fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ခရမ်းချဉ်

ရုပ်ပိုင်းဆိုင်ရာမူမမှန်မှုများနှင့် ဆက်စပ်သည့်အာဟာရများ

ရုပ်ပိုင်းဆိုင်ရာမူမမှန်မှုများနှင့် ဆက်စပ်သည့်အာဟာရမျာ

ခရမ်းချဉ်သီးများတွင် အောက်ပါ မူမမှန်မှုများကင်းရှင်းရန်လိုအပ်တယ်။

မူမမှန်မှုပမာဏတွေဟာ စိုက်ပျိုးတဲ့အခြေအနေများနှင့် မျိုးများ၏ခံနိုင်ရည်ပေါ်မူတည်ပြီးပြောင်းလဲမှုတွေရှိပါတယ်။

အသီးထိပ်ပုပ်ခြင်း(BER)သည် အသီး၏အခြေ သို့မဟုတ် သီးညှာရှိအညိုရောင်/အနက်ရောင်ဒဏ်ရာဖြစ်ပြီး ၎င်းသည်ကယ်လ်စီယမ်အာဟာရပေးခြင်း ချို့တဲ့မှု (ခြောက်သွေ့သောပစ္စည်းတွင် ကယ်လ်ဆီယမ် ဝ.၀၈% ထက်နည်းခြင်း)နှင့် အများကြီးဆက်နွယ်မှုရှိကာ အစိုဓာတ်ပြတ်လတ်ခြင်း၊ ကယ်လ်စီယမ်ချို့တဲ့ခြင်း၊ အမိုနီယမ်လွန်ကဲခြင်း သို့မဟုတ် ယင်းသုံးခုပေါင်းတို့ကြောင့်လည်း မကြာခဏဆိုသလို ဖြစ်ပေါ်တတ်ပါတယ်။

 

 အတွင်းပိုင်းအသီးထိပ်ပုပ်ခြင်း သည် ခရမ်းချဉ်စေ့နှင့်အခွံများမီးခိုးရောင်သို့မဟုတ်အနက်ရောင်ပြောင်းသွားခြင်းဖြစ်ပါတယ်။

 ဒါပေမဲ့အသီးကိုမထိခိုက်စေပါဘူး။ အဲလိုဖြစ်ရခြင်းသည် ပုံမှန်အားဖြင့်ခဏတာ ကယ်လ်စီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။

 ခံနိုင်ရည်နည်းသောမျိုးများ [(ဥပမာအားဖြင့်စပက်စ်ထရာ (Spectra) နှင့်ကလစ်ပ်စို (Calypso)] တို့သည် ကြီးထွားမှုလျှင်မြန်လေ့ရှိကြသဖြင့်တိုတောင်းသောကာလတွင်
 ကယ်လ်ဆီယမ်ပိုမိုလိုအပ်သည်။

 

 

အစွန်းအကွက်(မညီညာစွာ) ရင့်မှည့်ခြင်း သည်ပုံမှန်အားဖြင့်အပြင်ဖက်အသီးနံရံသို့ ဘောင်ခတ်ထားသောစိမ်းဝါရောင် ဧရိယာများ သို့မဟုတ် စွန်းကွက်များအသီးပေါ်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ အသီး၏၎င်းဧရိယာများတွင် သြဂဲနစ်အက်ဆစ်များ၊ ခြောက်သွေ့သောပစ္စည်းများ၊ စုစုပေါင်းအခဲများ(အချိုဓာတ်)၊ ကစီဓာတ်၊ သကြားများနှင့် နိုက်ထရိုဂျင်များပါသော ဒြပ်ပေါင်းများပါဝင်မှုနိမ့်ခြင်း တို့ဖြစ်တတ်ပါတယ်။

ဤရောဂါလက္ခဏာသည် ခရမ်းချဉ် သို့မဟုတ် ဆေးရွက်ကြီးမိုစေ့ဗိုင်းရပ်စ်ရောဂါနှင့် ရောထွေးနိုင်ပါတယ်။ ထိုသို့ဖြစ်ရခြင်းသည် ပုံမှန်အားဖြင့် ပိုတက်စီယမ်အာဟာရပေးမှု မလုံလောက်ခြင်းကြောင့်ဖြစ်တတ်သော်လည်း အခြားအကြောင်းရင်းများဖြစ်သော အပူချိန်နိမ့်ခြင်း/မြင့်ခြင်းနှင့် ဘိုရွန်အာဟာရချို့တဲ့ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

ရွှေရောင်စက်ပြောက် (ရွှေရောင်အမှုန်)သည် ခရမ်းချဉ်သီးများကို အရောင်မှိုင်းသောပုံစံကို ဖြစ်စေပြီး သိုလှောင်မှုသက်တမ်းကိုလည်း လျော့ကျစေကာအသီး၏ပခုံးသားပေါ်တွင် စက်ပြောက်ငယ်များဖြစ်လာတတ်ကြပါတယ်။ သီးခွံအောက်မှာ ကယ်လ်စီယမ်အော့ဇာလိတ်ကြောင့် မူမမှန်မှုသည် မြင့်မားသောစိုထိုင်းဆရှိပတ်ဝန်းကျင်တွင် ပိုမိုဆိုးဝါး တတ်ပါ တယ်။ ကလိုရိုဒ်တိုးပေးခြင်းသည်လည်း ရွှေရောင်စက်ပြောက်ကိုတိုးစေပါတယ်။


ကျောခွံစိမ်းခြင်း သည်အလျဉ်ပြတ်သောသို့မဟုတ်ပုံမမှန်သောကြီးထွားမှုဖြစ်စဉ် (နှေးကွေးသောကြီးထွားမှုဖြစ်စဉ်မဟုတ်ပါ) အကျိုးဆက်အရအဖြူရောင်အတွင်းပိုင်းတစ်သျှူးနှင့်အတူအစိမ်းရောင် သို့မဟုတ် အဝါရောင်ပခုံးသားများ ဖြစ်သွားခြင်းဖြစ်ပါတယ်။ (အထူးသဖြင့်မှန်လုံအိမ်တွင်) နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်း၊ မြေငန်လွန်းခြင်းနှင့် ပိုတက်စီယမ်ချို့တဲ့ခြင်း အစရှိသည်တို့သည်လည်း ထိုမူမမှန်မှုကိုလွှမ်းမိုးနေပါတယ်။


နေလောင်ဒဏ်(နေရောင်ခြည်ကြောင့်ဒဏ်ဖြစ်ခြင်း) သည်နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှု အကျိုးဆက်အရ အစက်အပြောက်များသည်  အဝါရောင်သို့မဟုတ်အဖြူရောင်ပြောင်းလာပြီး နေလောင်ဒဏ်ရာဖြစ်လာပြီး ပုံသဏ္ဌာန်အားဖြင့်အသီးနံရံပါးပြီး ပါးလွှာခြောက် သွေ့သွားခြင်းကြောင့်ဖြစ်ပါတယ်။

အထူးသဖြင့်နိုက်ထရိုဂျင်နှင့်ပိုတက်စီယမ်တို့ကို အချိုးညီအာဟာရပေးခြင်းသည်အသီးအားတိုက်ရိုက် နေရောင်ခြည်ထိတွေ့မှုကို လျော့နည်းစေပြီးကောင်းမွန်သော အရွက်အမိုးအကာကိုရရှိစေမှာ ဖြစ်ပါတယ်။

 

အက်ကွဲခြင်း (ဗဟိုတူစက်ဝိုင်းအဖြစ် အက်ကွဲခြင်းဖြစ်စေ သီးညှာမှအပြင်ဖက်နှင့်အောက်ဖက်သို့ဆန့်ထုတ်အက်ကွဲခြင်းဖြစ်စေ)သည် ရေထောက်ပံ့မှုနှင့်အပူချိန်လွန်ကဲစွာ အတက်အကျများလွန်းခြင်းကြောင့် ဖြစ်ပါတယ်။ မြေကြီးတွင်စိုက်ပျိုးသော ခရမ်းချဉ်များတွင် တွေ့ရလေ့ရှိပြီး မြေကြီး၏အစိုဓာတ်အခြေအနေကိုထိန်းသိမ်းထားခြင်းဖြင့် ရှောင်ရှားနိုင်ပါတယ်။

 

သင့်ရဲ့ ခရမ်းချဉ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ခရမ်းချဉ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ခရမ်းချဉ် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅