fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ခရမ်းချဉ်

ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ရေးတွင် ဇင့်အာဟာရ၏ အခန်းကဏ္ဍ

ဇင့်သည် မဂ္ဂနီးစ်နှင့်မဂ္ဂနီစီယမ်နှင့် အလားတူများစွာသော အင်ဇိုင်းဓာတ်ပြုခြင်းများတွင် ပါဝင်သည်။

၎င်းသည် ဆစ်ကြားရှည်ထွက်ခြင်းကိုလွှမ်းမိုးသော ထိန်းချုပ်ပစ္စည်းများ (ဥပမာအားဖြင့် အောက်ဇင်) ၏ ဖွံ့ဖြိုးခြင်းနှင့် လုပ်ဆောင်ချက်အတွက် အရေးကြီးသည်။

ကြီးထွားမှုအဆင့်များရှိဇင့်၏အကျိုးသက်ရောက်မှု

အဆင့်ဇင့်၏အကျိုးသက်ရောက်မှု
အပင်ငယ် ကောင်းမွန်သောအညွန့်ကြီးထွားမှုကိုသေချာစေသည်။
ပင်ပိုင်းကြီးထွားမှု ကြီးထွားမှုကိုပုံမှန်ဖြစ် စေပါသည်။ 
ပန်းပွင့်ခြင်း - အသီးတင်ခြင်း ပန်းပွင့်တင်ခြင်း၊ ဖွံ့ဖြိုးခြင်းနှင့် အသီးသီးခြင်းတို့အားများနိုင်သမျှများစေသည်။
အသီးရင့်မှည့်ခြင်း အရွယ်ရောက်ခြင်း အမှည့်ညီညာမှုကိုသေချာစေသည်။

ခရမ်းချဉ်ကြီးထွားမှုအဆင့်များတွင် နောက်ထပ်ကြည့်ပါ။

ခရမ်းချဉ် မြေသြဇာအစီအစဉ်


ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထားချက်အရ ယာရာ (Yara) ၏ခရမ်းချဉ်အတွက် အာဟာရကျွေးသည့် အစီအစဉ်များသည် သင့်အားအထွက်နှုန်းနှင့် အရည်အသွေးပိုမိုကောင်းမွန်စေသော သီးနှံပင်များကိုရရှိစပေါသည်။

ဇင့်အသုံးပြုခြင်းအတွက် ယေဘုယျလမ်းညွှန်ချက်များ

ဇင့်ကိုစိုက်ပျိုးရာသီတစ်လျှောက်လုံး အသုံးပြုနိုင်သည်။ မြေဩဇာကျွေးသည့် အစီအစဉ်တွင် ပန်းမပွင့်မီလုံလောက်သော ဇင့်ကိုထည့်သွင်းအသုံးပြုဖို့သေချာအောင်လုပ်ပါ။ ရွက်ဖျန်းအသုံးပြုခြင်းများသည် အာဟာရချို့တဲ့မှုကို ကုသရာတွင် အသင့်တော်ဆုံးနည်းလမ်းများဖြစ်ကြသည်။ မှန်လုံအိမ်တွင်စိုက်ပျိုးသောခရမ်းချဉ်သီးနှံများတွင်ဇင့်အာဟာရချို့တဲ့ခြင်းကိုတွေ့ရခဲသည်။

ခရမ်းချဉ်သီး ဇင့်ချို့တဲ့ခြင်း

 

ဆစ်ကြားများကျုံလှီပြီးတိုလာကာ (ပုံမှန်အပင်များနှင့်နှိုင်းယှဉ်ကြည့်ပါကသုံးပုံတစ်ပုံမှတစ်ဝက်သာရှိသည်) အပင်ကိုတံမျက်စည်းပုံစံဖြစ်သွားစေပါသည်။ အရွက်များသေးငယ်ပြီးထူလာကာ ‘သားရေကဲ့သို့မာကြမ်းပျဉ်းတွဲ’ သည့်ပုံစံပေါ်လာသည်။ ရွက်မွှေးများထူထဲသောကြောင့် ပိုမိုသေးငယ်သော အရွက်များသည်ငွေရောင်တောက်ပြီး မီးခိုးစိမ်းတောက်တောက်ရှိလာသည်။ ပုံသဏ္ဌာန်မမှန်သောစိမ်းဝါရောင်ဆဲလ်သေအစွန်းအကွက်များအရွက်များပေါ်တွင်ပေါ်လာကြသည်။


၎င်းတို့သည်အရွက်တစ်ခုလုံးပေါ်သို့တစ်သျှူးများ သေည့်ဒဏ်ရာများအဖြစ်ဖွံ့ဖြိုးလာနိုင်သည်။ အရွက်များသေသွားကြပြီး ကြွေကျကာ ပန်းပွင့်များမှာလည်း ထိပ်မှစသေသွားကြသည်။ ဖွံ့ဖြိုးနေသောအသီးတိုင်းသေးငယ်မြဲသေးငယ်နေကာအချိန်မတိုင်မီ ရင့်မှည့်လာသည်။ ဖော့စ်ဖရပ်စ် ပမာဏမြင့်မားခြင်းသို့မဟုတ် လေမဲ့အခြေအနေများသည်ဇင့်အာဟာရချို့တဲ့ခြင်းကိုဖြစ်စေနိုင်သည်။ ဇင့်များလွန်းပါကအပင်များတွင်သံဓာတ်ချို့တဲ့လက္ခဏာများ (ဆိုလိုသည်မှာသက်တမ်းငယ်သောအရွက်များဆဲလ်သေသွားခြင်း) နှင့်နီးစပ်စွာတူသောလက္ခဏာများကိုပြသသည်။


ခရမ်းချဉ် ဇင့်နှင့်အခြားအာဟာရများအကြောင်းကိုအောက်ပါ ခရမ်းချဉ်သီးနှံအာဟာရပေးခြင်းတွင်နောက်ထပ်ကြည့်ပါ။

သင့်ရဲ့ ခရမ်းချဉ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ခရမ်းချဉ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅