fbpx

သတင်း နှင့် ဖြစ်ရပ်များ

ယာရာစိုက်ပျိုးရေး ပညာရှင်များအတွက် စံသတ်မှတ်ချက်အဆင့်များ

ယာရာစိုက်ပျိုးရေးပညာရှင်များအတွက် ရည်မှန်းချက်

စိုက်ပျိုးရေး ပညာရှင်များသည် ၎င်းတို့၏သက်ဆိုင်ရာ ဧရိယာအတွင်း သီးနှံအာဟာရဆိုင်ရာ ခေါင်းဆောင်များကဲ့သို စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြသော သတ်မှတ် ထားခံရသူများ ဖြစ်ပါသည်။

ကျွန်တော်တို့ယာရာသည် ကမ္ဘာပေါ်တွင် အတော်ဆုံးသော သီးနှံအာဟာရဆိုင်ရာ စိုက်ပျိုးရေး ပညာရှင်များကိုသာ လိုအပ်ပါသည်။ လက်တွေ့ဆောင်ရွက်မှုမှ ရရှိလာသော အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်သော အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်ပေးနိုင်သော ကမ္ဘာတစ်ဝှမ်း စိုက်ပျိုးရေးပညာရှင် ကွန်ယက်လည်းရှိပါသည်။ ယာရာသည် အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှု နှင့် အသိပညာဗဟုသုတ အကဲဖြတ်သည့် သင်တန်းများကိုလည်း စနစ်တကျ လုပ်ဆောင်နေပါသည်။

အသိပညာဗဟုသုတတိုးပွားလာမှု

ကျွန်တော်တို့သည် ယာရာတွင် အသိပညာ ဗဟုသုတ တိုးပွားလာမည်ဟု ယုံကြည်ပါသည်။ “ကျွန်ုပ်တို့ ကုမ္ပဏီဟာ လွန်ခဲ့သော နှစ်ပေါင်း (၁၁၅) ခုနှစ်တည်းက တည်ဆောက်ထားပြီး ကျွနုပ်တို့ရဲ့ နှလုံးသားထဲမှာ အသိပညာ ဗဟုသုတ၊ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုအပေါ် အပြည့်အဝထောက်ခံမှုတို့ အမြဲတမ်းတည်ရှိနေပြီ ဖြစ်ပါတယ်။ ”
Terje Knutsen
EVP Sales & Marketing, Yara International

ကျွန်တော်တို့ရောင်းချနေသော နိုင်ငံပေါင်း (၁၆၀) နှင့်ဆက်စပ်နေသော နိုင်ငံ (၆၀) တွင်အရည်အသွေး ပြည့်ဝသောစိုက်ပျိုးရေးဝန်ထမ်းကွန်ယက်သည် အဖွဲ့အစည်းတစ်ခုလုံး ခြုံမိအောင် အသိပညာ ဗဟုသုတများ အကဲဖြတ်သည့် အဖွဲ့လည်းဖြစ်ပါသည်။ အသိပညာဗဟုသုတများ အကဲဖြတ်သည့် သင်တန်းများတွင် သီးနှံဗဟုသုများ၊ အပင်အာဟာရများ၊ စိုက်ပျိုးမြေများ၊ မြေသြဇာများ၊ မြေသြဇာထုတ်လုပ်ခြင်းများ စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများအကြောင်း စသည့် အပိုင်းများကိုလည်း သင်တန်းပို့ချပေးပါသည်။ ထိုသင်တန်းများမှ ရရှိလာသော အသိပညာ ဗဟုသုတများကို သီးနှံအာဟာရအကြံပေးများမှ တောင်သူပညာပေး ဆွေးနွေးပွဲများနှင့် စမ်းသပ်စိုက်ခင်း သရုပ်ပြပွဲများတွင် တောင်သူများအား ပြန်လည်မျှဝေပေးခြင်းတွေ လုပ်ဆောင်ပေးပါသည်။

ထုတ်ကုန်များဖွံ့ဖြိုးလာမှုနှင့် ယာရာမြေသြဇာကျွေးသည် အစီအစဉ်တိုးတက်လာမှုတွင် ယာရာစိုက်ပျိုးရေး ပညာရှင်များသည် အရေးကြီးသည့်အခန်းကဏ္ဍပါဝင်နေသည်။ ထို့ကြောင့် သီးနှံအာဟာရ အကြံပေးများ၏ အသိပညာဗဟုသုတရှိမှု အပေါ်မူတည်ပြီး စိုက်ပျိုးရေးပညာရှင်များ တိုးတက်မှု စံသတ်မှတ်ချက် အဆင်ဆင့်ရှိပါသည်။

စိုက်ပျိုးရေးပညာရှင်အဖြစ် စံသတ်မှတ်ချက် အဆင့်များ

ယာရာမှ စိုက်ပျိုးရေးပညာရှင်အဖြစ် စံသတ်မှတ်ချက် အဆင့်များမှာ (၆) ဆင့်ရှိပါသည်။

P1= ကျွမ်းကျင်ပညာရှင် အဆင့် ၁
ထိုဖွဲ့စည်းတည်ဆောက်ပုံသည် ယာရာမော်ဒယ်ဖြစ်သော စိုက်ပျိုးရေး ပညာရှင်အဖြစ် စံသတ်မှတ်ချက် အဆင့်များပေါ် အခြေခံထားပါသည်။ စိုက်ပျိုးရေး ပညာရှင် အားလုံးသည် ထိုအဆင့် များကို လိုက်နာရမည်ဖြစ်ပြီး သင်တန်းအဆင့်ဆင့်ကို တက်ရောက်ရမည် ဖြစ်ပါ သည်။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅