fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

သင့်အာလူးများ ကယ်လစီယမ်ဓာတ် လုံလုံလောက်လောက်ရသလား

ကယ်လစီယမ်သည် အာလူးအတွက် အရေးကြီးသည့် အာဟာရ တစ်မျိုးဖြစ်ပြီး အာလူးကြီးထွားစဉ် ကယ်လစီယမ်လုံလုံလောက်လောက် ကျွေးပေးခြင်းဖြင့် အာလူးဥအရည် အသွေးဆိုင်ရာ သွင်ပြင်လက္ခဏာ အများစုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သည်။

ကယ်လစီယမ်သည် အာလူးသီးနှံတွင် ကလာပ်စည်းနံရံများ၊ အရွက်ကျန်းမာသန်စွမ်းခြင်းနှင့် အာလူးဥဖွံ့ဖြိုးကြီးထွားခြင်းတို့ကို ထိန်းသိမ်းရန်အတွက် လိုအပ်သည်။

 

ကယ်လစီယမ်သည် အာလူးဥအရည်အသွေးဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးသည်။

ကယ်လစီယမ်ချို့တဲ့ခြင်းကို အတွင်းသံချေးတက်ခြင်းဟု လူသိများပြီး ကလာပ်စည်းများသေသွားခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာအတွင်းပိုင်း ချွတ်ယွင်းကာ အာလူးဥပေါ်တွင် အညိုရောင်အစက်ငယ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကလာပ်စည်းနံရံများအတွင်း ကယ်လစီ ယမ်ချို့တဲ့ခြင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည်။ ဆိုလိုသည်မှာ ချို့တဲ့မှု ကြောင့် လုံလုံလောက်လောက် ပျက်စီးသွားခြင်းမဟုတ်သော်လည်း ကလာပ်စည်းများ ကြီးထွားလာသောအခါ ကလာပ်စည်းနံရံများပျက်စီးသွားပြီး အသားပုပ်သွားခြင်းဖြစ်သည်။


ကယ်လစီယမ်သည် ကလာပ်စည်းနံရံများထဲသို့ပေါင်းစည်းဝင်ရောက် သွားပြီးပါကပြန်လည်ဝေငှမပေးနိုင်တော့ပေ။ ထို့ကြောင့် ကလာပ်စည်းအသစ်များကြီးထွားဖွံ့ဖြိုးနေချိန်တွင် ကယ်လစီယမ်ကို လုံလုံလောက် လောက်ရရှိရန်အရေးကြီးသည်။ ဖော်ပြခဲ့သည့်အတိုင်းပင် ကယ်လစီယမ် သည် ကလာပ်စည်းနံရံများနှင့် ပေါင်းစပ်သွားပြီးနောက် ကလာပ်စည်းများ ဖြစ်ပေါ်လာပြီး အထူးသဖြင့် အခွံ၊ အားသန်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကယ်လစီယမ် လုံလုံလောက်လောက်ကျွေးခြင်းသည် အာလူး အပေါ်ယံအခွံကို ကောင်းမွန်စေသဖြင့် တူးဖော်ကိုင်တွယ်စဉ် ဖြစ်ပေါ်နိုင်သည့် ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်သည်။


နောက်ဆုံးအနေဖြင့် ကယ်လစီယမ်သည် အာလူးများကို ဆိုးကျိုးသက်ရောက်စေသော ဘက်တီးရီးယားပိုးကြောင့် ဖြစ်တတ်သည့်ရောဂါများကိုလည်း ကာကွယ်ရန်ကူညီပေးနိုင်သည်။ အပေါ်ယံအခွံပို၍သန်စွမ်းခြင်း ဆိုသည်မှာ ထိခိုက်ပျက်စီးမှုနည်းပါးခြင်းဖြစ်ပြီး ပျက်စီးနေသည့်အခွံမှတဆင့် ဘက်တီးရီးယားရောဂါ ဝင်ရောက်ကူးစက်မှုကို လျော့နည်းစေရန် အထောက်အကူပြုသည်။ အာလူးစိုက်ပျိုးရာတွင် မြေခံထည့်ချိန်၌ ထောက်ခံချက်ရရှိပြီးသော နိုက်ထရိုဂျင်ပမာဏ ၆၀-၇၀ ရာခိုင်နှုန်းကျွေးသင့်သည်။ ထပ်မံထည့်သွင်းချိန်တွင် ကျန်ရှိနေသည့်နိုက်ထရိုဂျင်နှင့်အတူ ကယ်လစီယမ်ကိုပါအတူတကွ ကျွေးသင့်သည်။ အာလူးဥ စတင်ဖြစ်ပေါ်လာချိန်တွင် ယာရာလီဗာထရိုပီကုတ်ကို တစ်ဟက်တာလျှင် အသင့်စားသုံးနိုင်သော ကယ်လစီယမ် ၁၀၀ ကီလိုဂရမ်နှင့်အတူ ၄၀၀-၅၀၀ ကီလိုဂရမ် (တစ်ဧကလျင် ၃-၄ အိတ်) ကျွေးသင့်သည်။ အသင့်စားသုံးနိုင်သော ကယ်လစီယမ်ရရှိရန် အချိန်အတော်အတန်ကြာသည့် ကယ်လစီယမ်အမိုးနီးယန်းနိုက်ထရိတ်နှင့် ရောထွေးမသွားစေလိုပါ။ အသင့်စားသုံး နိုင်သော ကယ်လစီယမ်ရရှိရန် အချိန်အတော်အတန်ကြာသောကြောင့် ကယ်လစီယမ်အမိုးနီးယန်းနိုက်ထရိတ်သည် အာလူးကဲ့သို့သော တန်ဖိုးမြင့်သီးနှံများအတွက် အသုံးပြုရန်မသင့်တော်ချေ။

 

အာလူးသည်ပျော်ဝင်နိုင်သောကယ်လစီယမ်အရင်းအမြစ်တခုလိုအပ်

ကယ်လစီယမ်ကို အချိန်မှန်မှန်ကျွေးရန်လိုအပ်ရုံမျှမက အသုံးပြု၍ရနိုင် သော ကယ်လစီယမ်အရင်းအမြစ်ဖြစ်ရန်လည်းလိုအပ်သည်။ တခါတရံတွင် ထုံးပါသည့်ပစ္စည်းများတွင် သီးနှံပင်များအတွက် ကယ်လစီယမ် လုံလုံလောက်လောက် ပေးစွမ်းနိုင်လိမ့်မည်ဟု အထင်အမြင်လွှဲမှားတတ်ကြသည်။ ထုံးပါဝင်သောပစ္စည်းအများစုမှာ ကယ်လစီယမ်ကာဗွန်နိတ်ဓါတ် ကိုအခြေခံသည်။ ဆိုလိုသည်မှာ အဆိုပါပစ္စည်းများသည် ရေတွင် ပျော်ဝင်နိုင်ခြင်းမရှိသဖြင့် စိုက်ပျိုးရာသီတလျှောက်လုံးတွင် အာလူးသီးနှံမှ လွတ်လပ်စွာစားသုံးနိုင်ခြင်းမရှိချေ။


ဥပမာအားဖြင့် ထုံးသည် ကယ်လစီယမ်ကာဗွန်နိတ်ဖြစ်သည်။ ကယ်လစီယမ်ကာဗွန်နိတ် ၁ ကီလိုဂရမ်ကို ဖျော်ရန်အတွက် ရေ ၆၆၀၀၀ လီတာလိုသည်။ ဆိုလိုသည်မှာ ကယ်လစီယမ်ကို အပင်မှ အသင့်စားသုံးနိုင်ရန် အချိန်အတော်အတန်ကြာ ယူရမည်ဖြစ်သည်။ သို့ရာတွင် ယာရာလီဗာထရိုပီကုတ်မှာ ကယ်လစီယမ်နိုက်ထရိတ် ၁ ကီလိုဂရမ်ကို ဖျော်ရန်အတွက် ရေ ၁ လီတာသာလိုသည်။ ဆိုလိုသည်မှာ ယာရာလီဗာထရိုပီကုတ်တွင် ကယ်လစီယမ်ပျော်ဝင်မှု စွမ်းအား မြင့်မားခြင်းဖြစ်သည်။


ယခင်ရှင်းပြခဲ့အတိုင်း အာလူးသီးနှံတွင် အာဟာရကျွေးရန် အချိန်ကိုက်ဖြစ်မှုသည် အာလူးဥကြီးထွားဖွံ့ဖြိုးစဉ် ပျော်ဝင်နေသော ကယ်လစီယမ်နှင့် ထိတွေ့ရန်အတွက် အဓိကအရေးကြီးသည်။ ထို့ကြောင့် ဥစတင် ဖြစ်ထွန်းချိန်သည် အာဟာရကျွေးရန် အကောင်းဆုံးအချိန်ဖြစ်သည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅