လုပ်ငန်းများ လည်ပတ်နေစဉ် ဝန်ထမ်းများနှင့် လူ့အဖွဲ့အစည်းကို အကာအကွယ်ပေးခြင်း
COVID-19 ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါသည် လူ့အဖွဲ့အစည်း၏ အပိုင်းအသီးသီးကို သက်ရောက်စေသည့် အကျပ်အတည်းကာလတစ်ခု ဖြစ်ပါသည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့သည် Yara တွင် တာဝန်ဝတ္တရား သုံးရပ် ရှိပါသည်။
- ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ မိတ်ဖက်များ၊ အိမ်နီးချင်းများနှင့် လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်ရန်
- တာဝန်သိသော ကုမ္ပဏီတစ်ခုဖြစ်ရန်နှင့် အစိုးရ လမ်းညွှန်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်
- ကျွန်ုပ်တို့၏ လုပ်ငန်းများ လည်ပတ်နေစေရန် လူ့အဖွဲ့အစည်းအတွက် အစားအသောက်နှင့် အခြားအရေးကြီး ကုန်ပစ္စည်းများ ပံ့ပိုးထောက်ပံ့ရာတွင် ကူညီရန်
လိုအပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် လုပ်ငန်း အလျဉ်မပြတ်စေရန် Yara အဖွဲ့အစည်းအတွက် လုံလောက်သည့် လမ်းညွှန်မှု ပံ့ပိုးရန် ကပ်ဘေးကာလ တုံ့ပြန်ရေးအဖွဲ့ကို တည်ထောင်ရှိခဲ့ပါသည်။
ကျွန်ုပ်တို့၏ ကော်ပရိတ်ဝက်ဗ်ဆိုက်တွင် ကျွန်ုပ်တို့ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ အခြေအနေနှင့် ပတ်သက်၍ အမြဲမပြတ် သတင်းပေးပို့ရန် နေ့စဉ်သတင်းများ (အင်္ဂလိပ်ဘာသာဖြင့်) တင်ပေးမည် ဖြစ်ပါသည်။
နောက်ထပ် အချက်အလက်များအတွက် This email address is being protected from spambots. You need JavaScript enabled to view it. ထံ ဆက်သွယ်ပါ။