fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

သရက်

သရက်အထွက်တိုးစေမယ့် အာဟာရကျွေးနည်း

အရောင်အသွေးလှပပြီး အရည်သွေးကောင်းမွန်တဲ့ အရက်သီးတွေ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး ယာရာမှ သရက် အပင်သက်တမ်းအလိုက် မြေသြဇာကျွေးသည့် အစီစဉ်ကို ထုတ်လုပ်ထားပါတယ်။

အရေးကြီးသည့် အချက်မှာ မြေသြဇာကျွေးတဲ့ အစီစဉ်နှင့်အတူ ရေပေးသွင်းတဲ့ စနစ်ကို အသုံးပြုလျှင် အသီးတင်မူကောင်းမွန်ပြီး အထွက်နှုန်း သိသိသာသာတိုးလာမည်ဖြစ်ပါတယ်။

Fertilizer Program for Mango

  • သရက်သီးခူးဆွတ်ပြီးချိန် (မိုးဦးကျချိန်) တွင် အပင်၊ အရွက် ကြီးထွားမှုကောင်းမွန်စေရန် (၁) ဧကလျှင် ယာရာမီလာ ထရှိုင်စတား (၅၀ ကီလိုဂရမ်) ထည့်ပေးရပါမယ်။
  • အရွက်နုထွက်ချိန်တွင် ထရှိုင်စတား (၅၀ ကီလိုဂရမ်) နှင့် ယာရာလီဗာ နိုက်ထရာဘော  (၃၀ ကီလိုဂရမ်) ထည့်ပေးရန် ရပါမယ်။ ယာရာလီဗာ နိုက်ထရာဘောကို ထည့်ပေးခြင်းအားဖြင့်ပန်းပွင့်မှု ကောင်းမွန်လာပြီး အသီးတင်မှုလည်း ကောင်းမွန်လာစေပါတယ်။
  • သရက်ပန်းပွင့်ချိန်တွင် (၁)ဧကလျှင် အာဟာရဓာတ်အစုံလင်ပါဝင်သော ယာရာမီလာ ကွန်ပလက် (၇၅ ကီလိုဂရမ်) နှင့် ယာရာလီဗာ နိုက်ထရာဘော (၃၀ ကီလိုဂရမ်) ကို ထည့်ပေးခြင်းအားဖြင့် ပန်းပွင့်မှုကောင်းမွန်ပြီး အသီးတင်မှုလည်း ကောင်းမွန်စေပါတယ်။
  • အရည်သွေးပြည့်ဝပြီး အထွက်နှုန်းကောင်းမွန်စေရန် အသီးကြီးထွားသည့် အချိန်တွင် (၁) ဧကလျှင် ယာရာမီလာ ကွန်ပလက် (၇၅ ကီလိုဂရမ်) နှင့် ယာရာလီဗာ နိုက်ထရာဘော (၃၀ ကီလိုဂရမ်) ကို ထည့်ပေးနိုင်ပါတယ်။  အသီးကြီးထွားသည့် အချိန်တွင် (၁) ဧကလျှင် ပိုတက်ဆီယမ် မြေသြဇာ (၅၀ ကီလိုဂရမ်) ထည့်ပေးရန် လိုအပ်ပါတယ်။

အပင် ကြီးထွားသည့် အဆင့်အလိုက် လိုအပ်သော မြေသြဇာ နှုန်းထားများ ထည့်သွင်းခြင်းအားဖြင့် တာရှည် အထားခံ၍ အတွင်းသားအရောင်လှပပြီး အရည်သွေးကောင်းသော သရက်သီးများကို ထုတ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သရက်သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

သရက် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅