်မှု


နိုက်ထရိုဂျင်ကို မှန်ကန်သောနှုန်းထား၊ မှန်ကန်သောအချိန်တွင် ထည့်ပေးခြင်းသည် အာလူးထွက်နှုန်း၊ အရွယ်အစားနှင့် လိုအပ်သောအရည်အသွေး၊ ဂုဏ်သတ္တိ လက္ခဏာ များအတွက် အရေးကြီးပါသည်။


ထို့ကြောင့် အင်္ဂလန်နိုင်ငံမှ စမ်းသပ်မှုပေါင်း မြောက်မြားစွာသည် နိုက်ထရိုဂျင်နှုန်းထား မြင့်မားစွာထည့်ခြင်းသည် အာလူးအရွယ်အစားနှင့် အထွက်နှုန်းတို့ကို တိုးတက် ကောင်းမွန် စေကြောင်း ပြသခဲ့ပါသည်။


နိုက်ထရိုဂျင်ပုံစံသည်လည်း အရေးကြီးပါသည်။ အမိုနီယမ်နှင့် နိုက်ထရိတ်ကို မျှတစွာထည့်ခြင်းသည် စိုက်ပျိုးချိန်တွင် အကောင်းဆုံးဖြစ်ပါသည် သို့သော်လည်း အမိုနီယမ်နိုက်ထရိုဂျင် အလွန်သုံးခြင်းသည် ဆိုးကျိုးကိုဖြစ်စေပါသည်။ ၎င်းသည် အမြစ်ဇုန်၏ pHကိုလျော့ကျစေပြီး ရီဇိုတိုနီယား မှို(မြစ်ခြောက်ဆွေး)ရောဂါကို အားပေးပါသည်။ အာလူးစထွက်ချိန်မှ အာလူးကြီးထွားချိန်တလျောက်တွင် နိုက်ထရိတ်နိုက်ထရိုဂျင်တွင် ထင်ရှားသော အကျိုးကျေးဇူးများရှိပြီး ၎င်းသည် နှစ်သက်သော အရင်းအမြစ်ဖြစ်ပါသည်။


ဖော့စဖိတ်


ရွက်ဖျန်းဖော့စဖရပ်


ရွက်ဖျန်းဖော့စဖိတ်ကို အာလူးဥစတင်ထွက်ပြီးမှ ဖျန်းခြင်းသည် အာလူးအရွယ်အစားကို ကြီးမားစေပြီး အာလူးအထွက်နှုန်းကို တိုးစေပါသည်။ သို့သော်လည်း ရွက်ဖျန်းဖော့ စဖိတ်သည် မြေကြီးတွင်အသုံးပြုသော ဖော့စဖိတ်အတွက် အစားထိုးမဟုတ်ပါ။ မြေကြီးတွင်ထည့်သော ဖော့စဖိတ်လုံလောက်မှုမရှိပါက အစောပိုင်းကြီးထွားမှုသည် အသင့်တော် ဆုံး အနေအထားကို မရရှိနိုင်ပါ။


အင်္ဂလန်နိုင်ငံတွင် လွတ်လပ်စွာပြုလုပ်သော စမ်းသပ်မှုများက အာလူးဥကျမှုစတင်ပြီးမှ ရွက်ဖျန်းဖော့စဖိတ်ကို အသုံးပြုခြင်းသည် တသမတ်အထွက်နှုန်းကိုရရှိစေပြီး အာလူးအရွယ် ကြီးမားကာ အလုံးစုံအထွက်နှုန်းကိုတိုးစေပါသည်။


ပိုတက်စီယမ်


ပိုတက်စီယမ်နှင့်အထွက်နှုန်း


အာလူးပင်သည် ကြီးထွားမှုရာသီတလျောက်လုံး ပိုတက်စီယမ် အမြောက်အမြားကို စုပ်ယူပြီး ၎င်းသည် အထွက်နှုန်းမြင့်မားစေရန် အရေးကြီးပါသည်။
ပိုတက်စီယမ် များပြားသည့် မီးတောင်မြေများတွင် ပြုလုပ်သည့် စမ်းသပ်မှု ၅ ခုတွင် တစ်ဟက်တာတွင် K2O ၁၂၀ ကီလိုဂရမ်ထည့်သွင်းခြင်းဖြင့် ပျမ်းမျှအထွက်နှုန်း တစ်ဟက် တာလျှင် ၁၀ တန်ထိ တိုးမြင့်လာပါသည်။


ကယ်လ်စီယမ်


ကယ်လ်စီယမ်နှင့် သီးနှံအလေးထားမှု


ကယ်လ်စီယမ်သည် ဆဲလ်နံရံများ၏ အဓိက အစိတ်အပိုင်း ဖြစ်ပြီး ခိုင်မာသောပုံစံကို တည်ဆောက်ရန်နှင့် ဆဲလ်များတည်မြဲမှုတို့အတွက် ကူညီပေးပါသည်။ ၎င်းသည် ဆဲလ်များခွဲဝေချိန်နှင့် ဖြန့်ထွက်ချိန်များတွင် အဓိက ကျပါသည်။ ထို့ကြောင့် အာလူး၏ မြန်ဆန်သော ကြီးထွားမှု မတိုင်မီနှင့် ကြီးထွားဆဲအချိန်များတွင် အရေးပါသည်။


မဂ္ဂနီစီယမ်

မဂ္ဂနီစီယမ်နှင့်အထွက်နှုန်း

 

မဂ္ဂနီစီယမ်ကို အာလူးကြီးထွားချိန်တွင် လိုအပ်ပါသည်။ အကယ်၍ ထည့်သွင်းမှုသည် ကန့်သတ်ခံရပါက အာလူးအရွယ်အစားနှင့် အထွက်နှုန်းကို လျော့ကျစေပါသည်။ မြေကြီးတွင် မဂ္ဂနီစီယမ်ချို့တဲ့မှု ပြင်းထန်ပါက အထွက်နှုန်းကို ၁၅ ရာခိုင်နှုန်းထိ လျော့ကျစေပါသည်။ ဤအခြေအနေများတွင် နှစ်စဉ် ပုံမှန်မဂ္ဂနီစီယမ်ကို ထည့်သွင်း ပေးပါက အထွက်နှုန်းကို ၁ - ၁၀ ရာခိုင်နှုန်းထိ တိုးတက်စေကြောင်း စမ်းသပ်မှုများအရ သိရပါသည်။


မဂ္ဂနီစီယမ်စုပ်ယူမှုသည် ပိုတက်စီယမ်ကဲ့သို့ အခြားအဖိုအိုင်ရွန်းများနှင့် မျှတစွာရှိမှု အပေါ် မူတည်နေပါသည်။ မြေကြီးတွင် ပိုတက်စီယမ်ပြင်းအားများပါက မဂ္ဂနီစီယမ်ချို့တဲ့ စေပါသည်။ ထို့အတူ ခြောက်သွေ့သော မြေအခြေအနေတွင် လုံလောက်သော မဂ္ဂနီစီယမ်သည် မြေကြီးတွင်ရှိသော်လည်း စုပ်ယူမှုကို ကန့်သတ်ပါသည်။ ထိုအခြေအနေနှစ်မျိုးလုံးတွင် မဂ္ဂနီစီယမ်ကို ရွက်ဖျန်းအနေဖြင့် သုံးစွဲပါက ပိုမိုထိရောက်ပါသည်။


အာလူး၏ အရွယ်အစားကိုကြီးထွားစေသည့် အခြားစီမံခန့်ခွဲသည့်နည်းလမ်းများ


• နေ့တာအချိန်နာရီကန့်သတ်မှုရှိသော နေရာများတွင် စိုက်ပျိုးရာသီကို ချဲ့ထွင်နိုင်ရန် စိုက်ပျိုးခြင်းကို တတ်နိုင်သမျှ စောပြီးစိုက်ပျိုးခြင်း


• မြန်ဆန်စွာ ပေါက်ရောက်နိုင်ရန် ဇီဝကမ္မအရ သက်တမ်းကြီးသော အာလူးများကို စိုက်ပျိုးခြင်း


• သီးနှံမြန်ဆန်စွာပေါက်ရောက်နိုင်ရန် သင့်တော့်သော မြေကြီးအပူချိန်တွင် စိုက်ပျိုးခြင်း


• ရွက်ပြန့်သက်တမ်းကို ချဲ့ထွင်ရန်နှင့် အာလူးကြီးထွားမှုကို အနှောင့်အယှက်မရှိစေရန် ရေသွင်းခြင်း၊ သီးနှံအာဟာရနှင့် သီးနှံကာကွယ်ရေးနည်းလမ်းများကို အသုံးပြုခြင်း


• ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီရန် မှန်ကန်သောအဆင့်တွင် အခြောက်ခံခြင်း



အာလူးအတွက် ထောက်ခံအကြံပြုထားသော ယာရာမြေသြဇာများ

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅