fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ခရမ်းချဉ်

ခရမ်းချဉ်သီး - နိုက်ထရိုဂျင်အာဟာရချို့တဲ့ခြင်း

လက္ခဏာဖော်ပြချက်


နိုက်ထရိုဂျင်ဓာတ်ချို့တဲ့သောအခါ အရွက်များသည် သေးငယ်ပြီး အရောင်အားဖြင့် စိမ်းနုရောင်မှ အဝါရောင်သို့ပြောင်းသွားတတ်ပါတယ်။ လက္ခဏာများကို ရွက်ဟောင်းများတွင်(အရွက်ရင့်များ) ပထမတွေ့ရပြီးမှ တဖြည်းဖြည်း ရွက်သစ်များဆီသို့ ရောက်လာကြပါတယ်။ အပင်က ကြုံလှီပြီး ထောင်မတ်နေပုံပေါက်ပါတယ်။ ဆိုးဝါးစွာအာဟာရချို့တဲ့ပါက အရွက်ရင့်များသည် အပင်မှ ကြွေမကျမီ အဝါရောင် သို့မဟုတ် အညိုရောင်သို့ လုံးဝကိုပြောင်းသွားတတ်ပါတယ်။ ပင်စည်များနှင့် ရွက်ကြောများကလည်း ခရမ်းရောင် ဖြစ်နေတတ်ပါတယ်။


မြေချဉ်ငန်ဓာတ်နိမ့်ခြင်း သို့မဟုတ် မြင့်ခြင်း၊ သဲဆန်သောမြေ သို့မဟုတ် ဖွယ်သောမြေ (ရေစီးဖြင့်ပျော်ဝင်ခြင်း)၊ သြဂဲနစ်ပစ္စည်းနည်းပါးခြင်း၊ ခြောက်သွေ့သော အခြေအနေများ၊ မိုးရွာသွန်းမှုများခြင်း (ရေစီးဖြင့်ပျော်ဝင်ခြင်း) သို့မဟုတ် သွင်းရေများခြင်း၊ မဆွေးမြေ့သော သြဂဲနစ်ပစ္စည်း/မြေသြဇာ (ဥပမာအားဖြင့် ကောက်ရိုး) ထပ်ထည့်ခြင်း သို့မဟုတ် ပါဝင်မှုများခြင်းနှင့် ကြီးထွားမှုလျှင်မြန်သော အပင်များတွင် ပိုမိုဆိုးဝါးစွာဖြစ်တတ်ပါတယ်။


အမိုင်နိုအက်ဆစ် ပေါင်းစပ်ဖြစ်ပေါ်ခြင်း၊ ပရိုတိန်း၊ တွဲဖက်အင်ဇိုင်းများ၊ နယူးကလစ် အက်ဆစ်၊ ကလိုရိုဖီးလ်နှင့် အေတီပီ (ATP) ပေါင်းစပ်ဖြစ်ပေါ်ခြင်းတို့အတွက်လည်း ဇင့်ပါဝင်မှုသည် အရေးကြီးတတ်ပါတယ်။

 

ဖြစ်စေသည့်အကြောင်းဖော်ပြချက်

 

ဆာလ်ဖာအာဟာရဓာတ်ချို့တဲ့မှု လက္ခဏာသည် နိုက်ထရိုဂျင် အာဟာရချို့တဲ့မှုနှင့် ဆင်တူသော်လည်း ဆာလ်ဖာ အာဟာရချို့တဲ့ခြင်းတွင် အရွက်နု ကစတင်ခြင်းဖြစ်ပါတယ်။ အဘယ်ကြောင့် ဆိုသော် ဆာလ်ဖာသည် နိုင်ထရိုဂျင်လောက် အပင်အတွင်း မရွေ့လျားနိုင်သောကြောင့် ဖြစ်ပါတယ်။

သင့်ရဲ့ ခရမ်းချဉ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ခရမ်းချဉ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ခရမ်းချဉ် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅