အာလူးစိုက်ပျိုးခြင်း၏ သီးနှံဆိုင်ရာ အခြေခံသဘောတရားများ
စိုက်ပျိုးသူ၏ ရည်ရွယ်ချက်သည် မျှော်မှန်းထားသောဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော မြင့်မားသောအထွက်နှုန်း၊ သီးနှံအရည်အသွေးတို့ကို ထုတ်လုပ်ရန်ဖြစ်ပါ သည်။
သီးနှံ၏ ထူးခြားသောလက္ခဏာများ
အာလူးသည် အမျှင်ဓာတ်ပါသော အမြစ်စနစ်ကို ထုတ်လုပ်ပါသည်။ အမြစ်များသည် ၆၀ စင်တီမီတာထက်မရှည်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် အာလူးသည် အမြစ် ၁၂၀ စင်တီမီတာအနက်ရှိသော အခြားကောက်ပဲသီးနှံများနှင့် နှိုင်းယှဉ်လျှင် အမြစ်တိုပါသည်။ ထို့ကြောင့် အာလူးသည် ယေဘူယျအားဖြင့် မြေဆီလွှာရှိ အာဟာရနှင့် အစိုဓာတ်ကို လုယူ မစားသောက်နိုင်ပါ။
မြေကြီးအပူချိန် ၅၀ မှ ၉၅ ဒီဂရီ ဖာရင်ဟိုက် ( ၁၀ မှ ၃၅ ဒီဂရီ စင်တီဂရိတ်)သည် အမြစ်ကြီးထွား နိုင်သော်လည်း အကောင်းဆုံးနှင့် အတက်ကြွဆုံးအမြစ်ဖွံ့ဖြိုးမှုသည် မြေကြီးအပူချိန် ၅၉ မှ ၆၈ ဒီဂရီ ဖာရင်ဟိုက် ( ၁၅ မှ ၂၀ ဒီဂရီ စင်တီဂရိတ်)တွင် ဖြစ်ပေါ်သည်။
အရွက်ကြီးထွားမှုသည် မြေကြီးအပူချိန် ၄၄.၆ မှ ၈၆ ဒီဂရီ ဖာရင်ဟိုက် ( ၇ မှ ၃၀ ဒီဂရီ စင်တီဂရိတ်) တွင် ဖြစ်ပေါ်ပါသည်။ သို့သော်လည်း အကောင်းဆုံး ကြီးထွားမှုသည် ၆၈ မှ ၇၇ ဒီဂရီ ဖာရင်ဟိုက် (၂၀ မှ ၂၅ ဒီဂရီ စင်တီဂရိတ်)ခန့်တွင် ရှိပါသည်။ မြေအောက်ပင်စည် ကြီးထွားမှုအတွက် အသင့်တော်ဆုံးအပူချိန်သည်လည်း ၎င်းအတိုင်း ပင်ဖြစ်ပါ သည်။
အမြစ်ဖွံ့ဖြိုးမှုတွင် မြေကြီးအပူချိန်၏ သက်ရောက်မှု
အာလူးဥသည် မြေအောက်ပင်စည်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အာလူးဥစတင်ဖြစ်ထွန်းခြင်းကို နေ့တာတိုခြင်းက ပြုလုပ်ပေးပြီး ကြီးထွားမှုဟိုမုန်းများ ပါဝင် ပါသည်။ မြေကြီး၏အပူချိန် အေးလာသောအခါ အာလူးဥထွက်ရှိမှု ပိုမိုမြန်ဆန်လာပြီး အာလူး အရေအတွက် များစွာဖြစ်ပါ်လာပါသည်။ အာလူးထွက်ရှိရန် အကောင်းဆုံး မြေကြီး အပူချိန်သည် ၅၉မှ ၆၈ ဒီဂရီ ဖာရင်ဟိုက် ( ၁၅ မှ ၂၀ ဒီဂရီ စင်တီဂရီတ်) ဖြစ်ပါသည်။
ထိုအခြေအနေများ၌ အာလူးပင်တွင် တိုသော မြေအောက်ပင်စည်နှင့် အတက်များ ရှိပါမည်။ နေ့တာရှည်ပါက ဥထွက်ခြင်းကို နှောင့်နှေးစေပြီး မြေအောက်ပင်စည်နှင့် အတက်များ ပိုထွက်စေပါသည်။
အပင်တွင် နိုက်ထရိုဂျင်နည်းပြီး သကြားဓာတ်များပါက အာလူးဥပိုမိုထွက်ပေါ်ခြင်းကို အားပေးပါသည်။ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အာလူးဥသည်လျှင်မြန်စွာကြီးထွားပြီး တစ်နေ့ တစ်ဟက်တာလျှင် ၁၄၀၀ ကီလိုဂရမ်ထိ အမြင့်ဆုံးနှုန်းထားကို ရောက်ရှိသွားပါသည်။ နောက်ကျမှ ပေါ်သောမျိုးများသည် နေ့တာရှည်မှုနှင့် မြင့်မားသောအပူချိန်ကို ပိုမိုတုံ့ပြန်ကြပါသည်။
နောက်ကျမှ ပေါ်သောမျိုးများသည် နေ့တာရှည်မှုနှင့် မြင့်မားသောအပူချိန်ကို ပိုမိုတုံ့ပြန် ကြပါသည်။
ဇီဝကမ္မဆိုင်ရာ အာလူးဥရင့်မှု
အာလူးအညှောင့်၊ ဇီဝကမ္မဆိုင်ရာ အာလူးဥရင့်မှု
အညှောင့်သည် ၂ စင်တီမီတာထက် တိုသင့်ပါသည်။
အညှောင့်ပေါက်နေသောမျိုးဥကို စိုက်ပျိုးခြင်းဖြင့် သီးနှံကြီးထွားမှု ပိုကောင်းပါသည်။ ဤတုံ့ပြန်မှု၏ ပမာဏနှင့်၎င်း၏ အထွက်နှုန်းအပေါ် သက်ရောက်မှုသည် စိုက်ပျိုးချိန်တွင် အစေ့၏ ဇီဝကမ္မသက်တမ်းနှင့် ဆက်စပ် နေပါသည်။
မျိုးစေ့သိုလှောင်သောအပူချိန်သည် ဇီဝကမ္မသက်တမ်းကို ထိန်းချုပ်ပေးသည့် အဓိကအချက် ဖြစ်ပါသည်။ သိုလှောင်အပူချိန် ၃၉ ဒီဂရီ ဖာရင်ဟိုက် ( ၄ ဒီဂရီ စင်တီဂရီတ်)အထက်သို့ တက်နေခြင်းသည် ငြိမ်နေသောကာလကို ချိုးဖောက်ရန် နှင့် အညှောင့်ထွက်ရန် အားပေးပါသည်။
ငြိမ်နေသောအချိန်ကို ချိုးဖေါက်ရာမှ နေ့အပူချိန်အရေအတွက် များလာခြင်းသည် စိုက်ပျိုးချိန်တွင် အာလူး၏ ဇီဝကမ္မအသက်ကို လွှမ်းမိုးပါသည်။ အပင်မစိုက်မီ နှစ်သက် သော အခြေအနေသို့ရောက်ရှိရန် လိုအပ်သော အပင်မစိုက်မီ နှစ်သက်သောအခြေအနေကိုရောက်ရန် နေ့အပူချိန်လိုအပ်ချက်သည် ကွဲပြား သောမျိုးစိတ် များတွင် ကွာခြားပါ သည်။ သက်တမ်းတိုမျိုးများကို စိုက်ပျိုးရန် သို့မဟုတ် စိုက်ပျိုးရာသီတိုပါက အာလူးဟောင်းများသည် ပိုမိုကောင်းမွန်ပါသည်။ အသက်ငယ်သော အာလူးများကို စိုက်ပျိုးရာသီရှည် လျှင် စိုက်ပျိုးသင့်ပါသည်။ ထိုကာလသည်အာလူးအထွက်နှုန်း မြင့်မားစွာ ရရှိရန် သင့်တော်သော အခြေအနေဖြစ်ပါသည်။ အကယ်၍ အပင်၏ အညှောင့်မှ အစေ့များ ထုတ်ပေးလျှင် အပင်၏ ပင်ကြားတန်းကြားအရ သင့်တော်သောကြီးထွားမှုကိုရရှိရန် နှင့် စိုက်ပျိုးချိန်တွင် အညှောင့်ထိခိုက်မှု နည်းပါးရန် အညှောင့် အရေ အတွက် နှင့် အရှည် (အမြင့်ဆုံး ၂စင်တီမီတာ)ကို ထိန်းပေးသင့်ပါသည်။
မြေဆီလွှာအမျိုးအစားနှင့် စီမံခန့်ခွဲမှု
အာလူးကို ရေထိန်းသိမ်းနိုင်မှုအမျိုးမျိုးရှိသော သဲဆန်သောမြေမှ ရွှံ့နှုန်းမြေများထိ မြေအမျိုးမျိုးတွင် စိုက်ပျိုးကြပါသည်။ အာလူးစိုက်ပျိုးရန် အကောင်းဆုံးမြေသည် တည်ဆောက်မှုကောင်းပြီး အမြစ်လေဝင်လေထွက်ကောင်းစေရန်၊ အာလူးဖွံ့ဖြိုးရန်နှင့် အမြစ်ရောဂါကျရောက်မှု လျော့နည်းရန်တို့အတွက် ရေထုတ်ကောင်းသော မြေဖြစ်ရပါမည်။
အာလူးသည် pH ၅.၅ မှ ၇ ထိရှိသောမြေများနှင့် ဆာငံဓာတ်နည်းသော မြေများကို နှစ်သက်ပါသည်။ သို့သော်လည်း လက်တွေ့တွင် အာလူးကို pH ၄.၅ မှ ၈.၅ အတွင်း စိုက်ပျိုးကြပြီး ၎င်းတွင် သေချာသောအာဟာရများကို ရရှိရန် သိသာထင်ရှားသောသက်ရောက်မှုရှိပါသည်။ အာလူးစိုက်ပျိုးရန် လက်တွေ့ကျသော နေရာတွင်မြေကြီး၏ pH ကို ညှိပေးသင့်ပါသည်။
pHတန်ဘိုးနည်းသောအခြေအနေတွင် အာလူးသည် အလူမီနီယမ် (Al) နှင့် အခြားသတ္တုအိုင်ရွန်း (Fe) အဆိပ် သင့်ခြင်းကို ခံစားရပါသည်။ ထို့အပြင် ဖော့စပရပ် (P) နှင့် မိုလီဒီနမ် (Mo) ရ ရှိမှုကို လည်း အဟန့်အတား ဖြစ်စေပါသည်။
pHသည် ၇.၅ အထက်သို့ရောက်သွားပါက မြေကြီးထဲတွင် ၎င်းဒြပ်စင်များပါဝင်မှုများသော်လည်း အာဟာရရရှိမှုအထူးသဖြင့် ဖော့စဖရပ်နှင့် အနည်းလိုအာဟာရများကို လျော့နည်းလာနိုင်ပါသည်။ အာလူးများကိုစိုက်ပျိုးရန် အနည်းဆုံး ၆ လခန့်တည်းက ထုံးထည့်ပေးခြင်းကို သတိပြုရမည် ဖြစ်သော်လည်း ထုံးထည့်ပေးခြင်းသည် မလိုလားအပ်သော pH နည်းပါးမှုကို ကောင်းမွန် စေပါသည်။ pH မြင့်မားသောမြေတွင် စိုက်ပျိုးသောအခါ အာလူးသည် အနာကွက်ဖြစ်ခြင်းကို ပိုမိုဖြစ်ပွားစေပါသည်။
ဘောင်ဖော်စိုက်ပျိုးခြင်းနှင့် ပင်ခြေမြေဖို့ခြင်း
အာလူးများကို သီးနှံကြီးထွားမှုအားကောင်းစေရန် ရေထုတ်ကောင်းသော၊ လေဝင်လေထွက်ကောင်းသော ဘောင်ဖော်စိုက်ပျိုးခြင်း သို့မဟုတ် ပင်ခြေမြေဖို့ပြီး ပုံမှန် စိုက်ပျိုးကြပါသည်
အေးမြသောမြေတွင် ဘောင်ဖြင့်စိုက်ပျိုးခြင်းသည် မြေကြီး၏အပူချိန်ကို မြှင့်တင်ပေးသောကြောင့် ပင်ပေါက်နှုန်း မြန်ဆန်စေကာ စောစီးစွာကြီးထွားမှုကို ဖြစ်စေပါသည်။
ဘောင် ဘေးမြောင်းတွင် မြေသြဇာထည့်ပေးသောအခါ ဘောင်ကို ပြုပြင်ပေးခြင်းသည် မြေကြီးထဲ အာလူးတဝိုက် မြေကြီးထဲ မြေသြဇာများရောက်ရှိသွားစေရန် ကူညီပေးပါသည်။
စိုက်ဘောင်လုပ်ပေးခြင်းသည် အာလူးများဖွံ့ဖြိုးမှုရှိစေခြင်းကို မြှင့်တင်ပေးပြီး စိမ်းခြင်းကိုကာကွယ်ပြီး အာလူးများပုံစံတကျဖြစ်စေကာ အရွယ်အစားညီစေပြီး ပျက်စီးမှုအန္တရာယ်ကို နည်းစေပါသည်။
ဘောင်တင်စိုက်ပျိုးသောသို့မဟုတ်တောင်ကုန်းတွင် စိုက်ပျိုးသော အာလူးသီးနှံ
ဘေးမြောင်းတွင် မြေသြဇာထည့်ခြင်းကို ဘောင်တင်ချိန်တွင်ပြုလုပ်နိုင်ပါသည်
ဘောင်တင်စိုက်ပျိုးသော သို့မဟုတ် ပင်ခြေမြေဖို့ပြီး စိုက်ပျိုးသော အာလူးသီးနှံ
ဘောင်တင်ပေးခြင်းသည် ရေစီးရေလာကောင်းအောင်ပြုလုပ်ပေးပြီး အာလူးတူးဖော်ခြင်းကို လွယ်ကူ စေပါသည်။
ရေစီမံခန့်ခွဲမှု
အာလူးတွင် ရေလိုအပ်မှုများပြားပါသည်။ ကြီးထွားချိန်တွင် တစ်ပတ်လျှင် အကြမ်းဖျင်း ရေတစ်လက်မ လိုအပ်ပါသည်။ ထို့ကြောင့် အထွက်နှုန်းကောင်းစေရန် ရေသွင်း ပေးခြင်း သည် အကျိုးရှိပါသည်။
ရေစီမံခန့်ခွဲခြင်းသည် အာလူးဥတွင်ရှိသော ပြဿနာများကို လျော့ချရန်မရှိမဖြစ်လိုအပ်ပါသည်။ အာလူးစထွက်ချိန် ဘောင်ပေါ်တွင် အစိုဓာတ်ထိန်းထားခြင်းသည် အနာကွက် တက်လာခြင်း ကို လျော့ချနိုင်ပါသည်။ ရာသီချိန်၏နောက်ပိုင်းတွင် အာလူးတဝိုက် ရေပိုလျှံပေးခြင်းသည် ပေါင်ဒါမှုန့်ကဲသို့ အနာကွက်များကို ဖြစ်စေပြီး အညှောင့်ပေါက်ခြင်းကို အားပေးပါသည်။
အာလူးအနာကွက်နှင့် ရေစီမံခန့်ခွဲမှု
အနာကွက်
အာလူးတွင် ရေစီမံခန့်ခွဲမှု
အာလူးအညှာင့်ပေါက်များ ဖွံ့ဖြိုးမှု
ရေပိုလျှံအောင်ပေးခြင်းသည် အာလူးအညှာင့်ပေါက်များး ဖွံ့ဖြိုးမှုကို အားပေးပါသည်။
အာလူးသီးနှံ ရေစီမံခန့်ခွဲမှု၊ အာလူးဥကွဲထွက်ခြင်း၊ ရေပိုလျှံပေးခြင်း ရေပိုလျှံပေးခြင်းသည် အာလူးကွဲထွက်ခြင်းကို ဖြစ်စေပါသည်။
ဘောင်ပေါ်ရှိ မြေကြီးအပူချိန်အတက်အကျသည် အာလူးဥမညီမညာ အရွယ်မတူအောင် ထွက်ခြင်းကို ဦးတည်ပြီး အာလူးဥများပုံပျက်ကာ ကွဲထွက်မှုများ ဖြစ်လာပါသည်။ မြေကြီး အစိုဓာတ် ၁၀ ရာခိုင်နှုန်းပြောင်းလဲမှုသည်ပင်လျှင် အရေးကြီးပါသည်။ ထို့ကြောင့် အစက်ချရေသွင်းစနစ်ကို အသုံး ပြုလျှင် ဘောင်၏အပေါ်တွင် တိပ်ကိုထား သင့်ပါ သည်။
အပင်အုပ်ခြင်းစီမံခန့်ခွဲမှုသည်လည်း ရေကိုအကျိုးရှိရှိအသုံးပြုမှုကို တိုးမြင့်စေရန် အရေးပါပါသည်။ အပူချိန်မြင့်မားသည့်ပတ်ဝန်းကျင်တွင် စိုက်ပျိုးသူများသည် မြေကြီး၏ မျက်နှာ ပြင်မှ အငွေ့ပြန် ဆုံးရှုံးမှုများကို လျော့ချရန် အပင်မြန်မြန်အုပ်ဆိုင်းရန် လိုအပ်ပါသည်။