fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

ငရုတ်သီး အကြိမ်ကြိမ် ခူးဆွတ်နိုင်ရန်

 တောင်သူဦးကြီးတွေ ငရုတ်သီးတွေ ခူးဆွတ်ချိန်ကြာလာပြီး အပင်တွေအားနည်းသလိုဖြစ်ပြီး အထွက်နှုန်းတွေ ကျဆင်းနေပြီးလား။ ငရုတ်သီးအရည်သွေး လျော့နည်းစေတဲ့ လက္ခဏာတွေဖြစ်တဲ့  ဖလံဖြူ၊ သီးတောင့် အဖျားကောက်တာတွေ ငှက်မျက်စေ့ရောဂါ ဆိုးရွားစွာကျရောက်မှုတွေ ဖြစ်နေပြီလား.....

_DSC1667-3

ဒီလိုဆိုရင်တော့ အပင်တွေဟာ အာဟာရဓာတ်တွေ (အစာ) လိုအပ်နေပြီဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။ ကျွန်တော့ တောင်သူဦးကြီးတွေဟာ ဆက်တိုက် အကြိမ်များများ ခူးဆွတ်နိုင်ဖို့အတွက် အာဟာရဓာတ်တွေ ပြန်လည်ထည့်ပေးပြီး အပင်ပြုစုခြင်းတွေကို ပြန်လည်လုပ်ဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။ အပင်အာဟာရ အနေနဲ့ လိုအပ်တဲ့အာဟာရတွေ အစုံလင်ပါတဲ့ ယာရာမီလာ ဝင်းနား မြေသြဇာ နှင့် ငရုတ်သီး အရည်သွေး ပိုမိုကောင်းမွန်စေတဲ့ ယာရာလီဗာ မြေသြဇာတို့ကို စနစ်တကျ မျှတစွာ ထည့်ပေးအားဖြင့် ငရုတ်ပင်ပြန်လည်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။ ငရုတ်ပင်မှာ အညွှန့်အသားတက်မှုအားကောင်းလာပြီး အဖူးအပွင့်အားကောင်းခြင်းတွေ အသစ်တဖန်တွေ့ရှိနိုင်တဲ့အပြင် ငရုတ်သီးခူးဆွတ်ရတဲ့ အချိန် ပိုမို ကြာရှည်လာနိုင်ပြီး အရည်အသွေး အထွက်နှုန်းပိုမိုတိုးလာတာကို လက်တွေ့ခံစားရမှာပဲ ဖြစ်ပါတယ်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅