fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အရွက်စားအပင်များ

အမြင့်မားဆုံး ဆလပ်ပင်ကြီးထွားမှုအတွက် သီးနှံအာဟာရ မဟာဗျူဟာနည်းလမ်းများ

ဆလတ်ပင် အကောင်းဆုံးကျန်းမာသန်စွမ်းမှုကို ထိန်းထားခြင်းဟာ အထွက်နှုန်းနဲ့အရည်သွေးကို တိုးတက်ဖို့အတွက် အရေးကြီးပါတယ်။ အပင်ကြီးထွားတဲ့ကာလအတွင်း မှန်ကန်ညီမျှတဲ့ အပင်အာဟာရ ရရှိခြင်းဟာ အပင်ရောဂါကာကွယ်တိုက်ခိုက်ရန်နှင့် အပင်ကျန်းမာသန်စွမ်းမှုအတွက် အရေးကြီးပါတယ်။ ဆလတ်ပင်ဟာ သင့်တော်တဲ့ သီးနှံအာဟာရ မရရှိခဲ့လျှင် အမျိုးမျိုးသော သက်ရှိနှင့် သက်မဲ့ကြောင့်ဖြစ်သော ဒဏ်တို့ကို ပို၍ခံနိုင်ရည် မရှိပါ။ 

 ဆလတ်ပင် အကောင်းဆုံးကျန်းမာသန်စွမ်းမှုကို ထိန်းထားခြင်းဟာ အထွက်နှုန်းနှင့် အရည်သွေး တိုးတက်ဖို့အတွက် အရေးကြီးပါတယ်။ အပင်ကြီးထွားတဲ့ကာလအတွင်း မှန်ကန်ညီမျှတဲ့ အပင်အာဟာရ ရရှိခြင်းဟာ အပင်ရောဂါကာကွယ်တိုက်ခိုက်ရန်နဲ့  အပင်ကျန်းမာသန်စွမ်းမှုအတွက် အရေးကြီးပါတယ်။ ဆလတ်ပင်ဟာ သင့်တော်တဲ့ သီးနှံအာဟာရ မရရှိခဲ့လျှင် အမျိုးမျိုးသော သက်ရှိနှင့် သက်မဲ့ကြောင့်ဖြစ်သော ဒဏ်တို့ကို ပို၍ခံနိုင်ရည် မရှိပါ။

သီးနှံအာဟာရနှင့် အပင်ကျန်းမာရေး ဆက်စပ်ချက်တွေကို နှစ်ပေါင်းများစွာကတည်းက လေ့လာပြီးဖြစ်ပါတယ်။ ဥပမာ ကယ်လ်ဆီယမ်ဟာ အပင်ဆဲလ်နံရံတည်ဆောက်မှုကို ထိန်းသိမ်းရာတွင် မရှိမဖြစ်အရေးပါတဲ့ အစိတ်ပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ် သီးနှံအာဟာရ လျှော့နည်းသည့်အချိန်မှာ သီးနှံ မှိုမျှင်များ ရေကြောတွင်းဝင်ရောက်မှုကို ပို၍ခံနိုင်ရည်မရှိပါ။ ဆဲလ်နံရံများအလွယ်တကူ ပျော်ဝင်ပျက်ဆီး စေပြီး အပင်ညှိုးမှုကို ဖြစ်စေပါတယ်။

 lettuce1 ok

ယာရာယူကေရဲ့ စိုက်ပျိုးရေးဝန်ဆောင်မှု၏ ဒါရိုက်တာ ‌‌ဒေါက်တာ Rob Mikkelsen က သင့်တော်သော မြေသြဇာကျွေးခြင်းသည် ရောဂါထိန်းချုပ်နိုင်မှုကို အောက်ဖော်ပြပါ အခန်းကဏ္ဍများတွင် အကျိုးသက်ရောက်သည်ဟု သုံးသပ်ထားပါတယ်။

  • ရောဂါ လုပ်ဆောင်မှုကို လျှော့နည်းစေခြင်း
  • မြေကြီးပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်ခြင်း
  • အပင်ရဲ့ရောဂါဒဏ်ခံနိုင်ရည် ရှိမှုကို တိုးစေခြင်း
  • အပင်ရဲ့ရောဂါတုံ့ပြန်နိုင်စွမ်းကို တိုးစေခြင်း
  • ရောဂါထောက်ပံ့နိုင်စွမ်းကို ကျော်လွှားနိုင်ခြင်း
  • ရောဂါကြောင့်ပျက်စီးမှုကို အစားထိုးပေးနိုင်ခြင်း

ဥပမာအားဖြင့် သီးနှံအာဟာရနှင့် အထူးသဖြင့် တိကျတဲ့ နိုက်ထရိုဂျင်မြေသြဇာပုံစံ အသုံးပြုခြင်းဟာ ဟင်းသီးဟင်းရွက်သီးနှံတွင် ဖြူစေရီယမ်မှိုရောဂါကျရောက်မှုကို လျော့နည်းစေတဲ့ ခံနိုင်ရည်ရှိစေတဲ့ ဖြစ်စဉ်နှစ်မျိုးကို သက်ရောက်နိုင်ပါတယ်။

  • ဖြူစေရီယမ် မှိုစပိုးထွက်ရှိမှုနှင့် မျိုးပွားမှုကို လျှော့နည်းစေခြင်း
  • ရောဂါသက်ရှိမှ ထွက်လာသော ဖြူစေရစ် အက်ဆစ်ကို ခံနိုင်ရည်ရှိမှု တိုးလာစေခြင်း

lettuce 2 ok

ခရမ်းချဉ်သီးနှံတွင် နိုက်ထရိတ်သီးနှံအာဟာရဟာ အမိုနီယမ်အာဟာရနှင့်နိုင်းယှဉ်လျှင် မှို‌ရောဂါ ပြင်းထန်စွာကျရောက်မှုကို လျှော့နည်းစေခြင်းအားဖြင့် အပင်ပိုမိုကျန်းမာုကို အားပေးပါတယ်။ 

ကြီးထွားတဲ့ကာလအတွင်း ယာရာရဲ့ ‌ဒေသတွင်းအဖွဲ့များဟာ ဆလပ်အတွက် သင့်တော်တဲ့သီးနှံအာဟာရရဲ့ ထပ်တိုးအကျိုးကျေးဇူးများကို နောက်ထပ်ရှာဖွေဖော်ထုတ်နေပါတယ်။ ဒါ့အပြင် အပင်ကျန်းမာရေးအတွက် အရေးကြီးသော ထိရောက်မူအတွက် ကျွန်တော်တို့ အတွေ့ကြုံရှိပါတယ်။ လေ့လာချက်တွေက တချို့သောမြေသြဇာရွေးချယ်မှုဟာ မြေဆောင်ရောဂါ (ဖြူစေရီယမ်၊ Pythium၊ ဖိုက်တိုသော်ရာ နဲ့ ရိုက်ဇိုတိုးနီးယား) မှို‌ရောဂါပွားများမှုကို အားပေးပါတယ်။ ထိုရောဂါသက်ရှိတွေဟာ ကျွန်တော်တို့‌ဒေသတွင်း ဆလပ်တွင် ကျရောက်သော အညိုရောင်ရွက်ပြောက်ရောဂါကျရောက်မှုကို ဆိုးရွားစေပါတယ်။

စီမံခန့်ခွဲမှု မဟာဗြူဟာများ

သင့်တော်သော မြေသြဇာကျွေးခြင်းဟာ အပင်ရောဂါ ကျရောက်မှုကို အမြစ်ပြတ်အောင် မလုပ်ဆောင်နိုင်သေ်လည်း ဆလတ်တွင် ညီမျှသော အပင်အာဟာရကျွေးတဲ့ အစီစဉ်ဟာ ထုတ်လုပ်မှုကို အောင်မြင်စေပြီး ဆိုးရွားတဲ့အခြေနေကို ကျော်လွှားနိုင်ပါတယ်။ ဆလပ်အတွက် သီးနှံအာဟာရအစီစဉ်တွင် တစ်ချို့အရေးကြီးသော အစိတ်ပိုင်းများ ပါဝင်နေပါတယ်။ ၎င်းတို့မှာ

ကယ်လ်ဆီယမ်နိုက်ထရိတ်

 နိုက်ထရိတ်ပုံစံဟာ ဆလပ်ပင်အတွက် ကြိုက်နှစ်သက်တဲ့ နိုက်ထရိုဂျင်မြေသြဇာပုံစံပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေက ရောဂါသက်ရှိအများစုဟာ နိုက်ထရိတ်ပုံစံနှင့် နိုင်းယှဉ်လျှင် အမိုနီးယမ်နိုက်ထရိုဂျင် ရှိနေခြင်းထက်ပိုပြီး ခံနိုင်ရည်မရှိတာကို တွေ့ရှိခဲ့ပါတယ်။ ထိုကဲ့သို့ မြေဆောင်ရောဂါအများစုဟာ မြေချဉ်တဲ့အခြေနေကို ပို၍နှစ်သက်ပါတယ်။ ပြီးတော့ အမိုနီယမ်အခြေခံထုတ်လုပ်ထားတဲ့ နိုက်ထရိုဂျင်မြေသြဇာအားလုံးဟာ မြေချဉ်နိုင်တဲ့ နေရာများကို ဖန်တီးပေးပါတယ်။ ဒီအချက်ဟာ အပင်‌ရောဂါကျရောက်မှုတွေကို တိုးစေပါတယ်။

ယာရာလီဗာ ကယ်လ်ဆီယမ်နိုက်ထရိတ်မြေသြဇာဟာ မြေကြီးအတွင်း အက်ဆစ်ဓာတ်ကျန်ရှိမှုကို မတိုးစေပါ။ ဒီအချက်ဟာ ရောဂါတိုးတက်မှုကို ဟန့်တားပေးနိုင်မှုကို ကူညီပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်အာဟာရဓာတ်ဟာ ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို တိုးစေသောဆဲလ်နံရံများ ဖြစ်ပေါ်စေရန်နှင့် ဆဲလ်နံရံများတည်မြဲမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဆလပ်တွင်ဖြစ်ပေါ်လေ့ရှိသော ပုံစံမမှန်တဲ့ လက္ခဏာဖြစ်သည့် ထိပ်ဖျားခြောက်ခြင်း ကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်ချို့တဲ့ချိန်တွင် အမှေးပါးတွင် သကြားများနှင့် အမိုင်နိုအက်ဆစ်များ စိမ့်ထွက်ခြင်းဟာ ရောဂါဖြစ်စေသော သက်ရှိများကို လှုံဆော်ပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ် နိုက်ထရိတ်ဟာ အမြစ်ဆဲလ်နံရံကို တောင့်တင်းခိုင်မာစေပြီး တခြားနိုက်ထရိုဂျင်မြေသြဇာများနှင့် နိုင်းယှဉ်လျှင် မှိုရောဂါကျရောက်မှုကို ဆန့်ကျင်နိုင်ပါတယ်။lettuce 3 ok

ပိုတက်ဆီယမ်ချို့တဲ့သည့် အပင်တွေမှာ ပရိုတင်းချက်လုပ်မှုကို အပြည့်စုံတဲ့အတွက် ရိုးရှင်းတဲ့ နိုက်ထရိုဂျင် ဓာတ်ပေါင်း (အေမိုက်) စုပုံစေပါတယ်။ အပင်ရောဂါတွေ ထိုးဖောက်ဝင်ရောက်ရာမှာ အသုံးပြုပါတယ်။ ပိုတက်ဆီယမ်ဟာ အပေါ်ရံဆဲလ်တွင် ပို၍ထူသောနံရံ ဖြစ်ပေါ်အောင် အားပေးခြင်းအားဖြစ် ရောဂါကျရောက်မှုကို ကာကွယ်ပေးနိုင်ပါသည်။ ထို့အတူ ဆလပ်ရွက်များ၏ အထူစေပါတယ်။


အနည်းလို အာဟာရအပါဝင် ဘယ်အာဟာရဓာတ် တစ်မျိုးမျိုးချို့တဲ့လျှင် အပင်ဖိအားများနှင့် အလားလာရှိတဲ့ အပင်ကျန်းမာရေးပြဿနာများကို ဖြစ်စေပါတယ်။ အနည်းလိုအာဟာရကို ရွက်ဖျန်းအနေဖြင့်အသုံးပြုခြင်းဟာ အပင်ကျန်းမာရေးကို ကောင်းမွန်စေပြီး အစာချက်လုပ်မှုကို ထိန်းထားပေးပြီး ကာဗွန်ဟိုက်ဒရိတ်ထုတ်လုပ်ခြင်းနှင့် အပင်ကြီးထွားခြင်းတို့ကို အမြင့်ဆုံးဖြစ်စေပါတယ်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅