fbpx

ယာရာလီဗာ - ကယ်လ်စီယမ် နိုတ်ထရိတ် မြေသြဇာများ

တန်ဖိုးမြင့် ယာထွက်သီးနှံပင်များအတွက် လျင်မြန်စွာဓါတ်ပြုသော နိုက်ထရိတ်နိုက်ထရိုဂျင် ပါရှိသည့် ဓါတ်မြေသြဇာ အများအပြားတွင် အားသန်စေသော ကယ်လစီယမ်ဓါတ်လည်း အတူပါရှိသည်။

YL Nitrabor E

ကုန်ကျစရိတ်သက်သာသော နိုက်ထရိုဂျင်အရင်းအမြစ်

ယာရာလီဗာဓါတ်မြေသြဇာများသည် ကယ်လစီယမ်နိုက်ထရိတ်အခြေခံဓါတ်မြေသြဇာအမျိုးမျိုးဖြစ်ကြပြီး လျင်မြန်စွာဓါတ်ပြုသော နိုက်ထရိတ်နိုက်ထရိုဂျင်နှင့်အတူ အားသန်စေသောကယ်လစီယမ်နှင့်ဘိုရွန်တို့ပေါင်းစပ်ပါဝင်ပြီး တန်ဖိုးမြင့်အရည်အသွေးကောင်း ယာထွက်သီးနှံပင်များ၏ အရွယ်အစား၊ သန်စွမ်းမှု၊ ပုံသဏ္ဍာန်နှင့် အရေးကြီးသည့်ဈေးကွက်ဝင်အထွက်နှုန်းစသည်တို့အတွက် ထုတ်လုပ်ထားသည်။

အာဟာရဓာတ်များ ရွေးချယ်ပါ

အပင်မှစုပ်ယူစားသုံးနိုင်သည့် အကျိုးများသော အာဟာရဓါတ်များ

  • ချက်ချင်းစုပ်ယူစားသုံးနိုင်သည့် နိုက်ထရိုဂျင် - ယာရာလီဗာဓါတ်မြေသြဇာများအားလုံးတွင့် နိုက်ထရိုဂျင်အရင်းအမြစ်ကို ပို၍တိုးပွားစေသော လျင်မြန်စွာဓါတ်ပြုသော နိုက်ထရိတ်နိုက်ထရိုဂျင် ပါဝင်သည်။ သီးနှံပင်များသည် နိုက်ထရိတ်နှင့် ပိုမိုလျင်မြန်စွာလိုက်လျောညီထွေဖြစ်စေသည်။ ၎င်းသည်မြေကြီးထဲသို့ လျင်မြန်စွာ ရောက်ရှိလွယ်၍ သီးနှံပင်မှ ချက်ချင်းစားသုံးနိုင်သည်။
  • ပျော်ဝင်မှု မြင့်မားသောကယ်လစီယမ် - ကယ်လစီယမ်သည် ကယ်လစီယမ်၏ ပျော်ဝင်အလွယ်ဆုံးပုံစံဖြစ်သော ကယ်လစီယမ်နိုက်ထရိတ် ပုံသဏ္ဍာန်ဖြင့် ပါရှိပြီး အခြားပျော်ဝင်မလွယ်သော ပုံစံများနှင့်မတူပဲ အပင်မှ ချက်ချင်းစုပ်ယူ စားသုံးနိုင်သည်။
  • မရှိမဖြစ်ဘိုရွန် - ကယ်လစီယမ်နှင့်အတူ ဘိုရွန်သည် အပင်များ၏ ကလာပ်စည်းပေါင်းစည်းဖွဲ့စည်းမှု နှင့် ထုတ်လုပ်မှု တို့ကို တိုးတက်ကောင်းမွန်စေသည်။ ကယ်လစီယမ်ပမာဏ များပြားမှုကြောင့် တစ်ရှူးးမာကျောခြင်းနှင့် အက်ကွဲမှုအန္တရာယ် မြင့်မားလာသည့်အချိန်မျိုး၊ တစ်ရှူးးကျုံ့လွယ် ဆန့်လွယ်နိုင်မှု ဖြစ်စဉ်တိုးလာချိန်တွင် ဘိုရွန်မှ ပြန်လည်ထိန်းညှိပေးခြင်းတို့ကို ဆောင်ရွက်ပေးသည့် အခြေအနေမျိုးတွင် ကယ်လ်ဆီယမ်က စုပေါင်းချိန်ညှိ လုပ်ဆောင်ပေးပါသည်။

ပိုမိုကျန်းမာသန်စွမ်းပြီး ပိုမိုအဖိုးထိုက်တန်သည့် သီးနှံပင်များနှင့် ထုတ်ကုန်

  • လတ်ဆတ်မှု ကို ကြာရှည်စေခြင်း - သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို စတင်ညှိုးနွမ်းခြင်း သို့မဟုတ် အလေးချိန် လျော့ကျခြင်းတို့ မဖြစ်ပေါ်မီ ကြာရှည် လတ်ဆတ်နေစေရန်နှင့် အရည်အသွေး မြင့်မားပြီး ဈေးကောင်းရသည့် ထွက်ကုန်အဖြစ် နာမည်ဂုဏ်သတင်း ကျော်စောစေပါသည်။
  • ကလာပ်စည်းနံရံများပိုမိုထူထဲစေခြင်း - ကယ်လစီယမ်သည် ကလာပ်စည်းများကို အတူတကွ ပေါင်းစည်းပေးပြီး ကလာပ်စည်းဖွဲ့စည်းပုံတွင် အဓိကအခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပါသည်။ ကယ်လစီယမ်မလုံလောက်ခြင်းသည် ကလာပ်စည်းနံရံများ ပိုမိုအားနည်းလာခြင်းနှင့် ကလာပ်စည်းများပျက်စီးလာခြင်းတို့ကို ဦးတည်ဖြစ်ပေါ်စေသည်။
  • ဒါဏ်ခံနိုင်ရည်မြင့်မားခြင်း - ကယ်လစီယမ်ကောင်းကောင်းကျွေးပေးခြင်းသည် သီးနှံပင်များအား ရောဂါ ဖြစ်ပွားကူးစက်လွယ်မှု နည်းအောင် ပြုလုပ်ခြင်းနှင့် ဇီဝကမ္မဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်းတို့ကို ဖြစ်စေသော ဖိစီးမှု ဒါဏ် အများအပြားကို ခံနိုင်ရည်ရှိအောင်ကူညီပေးသည်။
  • အာဟာရဓါတ်တန်ဖိုးပိုမိုမြင့်မားမှု - ကယ်လစီယမ်တွင် အရေးကြီးသော ဓါတ်ပြောင်းလဲဖွဲ့စည်းသည့် လုပ်ငန်းဆောင်တာ တစ်ခုပါရှိရုံသာမက ကယ်လစီယမ်အရန်ထားရှိမှု များ (အရိုး များ) မှာလည်း လူသားများ၏ ဖွဲ့စည်းပုံဆိုင်ရာ အတွက် အရေးကြီးသည်။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅