fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

သခွားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် ရေအသုံးပြုမှုထိရောက်ခြင်းကိုမြှင့်တင်ခြင်း

ကျန်းမာသန်စွမ်းပြီး ကြီးထွားမှုမြန်ဆန်သောသခွားမွှေးသီးနှံကို အထွက်နှုန်း များများရရှိရေးအတွက် ရေအသုံးပြုမှုပိုမို ထိရောက်မှုရှိအောင်လုပ်ဆောင် ပေးခြင်းဖြင့် မြေသြဇာဓာတ်ကိုအပြည့်အဝရရှိစေပါတယ်။

ယာရာ၏ သီးနှံအာဟာရထောက်ခံချက်များသည် ဤကွန်ယက်တွင် ဖော်ပြခဲ့သည့်အချက်များကဲ့သို့ပင် သီးနှံပင်မှရေအသုံးပြုမှုကို ပိုမို ထိရောက်စေရန် ပင်ငွေ့ပျံခြင်းကို ပိုမိုဖြစ်ပေါ်စေပြီး ရေဆုံးရှုံးမှုနှင့် မြေပြင်မှ တိုက်ရိုက် အငွေ့ပျံခြင်းတို့ ဖြစ်ပေါ်မှုကို လျှော့နည်းစေပြီး သီးနှံပင်သန်မာ ထွားကျိုင်းစေပြီး အထွက်နှုန်း မြင့်မားစေရန် ကူညီပေးပါတယ်။


ပုံမှန်မြေသြဇာကျွေးခြင်းသည် အမြစ်ထွက်ခြင်းကိုအားပေးသည့်အပြင် မြေကြီးထဲမှ ရေစုပ်ယူမှုကိုလည်းပိုမိုကောင်းမွန်စေသည်။ ကောင်းစွာညီမျှသောအာဟာရသည် ကာလအတန်ကြာ အပင်ရိပ် ကောင်းကောင်းကို ဖန်တီးပေး ထားနိုင်သောကြောင့် မြေကြီးထဲမှ ရေအငွေ့ပျံခြင်းကို လျော့ကျစေသည် အပင်အဝန်းအဝိုင်းကို ကောင်းမွန်စွာ ပေးစွမ်းခြင်းအားဖြင့် အရွက်၏ လုပ်ဆောင်ချက်ကို လည်းအမြင့်မားဆုံး ဖြစ်စေပါတယ်။


ပိုတက်စီယမ် (၎င်း၏စိမ့်ဝင်ပျံ့နှံ့ခြင်းလုပ်ဆောင်ချက်အားဖြင့်) နှင့် နိုက်ထရိုဂျင် (အပင်ဟော်မုန်းများနှင့် ရေကြော ‌‌ချဥ်ငံဓတ်တို့၏ အတွင်းပိုင်း ထိန်းချုပ်ခြင်းရလာဒ်ကြောင့်) တို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူစား သုံးမှုကိုဟန့်တားခြင်းနှင့် အပေါက်ငယ်လေးများမှတဆင့် ရေဆုံးရှုံးခြင်းတို့ကို ထိန်းချုပ်ထားပြီး အကောင်းဆုံးနှင့် အကျိုးရှိရှိထိန်းချုပ်ရန်အတွက် အရေးကြီးပါသည်။  နောက်ဆုံးတွင် အာဟာရချို့တဲ့မှုမရှိခြင်း၊ အထွက်တိုးခြင်းတို့ကို သေချာစေသော ပြီးပြည့်စုံပြီး အံဝင်ဂွင်ကျဖြစ်သော မြေသြဇာအစီအစဉ်များကို အသုံးပြုခြင်းအားဖြင့် သွင်းရေ (သို့မဟုတ်) မိုးရေ မီလီမီတာတိုင်းတွင် အသီးပိုမိုထုတ်လုပ်ပေးပါတယ်။


ကောင်းမွန်အောင်ပြုလုပ်ထားသည့် ဤ ‘ရေအသုံးပြုမှုထိရောက်ခြင်း’ အစီအစဉ်မှာရေရှားပါးသည့်အချိန်တွင် ရေပေးသွင်းရာ၌အ ရေးကြီးသည့် အစီအစဉ်ဖြစ်ကြောင်းကို ယာရာမှ အသိမှတ်ပြုသည်။ အမှန်စင်စစ် ရေမလုံလောက်သည့်ဒေသတွင် နေထိုင်သောလူဦးရေ ၂.၈ သန်းအနေဖြင့် ဤကန့်သတ်ထားသော အရင်းအမြစ်ကိုအကောင်းဆုံး အသုံးပြုခြင်းမှာ ရေရှည်သီးနှံထုတ်လုပ်မှု အတွက် အခြေခံကျဆုံးဖြစ်ပါတယ်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅