fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ရေသုံးနိုင်စွမ်းကို မြှင့်တင်ပေးခြင်း

ကျန်းမာပြီး လျင်မြန်စွာကြီးထွားသည့်အပင်များအား ဓာတ်မြေသြဇာ လုံလောက်စွာထည့်သွင်းထားပါက အထွက်နှုန်းအများဆုံးရရှိစေရန် ရေအသုံးပြုနိုင်စွမ်းကို မြင့်တင်ပေး၍ အထွက်နှုန်းအများဆုံးရရှိစေပါသည်။

ဤဝက်ဘ်ဆိုဒ်တွင်ဖေါ်ပြထားသော ယာရာ၏ သီးနှံအာဟာရဆိုင်ရာ အကြံပြုထောက်ခံချက်များသည် ရေအသုံးပြုမှုကို ပိုမို ကောင်းမွန်စေပြီး ရေထုတ်ခြင်းနှင့်တိုက်ရိုက်အငွေ့ပြန်ခြင်းတို့ကို လျော့နည်းသက်သာစေသည့် သန်မာသောကြီးထွားမှုနှင့် အထွက်နှုန်း မြင့်မားမှုတို့မှတဆင့် ထုတ်လုပ်မှုကောင်းမွန်စေမည့်ရေကို အသုံးပြုနိုင် ရန် အထောက်အကူပြုသည်။

ဓာတ်မြေသြဇာအား ပုံမှန်အသုံးပြုခြင်းဖြင့် အမြစ်ဖြစ်ပေါ်မှု ကောင်းမွန် စေမည်ဖြစ်ပြီး မြေဆီလွှာမှ ရေစုပ်ယူမှုကို ကောင်းမွန်စေပါသည်။ ကောင်းမွန်သောအချိုးအဆပါဝင်သည့် အာဟာရသည် အရွက်၏ စွမ်းဆောင်နိုင်အားကို တိုးမြင့်စေခြင်းနှင့် တစ်ပင်နှင့်တစ်ပင်ယှက်ခြင်းဖြင့် ရေငွေ့ပြန်ခြင်းကိုကြာရှည်စွာ လျော့နည်းသက်သာစေမည့် အရိပ်ကို လည်း ဖြစ်ပေါ်စေသည်။

osmotic function မှတဆင့်ထွက်ပေါ်လာသော ပိုတက်စီယမ်နှင့် ဟေ်မုန်းနှင့် အစာစီးကြောင်းတို့၏ ချဉ်/ငံဓာတ်တို့၏ အတွင်းပိုင်းလည်ပတ်မှုကြောင့် ထွက်ပေါ်လာသော နိုက်ထရိုဂျင်တို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထိရောက်စွာနှင့်ပုံမှန်လည်ပတ်မှုကို ထိန်းချုပ်နိုင်ရန်နှင့် အရွက်အပေါက် လေးများမှတဆင့် ရေဓာတ်ဆုံးရှုံးမှုများကို ထိန်းချုပ် ပေးနိုင်ရန် အရေးကြီးသည်။

နောက်ဆုံးတွင် ပြီးပြည့်စုံပြီး သေချာစွာစီမံထားသော ဓာတ်မြေသြဇာ ထည့်သွင်းခြင်းဖြင့် အာဟာရဓာတ်လိုအပ်မှု မရှိစေပဲ အထွက်နှုန်း တိုးမြင့်စေရုံသာမက မိုးရေချိန်မီလီမီတာတစ်ခုတက်တိုင်း သို့မဟုတ် သွင်းရေအသုံးပြုခြင်းဖြင့် ဥများ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

ရေအသုံးပြုနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေသည့် အဆိုပါနည်းလမ်းသည် ရေရှားပါးသည့်နေရာများတွင် အလွန်အရေးပါသည်။

လူဦးရေ စုစုပေါင်း ၂.၈ ဘီလီလျံသည် ရေလုံလောက်မှုမရှိသော ဒေသများတွင် နေထိုင်နေကြသည့်အတွက် ရေအသုံးပြုမှုစွမ်းရည်ကို မြှင့်တင်ပေးသည့် အဆိုပါနည်းလမ်းသည် သီးနှံထုတ်လုပ်မှုရေရှည်တည်တံ့စေရေးအတွက် အခြေခံကျသော နည်းလမ်းပင်ဖြစ်ပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅