fbpx

ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်း - ကြံသီးနှံ

သီးနှံအာဟာရ ချို့တဲ့ခြင်းများ - ကြံသီးနှံ

သီးနှံအဟာရ

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Mo မိုလီဒီနမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

ကြံသီးနှံ ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ကယ်လ်စီယမ်ချို့တဲ့မှုသည် အရွက်နုနှင့် အရွက်ရင့်နှစ်မျိုးလုံးတွင် ဖြစ်ပေါ်နိုင်ပါသည်။ ငယ်ရွယ်နုနယ်သော အပင်တစ်သျှူးများတွင် အဝါရောင်အစက်အလည်တွင် အညိုရောင်ဆဲလ်သေဆက် ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် နီညိုရောင်ပြောင်းသွားပါသည်။ ချို့တဲ့မှုပြင်းထန်သည့်အခြေနေတွင် အရွက်နုများတွင် အညိုရောင်ဖြစ်ပေါ်ပြီး ထိပ်ဖျားပိုင်းသေးသွယ်၍ ချိတ်ပုံစံကွေးသွားပါသည်။ ရိုးတန်များသည် သေးသွယ်၍ တိုနေပါသည်။ အရွက်ရင့်များသည် တစ်ခါတစ်ရံ စိမ်းဖျော့ရောင်အရွက်များပေါ်တွင် အဝါရောင်အစက်များဖြစ်ပေါ်နေပြီး အရွက်အနားတလျှောက် နီညိုရောင်အစက်များကြောင့်သံကြေးရောင်အသွင်သဏ္ဍန်ဖြစ်နေပါသည်။ ၎င်းတို့သည် သေသွားပါသည်။ မဂ္ဂနီစီယမ် ချို့တဲ့သကဲ့သို့ အပေါ်ယံအလွှာတွင် အတွင်းပိုင်းအညိုရောင်ပြသနေပါသည်။ အရွက်များတွင် ချို့တဲ့သည့် လက္ခဏာ မပြသခင်ကတည်းက အမြစ်ကြီးထွားဖွံ့ဖြိုးမှုသည် ရံဖန်ရံခါ ညံ့နေပါသည်။

Reason

ကယ်လ်စီယမ် ချို့တဲ့ခြင်း မဂ္ဂနီစီယမ်ချို့တဲ့မှုကြောင့်ဖြစ်ပေါ်သည့် လက္ခဏာနှင့် ဆင်တူပါသည်။ စိုက်ခင်းတွင် ကယ်လ်စီယမ်ချို့တဲ့မှု တွေ့ရခဲပါတယ်။ ထို့ကြောင့် ချို့တဲ့သည့်လက္ခဏာတွေ့ရလျှင် အများစုမှာ မဂ္ဂနီစီယမ်ချို့တဲ့မှုဟု စဉ်းစားကြပါသည်။

 

Calcium is important for

  • အရွက်နုများနှင့် ထိပ်ပိုင်း မရီစတန်တစ်သျှူးများ၏ကြီးထွားဖွံ့ဖြိုးမှု။
  • အပင်ထိပ်ဖျားရှိ အရွက်နုများ၊ အရွက်နှင့် အမြစ် ကြီးထွားဖွံ့ဖြိုးမှု။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅