fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ခရမ်းချဉ်

ခရမ်းချဉ်သီးတွင် သံဓာတ်ချို့တဲ့ခြင်း (Fe)

အပင်များသံဓာတ်ချို့တဲ့ခြင်းအား အရွက်နုများ၏ အတွင်းပိုင်းရွက်ကြောများအကြား ဆဲလ်သေသည့် လက္ခဏာကိုပြသပြီး နောက်တွင် ရွက်ထိပ်ဖျားအားလုံး အဝါရောင်ပြောင်းသွားကြသည်။

 လက္ခဏာဖော်ပြချက်

 ဆိုးဝါးစွာအာဟာရချို့တဲ့ပါက အရွက်များ အဖြူစွတ်စွတ်နီးပါးဖြစ်လာနိုင်ကာ ရွက်ကြောများလည်း ဆဲလ်သေသွားကြသည်။

 

မြေချဉ်ငံဓာတ်မြင့်ခြင်း၊ ရေအပြည့်ရှိသော မြေများ၊ ကယ်လ်စီယမ် ကာဘွန်နိတ်ရှိသော မြေများ၊ ကော့ပါးဓာတ်၊ မဂ္ဂနီးစ်ဓာတ်သို့မဟုတ် ဇင့်ဓာတ်မြင့်သော မြေများက သံဓာတ်ချို့တဲ့မှုကို ပိုမိုဆိုးဝါးစေသည်။


ကလိုရိုဖီးလ်ဖြစ်ပေါ်ခြင်း၊ အလင်းမှီစုအစာချက်လုပ်ခြင်း၊ ပရိုတိန်းပေါင်းစပ်ဖြစ်ပေါ်ခြင်း၊ အသီးအရောင်တို့အတွက် အရေးကြီးသည်။

 

ဖြစ်စေသည့်အကြောင်းဖော်ပြချက်

 

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့မှုတွင် အတွင်းရွက်ကြောဧရိယာများတွင် ဆဲလ်သေခြင်းကို ပြသသော်လည်း ဤလက္ခဏာများသည် အရွက်ရင့်များတွင် စဖြစ်ပြီး ဆဲလ်သေသည် လိမ္မော်ဝါရောင် ပိုသန်းသည်။ မဂ္ဂနီးစ် အာဟာရဓာတ်ချို့တဲ့ခြင်းသည်လည်း အရွက်နုများတွင်လည်းတွေ့ရသည်။ သို့ရာတွင် ရွက်ကြောများသည် ဆိုးဝါးစွာ အာဟာရချို့တဲ့ချိန်တွင်ပင် စိမ်းမြဲစိမ်းနေသည်။

သင့်ရဲ့ ခရမ်းချဉ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ခရမ်းချဉ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ခရမ်းချဉ် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅