fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ခရမ်းချဉ်

ခရမ်းချဉ်ကြီးထွားမှုအဆင့်တွင် အာဟာရဓာတ်များ၏ အခန်းကဏ္ဍ

နိုက်ထရိုဂျင် နှင့် ပိုတက်စီယမ်ဓာတ်တို့သည် -သန်မာသောအစောပိုင်းကြီးထွားမှုကိုအားပေးပါတယ်။

အပင်ငယ်

 

နိုက်ထရိုဂျင် နှင့် ပိုတက်စီယမ်ဓာတ်တို့သည် သန်မာသောအစောပိုင်းကြီးထွားမှုကိုအားပေးပါတယ်။

 

ဖော့စ်ဖရပ်စ်ဓာတ်ကတော့ အမြစ်ဖွံ့ဖြိုးမှုကိုများနိုင်သမျှများစေနိုင်ပါတယ်။ 

 

ကယ်လ်စီယမ်ဓာတ်သည် အမြစ်နှင့်အရွက်ကြီးထွားမှုကိုတိုးစေပါတယ်။

 

ဘိုရွန်၊ ဇင့်၊ မဂ္ဂနီးစ်၊ မိုလီဒီနမ်ဓာတ်တွေကတော့ ကောင်းမွန်သောအညွန့်ကြီးထွားမှုကိုဖြစ်စေနိုင်ပါတယ်။

 

 

 

 

ပင်ပိုင်းကြီးထွားမှု


နိုက်ထရိုဂျင် နှင့် ပိုတက်စီယမ်ဓာတ်တွေကလည်း ကြီးထွားမှုဆက်လက်ဖြစ်ခြင်းကို အားပေးနိုင်သော ဓာတ်တွေဖြစ်ပါတယ်။ 

 

ပိုတက်စီယမ်နှင့်မဂ္ဂနီစီယမ် ကတော့ ပန်းမပွင့်မီအရွက်တစ်သျှူးများတွင် ပမာဏများနိုင်သမျှ အများဆုံးရှိနေဖို့ လိုအပ်ပါတယ်။

 

ကယ်လ်စီယမ်နှင့် ဆာလ်ဖာသည်လည်း ကျန်းမာသန်စွမ်းသည့် အပင်ကြီးထွားမှုကိုထိန်းသိမ်းပေးနိုင်သော အာဟာရဓာတ်များဖြစ်ပါတယ်။

 

ဘိုရွန်၊ ဇင့်၊ မဂ္ဂနီးစ်၊ မိုလီဒီနမ်တို့သည်လည်း ကြီးထွားမှုရပ်တန့် မနေဖို့အတွက် လိုအပ်သော အရေးပါသည့် အနည်းလို အာဟာရဓာတ်များ ဖြစ်ပါတယ်။

 

 

 

 

ပန်းပွင့်ခြင်း - အသီးတင်ခြင်း

 

ပိုတက်စီယမ်နှင့်မဂ္ဂနီစီယမ် - အပင်ကြီးထွားမှုကိုထိန်းသိမ်းပေးပြီးပန်းပွင့်အရေအတွက်ကိုများနိုင်သမျှ များစေပါတယ်။

ပိုတက်စီယမ်နှင့်မဂ္ဂနီစီယမ် - အသီးဖွံ့ဖြိုးစေပါတယ်။

ကယ်လ်စီယမ် - သီးနှံမျိုးပွားခြင်းဆိုင်ရာဖွံ့ဖြိုးမှုကိုများနိုင်သမျှ များစေပါတယ်။

မဂ္ဂနီစီယမ် - ပန်းပွင့်ခြင်းနှင့် သီးနှံထုတ်လုပ်ခြင်းကိုတိုးတက်စေပါတယ်။ (အများဆုံးလိုအပ်မှုမှာ ဤအဆင့်တွင် ဖြစ်သည်)

ဘိုရွန် နှင့်ဇင့် -ပန်းပွင့်တင်ခြင်း၊ ဖွံ့ဖြိုးခြင်းနှင့် အသီးသီးခြင်းကိုများနိုင်သမျှ များစေပါတယ်။

 

 

 

 

အသီးရင့်မှည့်ခြင်းနှင့် အရွယ်ရောက်ခြင်း


နိုက်ထရိုဂျင် - အသီးဖြည့်ခြင်းကိုထိန်းသိမ်းရန် ပမာဏအနည်းငယ်လိုအပ်ပါတယ်။


ဖော့စ်ဖရပ်စ် - ခရမ်းချဉ်၏ အာဟာရဆိုင်ရာအရည်အသွေးကိုတိုးတက်စေနိုင်ပါတယ်။


ပိုတက်စီယမ် - အသီးတွင် ပိုတက်စီယမ်ပမာဏကိုများနိုင်သမျှ များစေပြီးမူမမှန်မှုများကိုလျော့ကျစေပါတယ်။


ကယ်လ်စီယမ် - ကောင်းမွန်သောအသီးမာကျောမှုနှင့် အရည်အသွေးကိုထိန်းသိမ်းထားကာ သီးထိပ်ပုပ်ခြင်း (သို့) ဖင်ပဲပုတ်ခြင်း(BER) အန္တရာယ်များကိုလျော့နည်းစေပါတယ်။

မဂ္ဂနီစီယမ် - အရည်အသွေးရှိသောအသီးထုတ်လုပ်ရေးအတွက် ယင်းအဆင့်တွင် မဂ္ဂနီစီယမ်ဓာတ်ကို အများဆုံးလိုအပ်ပါတယ်။

ဘိုရွန် နှင့်ဇင့် - အမှည့်ညီညာမှုကိုရရှိရန်အတွက် အရေးကြီးသော အာဟာရဓာတ် ဖြစ်ပါတယ်။

သင့်ရဲ့ ခရမ်းချဉ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ခရမ်းချဉ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ခရမ်းချဉ် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅