အအေးဒဏ်ကြောင့် ကြက်သွန်နီ ထိခိုက်ပျက်စီးမှုအား ရှောင်ရှားခြင်း
ကြက်သွန်နီများနှင့် ကြက်သွန်ဖြူများသည် ကြီးထွားဖွံ့ဖြိုးမှု၏ အစောပိုင်း ကာလများတွင် အပူချိန်လျော့နည်းပြီး ရင့်မာချိန်တွင် ပူနွေး၍ နေရောင်ခြည် ကောင်းမွန်စွာရရှိပါက အထွက်နှုန်းအကောင်းဆုံးကို ရရှိမည်ဖြစ်ပါသည်။
ကောင်းမွန်သော အာဟာရသည် ကြက်သွန်နီအား အေးသည့်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခြင်းမှ တဆင့် ဆဲလ်များ ပျက်စီးနိုင်မှုကို ကာကွယ်ပေး နိုင်သည်။
ကြက်သွန်နီရှိ အာဟာရဓာတ်နှင့် အအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု
ကယ်လ်စီယမ်
ကယ်လ်စီယမ်သည် အေးသည့်ဒဏ်ကြောင့် ကြက်သွန်နီ ထိခိုက်ပျက်စီးပြီး ဆဲလ်များ ပျက်စီးနိုင်မှုကို ကာကွယ်ပေးနိုင်သည်။ ထို့ပြင် အပူချိန်ထိန်းချုပ်မှု ကောင်းမွန်ခြင်းမရှိသော နေရာများတွင် သိုလှောင်ရာ၌လည်း အသုံးဝင်သည်။