fbpx

ခရမ်းချဉ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ဘိုရွန်ချို့တဲ့မှု အနည်းငယ်ဖြစ်ပေါ်လျှင် အရွက်ရိုးတံများ ကြွပ်ဆပ်ပြီး ရုတ်တရက်ကျိုးသွားနိုင်ပါသည်။ ၎င်းသည် အထွက်နှုန်းကို ပို၍လျှော့နည်းစေပါသည်။ အသီးများသည် ဈေးကွက်မဝင်တော့ပေ အဘယ့်ကြောင့်ဆိုသော် အသီးမျက်နှာပြင်တွင် အက်ကြောင်းများရှိနေသောကြောင့်ဖြစ်ပါသည်။ အမြစ်များသည်လည်း တုတ်တို၍ ထိပ်ပိုင်းတွင် အညိုရောင်ဆဲလ်သေများဖြစ်နေပါသည်။
ဘိုရွန်ချို့တဲ့မှု ပြင်းထန်လျှင် အဓိကကြီးထွားသော အညွှန့် နှင့် ဘေးတက်များ သေဆုံးသွားပြီး သီးနှံအထွက်နှုန်းကို ဆုံးရှုံးစေပါသည်။
ပို၍ငယ်ရွယ်သောအရွက်များသည် သေးငယ်ပြီး အတွင်းသို့ကွေးဝင်နေ၍ ပုံသဏ္ဍာန်ပျက်သွားပါသည်။ ရွက်ကြောများ ကြားတွင် အဝါရောင်မှ လိမ္မော်ရောင်ရှိသော အဝါရောင်ကွက်များ ပြနေပြီး ရွက်ကြောများသည် အဝါရောင် သို့မဟုတ် ခရမ်းရောင် ဖြစ်နေပါသည်။ ပို၍ရင့်သော အရွက်များသည် စိမ်းဝါရောင် ဖြစ်ပေါ်နေပါသည်။

Reason

ဘိုရွန်ချို့တဲ့ခြင်း ထုံးပါဝင်မှုများသောမြေကြီးတွင် ဘိုရွန်ချို့တဲ့မှု ဖြစ်စေနိုင်ပါသည်။ ထိုအရာသည် မြေကြီးတွင်ရှိသော ဘိုရွမ် မရွှေ့လျှားနိုင်မှုကို ဦးဆောင်နေပါသည်။ ထို့ကြောင့် ၎င်းကို အပင်မှ စုပ်ယူနိုင်စွမ်း မရှိပါ။
ကယ်လ်စီယမ်ဓာတ် ချို့တဲ့မှု ပြင်းထန်ခြင်းနှင့် အတူ ဖြစ်ပေါ်လာလျှင် ကြီးထွားသည့်နေရာ သေဆုံးခြင်းနှင့် ပို၍ ငယ်ရွယ်သော အရွက်များ ပုံသဏ္ဍာန်ပြောင်းလည်းသွားခြင်းကိုလည်း ဖြစ်ပေါ်စေပါသည်။ သို့သော် အရွက်ထိပ်နှင့် အရွက်အနားများ ခြောက်သွားခြင်း နှင့် အသီးများတွင် အသီးထိပ်ပုတ်ခြင်းတို့ ပြသနေပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅