fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

သီးနှံကာကွယ်ခြင်း

ကြက်သွန်နီများသည် ပေါ်ထွက်လာမှုနှေးကွေးသဖြင့် အစိုဓာတ်နှင့် အာဟာရများရရှိရန် ယှဉ်ပြိုင်ရမှု လျော့နည်းစေရေးအတွက် ပေါင်းပင်များ ထိန်းချုပ် ကာကွယ်ရေးကို မဖြစ်မနေဆောင်ရွက်သင့်သည်။

ကြက်သွန်နီပင်များ ထောင်မတ်နေခြင်းသည် ကြက်သွန်နီစတင်ဖြစ်ပေါ်သည့်အချိန်တွင် ပေါင်းမြက်များနှင့် ယှဉ်ပြိုင်ရမှုမရှိခြင်းကြောင့်ဖြစ်ပါသည်။ အပင်မထွက်ပေါ်မီနှင့်ထွက်ပေါ်ပြီး အချိန်တို့တွင် ပေါင်းသတ်ဆေးထည့်သွင်း လေ့ရှိသည်။

ပင်စည်နှင့်အမြစ်များတွင် နီမတုတ်များ ကျရောက်မှုကြောင့် အစိုဓာတ်နှင့် အာဟာရစုပ်ယူမှုကို အဟန့်အတားဖြစ်စေသည်။

အပင်နှင့်ကြက်သွန်နီဥဖျက်ပိုး နီမတုတ်(Ditylenchus dipsaci) သည် ပျက်စီး ဆုံးရှုံးခြင်း၊ ပင်စည်များကို ထိခိုက်ခြင်း၊ အညွှန့်တွန့်လိမ်ခြင်း၊ ပုံစံ မမှန်ခြင်းနှင့်အပင်ငယ်များ သေခြင်းတို့ကိုဖြစ်ပေါ်စေသည်။
မျိုးစေ့များသည် နီမတုတ်ကင်းစင်ရန်လိုအပ်ပြီး နီမတုတ်အရေအတွက် လျော့နည်းစေရေးအတွက် မြေဆီလွှာအား ပိုးမွှားသန့်စင်ခြင်းနှင့် သီးလှည့်စိုက်ပျိုးခြင်းနည်းလမ်းတို့ကိုအသုံးပြုရန် လိုအပ်ပါသည်။

ကြက်သွန်ဖျက်ပိုးများသည် ကမ္ဘာ့အနှံ့အပြားတွင် ကျရောက်တတ်ပြီး အထူးသဖြင့် အပူပိုင်းဒေသများတွင် ကျရောက်တတ်သည်။ ၎င်းတို့သည် အရွက်ငယ်များနှင့်အညှာတို့အကြားတွင် စုဝေးတတ်ပြီး အရွက်ကို အများဆုံးထိခိုက်နိုင်ရုံသာမက ကြီးထွားမှုကိုလည်းနှေးကွေးစေသည်။
ကြက်သွန်နီလိပ်ပြာ သို့မဟုတ် ပိုးတုံးလုံး၊ ကြက်သွန်ဖြူဖြုတ်ကောင်နှင့် ကြက်သွန်မြိတ်ပိုးဖလံတို့သည် အဓိကျရောက်တတ်သော ဖျက်ပိုးများ ဖြစ်ကြပြီး ၎င်းတို့ကို ပိုးသတ်ဆေးအသုံးပြုခြင်းဖြင့် ထိန်းချုပ် ကာကွယ်နိုင် သည်။

ကြက်သွန်နီသည် အရွက်ရောဂါများနှင့် ကြက်သွန်နီဥပုတ် ရောဂါများ ပိုမိုကျရောက်တတ်သည်။ ဘတ်တီးရီးယားရောဂါများကြောင့် ကြက်သွန်နီဥ အရည်အသွေးကို ကျဆင်းစေပြီး ဥပမာ- Pseudomonas alliicola ဘက်တီရီးယားကြောင့် ကြက်သွန်နီဥအတွင်းတွင် ချွဲကျိသောအသား ကိုဖြစ်ပေါ်စေခြင်း၊ P. cepacia ဘက်တီးရီးယားကြောင့် အပြင်ပိုင်းအလွှာများပါးလွှာ၍ ချဉ်ခြင်း ကိုဖြစ်ပေါ်စေသည်။

အညှာပုပ်ရောဂါ(Botrytis allii)၊ တောက်တဲ့မြီးရောဂါ (Peronospora destructor)၊ သံကြေးမှိုရောဂါ (Puccinia porri) နှင့်အရွက်ပုတ် ရောဂါ(Botrytis squamosal)တို့သည် အဓိကကျရောက်တတ်သော ရောဂါများဖြစ်ကြပြီး ၎င်းတို့ကို မှိုသတ်ဆေးအသုံးပြု၍ ကာကွယ်နှိမ်နှင်းနိုင်သည်။


သိုလှောင်ခြင်း

ကြက်သွန်နီများအား ရိတ်သိမ်းချိန်တွင် ရင့်မာပြီးခြောက်သွေ့ရန် လိုအပ် သည်။ စိုက်ခင်းထဲတွင် ကြက်သွန်နီများကို ပြန်လည်ပြုပြင်ခြင်းမရှိပဲ ကြက်သွန်ထိပ်ပိုင်း၏ ၆၀ မှ ၈၀ ရာခိုင်နှုန်း ကျဆင်းချိန်တွင် ခြောက်သွေ့သော ကြက်သွန်နီများအား ရိတ်သိမ်းကြသည်။

ကြက်သွန်နီများကို စိုက်ခင်းထဲတွင် အချိန်ကြာမြင့်စွာ ပြုပြင်ထားခြင်း သို့မဟုတ် နေရာင်နှင့်တိုက်ရိုက်ထိတွေ့ပါက ကြက်သွန်နီမျက်နှာပြင် ဖက်တွင် အစိမ်းရောင်အလွှာများဖြစ်ပေါ်နိုင်သည်။

ကြက်သွန်နီဥများ အတွင်းပိုင်းကြေမွပျက်စီးမှု လျော့နည်းစေရေးအတွက် သေချာစွာ ကိုင်တွယ်ရန် လိုအပ်ပြီး ဖြတ်တောက်ပစ်ပါက ရောဂါပိုး ဝင်ရောက်မှုကိုဖြစ်ပေါ်စေသည်။
လေထုအားထိန်းချုပ်ထားသည့် သိုလှောင်မှုသည် ကြက်သွန်နီ၏အရည် အသွေး ကြာရှည်စွာထိန်းချုပ်ထားနိုင်ပြီး ရောင်းဝယ်ဖောက်ကားနိုင်သည့် အချိန်ကို ကြာရှည်အောင် ဆောင်ရွက်နိုင်သည်။

မှိုရောဂါပေါက်ဖွားမှုကို ဟန့်တားနိုင်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုအဆင့်ကို ၅ ရာခိုင်နှုန်းတွင်ထားရှိရမည်ဖြစ်ပြီး အညှောင့်ပေါက်မှု လျော့နည်းစေရေးအတွက် အောက်ဆီဂျင်အား ၃ ရာခိုင်နှုန်းတွင်ထားရှိရပါမည်။ လေရှူနှုန်း လျော့နည်းစေရေးအတွက် အပူချိန်များကို ၁ဒီဂရီ စင်တီဂရိတ်တွင် ထားရှိရမည်ဖြစ်ပြီး မှိုရောဂါပြန့်ပွားမှု မရှိစေရေးအတွက် စိုထိုင်းဆကို ၆၅ နှင့် ၇၀ ရာခိုင်နှုန်းကြားတွင် ထားရှိရပါမည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅