fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးအခွံချောမွေ့စေခြင်း

စားသုံးသူများသည် သန့်ရှင်းပြီး ဆွဲဆောင်မှုရှိသော (အထူးသဖြင့် ထုပ်ပိုးမှုမလုပ်မီ သို့မဟုတ် အလုံးလိုက်ဝယ်ယူရာတွင်) အာလူးများကို ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် အာလူးအခွံချောမွေ့မှုသည် ပိုမိုအရေးကြီးလာပါသည်။

အနက်ရောင်အလွှာချပ်၊ ငွေရောင် အကြေးဖတ်၊ အမှုန်ကဲ့သို့အကြေးဖတ်နှင့် သာမန်အကြေးဖတ်များကဲ့သို့ မျက်နှာပြင် ပေါ်တွင် ဒဏ်ရာရှိသော အာလူးများသည် လူကြိုက်နည်းပါးကာ သိုလှောင်သက်တမ်းလည်း ကျဆင်းနိုင်ပါသည်။

   
 ငွေရောင်အကြေးဖတ်/ သာမန်အကြေးဖတ်  အနက်ရောင်အလွှာချပ်/ အမှုန့်ကဲ့သို့အလွှာချပ်

 

သီးနှံအာဟာရနှင့် အာလူးအခွံချောမွေ့ခြင်း


အာဟာရမှန်ကန် ညီညွတ်မျှတစွာထည့်ပေးခြင်းသည် အရေပြားပုံစံမမှန်ဖြစ်ခြင်းကို လျော့နည်း စေပြီး အခွံချောမွေ့မှုကိုကောင်းမွန်စေပါသည်။ ကယ်လ်စီယမ်သည် အာလူး အခွံကို အားဖြည့်ပေးပြီး ရောဂါများကို ကောင်းစွာခံနိုင်ရည်ရှိအောင်ဆောင်ရွက်ပေးပါသည်။ ဘိုရွန်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနစ် တို့သည် သာမန်အကြေးဖတ်ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။ ဇင့်သည် အမှုန့်ကဲ့သို့ အကြေးဖတ်များကို လျော့နည်းစေပါသည်။ ဆာလ်ဖာသည် အမှုန့်ကဲ့သို့ အကြေးဖတ်နှင့် သာမန်အကြေးဖတ် နှစ်မျိုးလုံးကို လျော့နည်းစေပါသည်။


ကယ်လ်စီယမ်


ကယ်လ်စီယမ်နှင့် အခွံအမည်းကွက်

ကယ်လ်စီယမ်သည် အာလူးအခွံကို အားကောင်းစေပြီး အနက်ရောင်အလွှာချပ်၊ ငွေရောင်အလွှာချပ်၊ အမှုန့်ကဲ့သို့အကြေးဖတ်နှင့် သာမန်အကြေးဖတ်များအပါအဝင် ရောဂါများကို ပိုမိုခံနိုင်ရှိအောင် ဆောင်ရွက်ပေးပါသည်။ ဗြိတိန်နိုင်ငံမှ လွတ်လပ်သော စမ်းသပ်မှုများက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားသော အခွံမဲခြင်းကို ကယ်လ်စီယမ် နိုက်ထရိတ်ဖြင့် ကုသခြင်းသည် လျော့နည်းသက်သာစေကြောင်း ပြသပါသည်။


ဆာလ်ဖာ


ဆာလ်ဖာနှင့် သာမန်အကြေးဖတ်


ဆာလ်ဖာသည် သာမန်နှင့် အမှုန့်ပုံစံအကြေးဖတ်များကို လျော့နည်းအောင် ဆောင်ရွက်ပေးပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းသည် pH ကျဆင်းနေသောမြေတွင် ဒြပ်စင်ဆာလ်ဖာကို သုံးစွဲခြင်းကြောင့် ဖြစ်ပါသည်။ ဆာလ်ဖာကို အပင်မှ အဆင်သင့် စားသုံးနိုင်သည့်ပုံစံဖြင့်သာ သုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သို့သော်လည်း ရွက်ဖျန်းဆာလ်ဖာသည် ရောဂါကျရောက်မှုကို လျော့နည်းစေပါသည်။


ဘိုရွန်


ကယ်လ်စီယမ်ပါဝင်မှုအဆင့်ဆင့်တွင်ဘိုရွန်၏သက်ရောက်မှု


ဘိုရွန်သည် ဆဲလ်နံရံရှိ တည်မြဲသော ကယ်လ်စီယမ်ကို ကူညီပေးပြီး ကယ်လ်စီယမ်စုတ်ယူမှုကိုလည်း အကျိုးသက်ရောက်စေပါသည်။ ထို့ကြောင့် ထည့်သွင်းမှုများသည် အာဟာရ ညီမျှမှုရှိစေရန် အရေးကြီးပြီး ကယ်လ်စီယမ်ထည့်သွင်းမှု၏ အကျိုးကျေးဇူးကိုလည်း မြှင့်တင်ပေးပါသည်။ ဤစမ်းသပ်မှုမှ ဘိုရွန်သည် အာလူး၏ ကယ်လ်စီယမ်ပါဝင်မှူနှင့် အခွံပုံစံမမှန်ဖြစ်မှုတို့ကို မည်သို့လွှမ်းမိုးနေသည်ကို ပြသပါသည်။


ဇင့်


ဇင့်နှင့် အမှုန့်ကဲ့သို့ အကြေးဖတ်


အမှုန့်ကဲ့သို့ အကြေးဖတ်များကိုကုသရန် ဇင့်ကိုအသုံးပြုကြပါသည်။ ထိုနေရာတွင် ကျရောက်မှုနည်းချိန် ကိုဆိုလိုပါသည်။ သို့သော်လည်း အမှုန့်အကြေးကွက်ရောဂါကို ကာကွယ် ရန် လုံလောက်သောဇင့်ကို မြေထဲထည့်ပေးပြီး ဇင့်သည် ပိုမိုခံနိုင်ရည်ရှိသော မျိုးများကိုရွေးချယ်ခြင်းနှင့် အတူတကွ မြေကြီးတွင် ရောဂါကျရောက်မှုကို နည်းပါး စေရန်အတွက် အခြား စိုက်ပျိုးရေးဆိုင်ရာ ကုထုံးများဖြင့် ပံ့ပိုးပေးသော ဘက်စုံကာကွယ်မှုဗျူဟာ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ဖြစ်သင့်ပါသည်။


အာလူးအခွံချောမွေ့ကောင်းမွန်စေရန်အတွက် အခြားသော သီးနှံစီမံခန့်ခွဲမှုနည်းလမ်းများ


• ရောဂါ၊ ရေကောင်းစွာမထုတ်နိုင်ခြင်း သို့မဟုတ် ရေထိန်းနိုင်မှုအား မကောင်းခြင်းများ ကဲ့သို့ ဆိုးရွာသောအချက်များရှိသည့် စိုက်ခင်းမြေကို ရွေးချယ်မှူအား ရှောင်ရှားခြင်း
• ရောဂါကျရောက်နိုင်မှူအန္တရာယ်နည်းပါးသော အရည်အသွေးကောင်းသည့် မျိုးစေ့များအား ရွေးချယ်ခြင်း
• ရောဂါသယ်ဆောင်မှု လျော့ကျစေရန် မျိုးစေ့သိုလှောင်သည့်နေရာများအား ပိုးသတ်ခြင်း
• သာမန်အကြေးဖတ်ကဲ့သို့ ရောဂါများကို ကာကွယ်ရန်သို့မဟုတ် လျော့နည်းစရေန် ရေသွင်းပေးခြင်း
• ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုနှင့် ရောဂါကျရောက်မှုကို ကာကွယ်ရန် ကောင်းသောအခြေအနေတွင် ရိတ်သိမ်းခြင်း
• အာလူးမစိုက်မီ အချိန်ကပ်ပြီး ထုံးထည့်ခြင်းသည် သာမန်အကြေးဖတ်ရောဂါဖြစ်စေရန် အားပေးသဖြင့် ထိုကဲ့သို့ထုံးထည့်ခြင်းကိုရှောင်ရှားရန်


အာလူးအတွက် ထောက်ခံအကြံပြုထားသော ယာရာ မြေသြဇာများ

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅