fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

သဘာဝပတ်ဝန်းကျင်နှင့် ပြန်လည်သုံးစွဲခြင်း


ဖြစ်နိုင်ပါက မြေသြဇာများကို မြစ်စမ်းချောင်းများမှဖြစ်စေ၊ရေလွှတ်ပိုက်လမ်းကြောင်းမှဖြစ်စေ အနည်းဆုံး ၁၀ မီတာခွာ၍ သိုလှောင်ထားသင့်ပြီး ရေတွင်းမှ (ဥပမာ မီတာ ၅၀ အထိ) ကောင်းစွာခွာထားသင့်ပေသည်။ မြေသြဇာပတ်ကြဲစက်ကို မှန်ကန်စွာ အသုံးပြုခြင်း၊ ဖိတ်ကျမှုများနှင့်အိတ်များကို သင့်လျော်စွာစွန့်ပစ်ခြင်းသည် ရေစီးဆင်းမှုကို တားဆီးပေးနိုင်သည်။ ယာရာမှထောက်ခံချက်များတွင် အပင်မှအစာစားသုံးမှု အမြင့်မားဆုံးဖြစ်စေရန်အတွက် မည်သည့်အချိန် မြေသြဇာပတ်ကြဲသင့်ကြောင်း အကြံပြုချက်များပါဝင်ပြီး ထိုအကြံပြုချက်များသည် သဘာဝပတ်ဝန်းကျင်အတွင်း အလေလွင့်များကို လျှော့ချပေးနိုင်သည်။

 

မြေသြဇာအိတ်အရည်အသွေး

အိတ်များသည် စိုထိုင်းမှုနှင့် ပြင်ပဖိအားများကြောင့် ပုံပျက်ခြင်းများကို ကာကွယ်ပေးနိုင်သည်။ ထိုအိတ်များကို ပိုလီသိုင်လင်း (PE)၊ ပိုလီပရိုပိုင်လင်း (PP)၊ စာရွက် သို့မဟုတ် ထိုကုန်ပစ္စည်းများကို ပေါင်းစပ်ထားခြင်းအားဖြင့် (လေသွင်းအိတ်များ၊ ဖယောင်းပိတ်နှင့် ချုပ်အိတ်များအတွက် ဒိုးလျှိုပေါက်အိတ်များ) ပြုလုပ်ထားခြင်းဖြစ်သည်။ အိတ်များကို အသေးစိတ်သတ်မှတ်ချက်များအရ ပြုလုပ်ထားခြင်းဖြစ်သည်။

စာရွက်အလေးချိန်၊ စာရွက်အလွှာ
ပလတ်စတစ်ပြားအထူ (ပိုလီသိုင်လင်း)
ဖိုင်ဖာမျှင်အလေးချိန် (ရက်လုပ်ထားသော ပိုလီပရိုပိုင်လင်း)
ခံနိုင်ရည်အားနှင့် ဆန့်ထွက်အား
အတိုင်းအတာ
အဖြည့်ခံပစ္စည်းအဖြစ် နေစွမ်းအင်ထိန်းညှိပစ္စည်း (UV-stabilizer)

 

မြေသြဇာအိတ်များကို ပြန်လည်အသုံးချခြင်း

 

အိတ်များကို ပါဝင်ပစ္စည်းများ ကုန်စင်နိုင်သမျှကုန်စင်စေရန် လှုပ်ခါချသင့်သည်။ အိတ်အလွတ်များကို ဘေးအန္တရာယ်မရှိသော အိတ်များအဖြစ်စွန့်ပစ်နိုင်သကဲ့သို့ ပြန်လည်၍လည်း အသုံးပြုနိုင်သည်။ စမ်းသပ်ရာတွင် ထိုကဲ့သို့ကျင်းထားသော အိတ်များသည်သာ အကြွင်းအကျန်များကို ခြေရာကောက်နိုင်ပြီး ဘေးအန္တရာယ်မရှိသောပစ္စည်းများအဖြစ် သတ်မှတ်နိုင်သည်။ ထုတ်ပိုးပစ္စည်းများပြန်လည်အသုံးပြုခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့် လမ်းညွှန်ချက်များရှိပေသည်။

ထည့်သွင်းစဉ်းစားရမည့် ထုံးစံအချက်များမှာ -

လိုအပ်သော ကုန်ပစ္စည်းပမာဏနှင့် ကိုက်ညီသော အိတ်အရွယ်အစားကို အသုံးပြုခြင်းအားဖြင့် စွန့်ပစ်အိတ်များကို အနည်းဆုံးလျော့ကျစေနိုင်သည်။
ကျင်းထားသော အိတ်အလွတ်များကို မြေသြဇာများပြန်လည်ထည့်ရန် အသုံးမပြုရ။
အိတ်ကိုကျင်းပါ။ ရေဖြင့်သုံးခါဆေးကြော၍ ပါဝင်သောအရည်များကို သွန်ပစ်ပါ။ ဆေးကြောထားသောရေကို အန္တရာယ်ကင်းစွာ စွန့်ပစ်ပြီး အသုံးပြုခါနီးအချိန်တွင် ရေဖျန်းကန်အတွင်းသို့ထည့်ပါ။
အမှုန့်များကို ကုန်စင်အောင် ထုတ်ပါ။
အိတ်အလွတ်များကို အမျိုးအစားအလိုက် ခွဲခြားထားပါ။

 

မြေသြဇာအိတ်များကို ပြန်လည်အသုံးချခြင်း


၁။ ပြန်လည်အသုံးချသောအခါ သင့်လျော်သော သင်္ကတများကို ကြည့်ရှုပါ။
၂။ HDPE - သိပ်သည်းမှုများသော ပိုလီသိုင်လင်း
သိပ်သည်းမှုများသော ပိုလီသိုင်လင်းသည် အနည်းငယ်ချောမွတ်နေပြီး တစ်စိတ်တစ်ပိုင်း ကြမ်းတမ်းမှုရှိသည်။ မချေခွဲနိုင်ပါ။ ရေတွင်ပေါ်သည်။
၄။ LDPE - သိပ်သည်းမှုနည်းသော ပိုလီသိုင်လင်း
သိပ်သည်းမှုနည်းသော ပိုလီသိုင်လင်းကို အိတ်အပျော့များတွင် အသုံးပြုသည်။ ပြန်လည်အသုံးပြုနိုင်သော သိပ်သည်းမှုနည်းသည့် ပိုလီသိုင်လင်းကို ဈေးဝယ်အိတ်များတွင် အများအားဖြင့် အသုံးပြုကြသည်။
၅။ PP - ပိုလီပရိုပိုင်လင်း
ပိုလီပရိုပိုင်လင်းသည် အမျှင်များအနေဖြင့် ရှည်ထွက်ပြီး မီးလောင်သောအခါ ဓာတုအနံ့ထုတ်လွှတ်သည်။


ချို့တဲ့သော မြေသြဇာကိုလည်း လုံခြုံစိတ်ချစွာ စွန့်ပစ်ရပေမည်။ မြေသြဇာပတ်ကြဲရန်အတွက် သင့်တင့်သော အရည်အသွေးများ မရှိသော်လည်း ၎င်းတွင် အရေးပါသောအာဟာရဓါတ်များ ပါဝင်လျက်ရှိသေးသည်။ ထို့ကြောင့် ၎င်းတို့ကို စုဆောင်း၍ လမ်းညွှန်ချက်အတိုင်း အသုံးပြုရပေမည်။ အသုံးမပြုနိုင်ပါက ၎င်းတို့ကို အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအနေဖြင့် ကိုင်တွယ်ဖြေရှင်းသင့်ပေသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅