fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ခရမ်းချဉ်

ခရမ်းချဉ်အထွက်တိုးအောင်ပြုလုပ်ခြင်း

အမြစ်ဖွံ့ဖြိုးခြင်း၊ အစောပိုင်း အပင်ကြီးထွားခြင်း၊ အပွင့်ပွင့်ခြင်းနှင့် အသီးသီးခြင်း လုပ်ငန်းစဉ် တစ်လျှောက် အချိုးညီမျှသော အာဟာရကျွေးခြင်းသည် ဈေးကွက်ဝင် ခရမ်းချဉ်အထွက်နှုန်း မြင့်မားစေရန်အတွက် အရေးကြီးပါသည်။

အမြစ်ဖွံ့ဖြိုးစဉ်တစ်လျှောက်လုံး သီးနှံအာဟာရအချိုးညီမျှအောင် ပေးခြင်းသည် အစောပိုင်းအပင်ကြီးထွားမှု၊ ပန်းပွင့်ခြင်းနှင့် အသီးဖြစ်ထွန်းခြင်းတို့အတွက် မြင့်မားသည့် ဈေးကွက်ဝင် ခရမ်းချဉ်သီးများရရှိရန် အဓိကကျသည်။ မြင့်မားသော ကွင်းပြင်ခရမ်းချဉ် အထွက်နှုန်းကို ရေရရှိမှု အကန့်မရှိသော ရေထွက်အားကောင်းမွန်သော မြေကြီးမှ ရရှိနိုင်သည်။
သီးနှံအာဟာရပေးခြင်းသည် ခရမ်းချဉ်အထွက်တိုးရန်အတွက်လည်း အလွန် အရေးကြီးသည်။


သီးနှံအာဟာရပေးခြင်းနှင့် ခရမ်းချဉ်အထွက်နှုန်း

နိုက်ထရိုဂျင်

 

နိုက်ထရိုဂျင်သည် သင့်တော်သည့် အပင်ကြီးထွားမှုနှင့် မြင့်မားသည့် ခရမ်းချဉ်အထွက်နှုန်းအတွက် အရေးအကြီးဆုံး အာဟာရဓာတ်များထဲမှ တစ်ခုဖြစ်သည်။ ထုတ်လုပ်သော ခရမ်းချဉ် တစ်တန်တိုင်းအတွက် ခရမ်းချဉ်သီးနှံသည် နိုက်ထရိုဂျင် ၂.၂ - ၂.၄ ကီလိုဂရမ် ပတ်လည်ခန့် စုပ်ယူသဖြင့် ခရမ်းချဉ် တစ်ဟက်တာလျှင်ပျမ်းမျှအထွက်နှုန်းတန် ၁၀၀ အတွက် တစ်ဟက်တာလျှင် နိုက်ထရိုဂျင် ၂၅၀ ကီလိုဂရမ်နှုန်းနှင့်အထက် လိုအပ်သည်။ သို့ရာတွင် နိုက်ထရိုဂျင် အလွန်အကျွံ အသုံးပြုခြင်းသည် ခရမ်းချဉ်အထွက်နှုန်းကို ကျဆင်းစေသဖြင့် ဒေသဆိုင်ရာ စမ်းသပ်စစ်ဆေးချက်များကို လိုက်နာသော နှုန်းထားများကို အတည်ပြုရန် အရေးကြီးသည်။


မှန်ကန်သောပုံစံသည် အရေးကြီးပါသည်။ အမိုနီယမ်သည် အပင်ကြီးထွားမှုကို အတားအဆီးဖြစ်စေပြီး စုစုပေါင်းအရည်အသွေးကို ဆိုးဝါးစွာထိခိုက်စေသည်။


ဖော့စ်ဖရပ်စ်


ဖော့စ်ဖရပ်သည် အစောပိုင်းအပင်ကြီးထွားမှုနှင့် အပင်စွဲစပျိုးပင်များ၏ အမြစ်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည်။ အသီးတင်သည့်အဆင့်တွင်လည်း မရှိမဖြစ်အရေးကြီးသည်။ ဖော့စ်ဖရပ်စ်အလွယ်တကူရရှိနိုင်မှု နိမ့်ပါးသော မြေများတွင် ဖော့စဖိတ်မြေသြဇာသည် ရိတ်သိမ်းချိန်တွင် ပယ်သီး အရေအတွက်ကို လျော့ကျစေကာ ခရမ်းချဉ်အထွက်နှင့် ရင့်မှည့်ခြင်းကို တိုးစေသည်။


ပိုတက်စီယမ်


ခရမ်းချဉ်များသည် ပိုတက်စီယမ်လိုအပ်ချက် အတော်အတန်မြင့်မားပြီး တစ်ဟက်တာလျှင်ပိုတက်စီယမ် ၃၀၀ ကီလိုဂရမ်ကျော်ကျော် လိုအပ်သည်။ မြင့်မားသော ပိုတက်စီယမ်အဆင့်များသည် မြင့်မားသည့် ခရမ်းချဉ်အထွက်ကို ပေးသည်။ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ကဲ့သို့သော အခြားအာဟာရဓာတ်များကို အချိုးညီသုံးစွဲရန်လည်း အရေးကြီးပါသည်။


ကယ်လ်စီယမ်


အရိပ်ပေါင်းမိုး ကြီးထွားမှု၊ အမြစ်ဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းအတွက် ခရမ်းချဉ်တွင် ကယ်လ်စီယမ်လိုအပ်ပါသည်။ မြင့်မားသည့်ခရမ်းချဉ်အထွက်နှုန်းအတွက် စိုက်ပျိုးရာသီအလယ်ပိုင်းတွင် ကယ်လ်စီယမ်လိုသလောက်ရရှိနိုင်မှုသည် အရေးကြီးပါသည်။ စိုက်ပျိုးရာသီတစ်လျှောက် ကယ်လ်စီယမ်ကို အဆက်မပြတ် ထောက်ပံ့ပေးခြင်းကို ပိုတက်စီယမ်၊မဂ္ဂနီစီယမ်တို့နှင့်အတူ အချိုးညီကျွေးရန်လည်း အရေးကြီးပါသည်။


ဆာလ်ဖာ


ဆာလ်ဖာသည် စုစုပေါင်းခရမ်းချဉ်အထွက်နှုန်းအတွက် အရေးကြီးသည်။ စိုက်ပျိုးရာသီတစ်လျှောက်လုံး ဆာလ်ဖာသုံးစွဲရန် လိုအပ်သည်။ မြေကြီးများသည် မကြာခဏဆိုသလို ဆာလ်ဖာချို့တဲ့လေ့ရှိသည်။ ရွက်ဖျန်းမြေသြဇာ အသုံးပြုခြင်းသည် မြေကြီးပေါ်အသုံးချသော မြေသြဇာထက် ပိုမိုထိရောက် နိုင်သည်။


အနည်းလိုအာဟာရများ


အနည်းလိုအာဟာရတစ်ခုခု အလွယ်တကူ မရရှိနိုင်မှုသည် ခရမ်းချဉ်အထွက်နှုန်းကို အဟန့်အတားဖြစ်စေသည်။ သို့ရာတွင် မဂ္ဂနီစ်နှင့် ဘိုရွန်တို့သည် အဆိပ်သင့်စေပြီး အပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေသဖြင့် ၎င်းဓာတ်များ လွန်ကဲစွာ မပါရန် အရေးကြီးပါသည်။ အရေးအကြီးဆုံး အနည်းလို အာဟာရဓာတ်မှာ ဘိုရွန်ဖြစ်ပြီး ယင်းဓာတ်ထောက်ပံ့မှုနည်းပါက အသီးပခုံးသားများ ဖော့ဆို့ပုံစံဖြစ်သွားပြီး ဆိုးဝါးစွာချို့တဲ့ပါက အသီးဖြစ်ပေါ်ခြင်းကို အကန့်အသတ်ဖြစ်စေသည်။


ခရမ်းချဉ်အထွက်ကို လွှမ်းမိုးသော အခြားသီးနှံစီမံခန့်ခွဲရေး အလေ့အထများ


• အပင်များအနေဖြင့် လိုအပ်သော ခရမ်းချဉ်အထွက်နှုန်းရရှိစေရန်အတွက် သဘာဝပတ်ဝန်းကျင်၊ အလင်းရောင်အခြေအနေတို့ကို အပင်အစိပ်အကျဲနှင့် ပင်ကြားတန်းကြားအကွာအဝေးသည် အရေးကြီးပါသည်။


• သင့်တော်သည့်မြေချဉ်ငန်ဓာတ်ကို ထိန်းသိမ်းခြင်းသည် အာဟာရဓာတ်များကို အလွယ်တကူရစေသည်။ ပေါင်းသတ်ဆေးကို အသုံးပြုခြင်း သို့မဟုတ် ထွန်ယက်ခြင်းသည် ပေါင်းများကို ဖယ်ရှားပေးပါမည်။


• ပန်းပွင့်ကောင်းမွန်စွာဖြစ်ပေါ်ခြင်း၊ ကောင်းမွန်သော ဝတ်မှုံကူးခြင်း၊ သန္ဓေအောင်ခြင်းနှင့် အသီးတင်ခြင်းတို့ကို သေချာစေရန် အပူချိန်နှင့် အလင်းပြင်းအားတို့သည် ပန်းပွင့်ချိန်တွင် အရေးကြီးသည်။


• မြင့်မားသည့်အပူချိန်ဖိအားသည် ပန်းမပွင့်မီ ပန်းဖူးပြည်တည်နာကို ဖြစ်စေနိုင် သည်။ ပန်းပွင့်ချိန်တွင် မြင့်မားသည့်အပူချိန်ဖိအားရှိပါက ပုံသဏ္ဌာန်မမှန်သော ပန်းပွင့်ဖွံ့ဖြိုးမှုနှင့် သေဆုံးခြင်းကို ဖြစ်စေသည်။


• ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်သူများသည် ရင့်မှည့်သော အသီးသို့ အလင်းရောင် ပိုမိုရရှိစေရန် အောက်ပိုင်းအရွက်များကို အများဆုံးဖယ်ရှားခြင်း လွန်ကဲစွာ ပင်ပိုင်းဆိုင်ရာကြီးထွားမှုကို လျော့နည်းအောင် ပြုလုပ်နိုင်သည်။ ဤသို့ပြုလုပ်ခြင်းသည် ပင်စည်ရောဂါကျရောက်မှုကို လျော့နည်းစေပြီး အောက်ပိုင်းပင်စည်တစ်လျှောက် လေရွေ့လျားမှုကိုလည်း ပိုမိုကောင်းမွန်စေသည်။ ခရမ်းချဉ်သီးနှံများသည် နေလောင်ဒဏ်အန္တရာယ်ရှိနိုင်သဖြင့် အလင်းရောင် မြင့်မားစွာရရှိသော ပတ်ဝန်းကျင်တွင် အလွန်အမင်းခေါင်နှိမ်ခြင်းအား ရှောင်ရှားရန် အရေးကြီးသည်။


• မှန်လုံအိမ်သီးနှံများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပေါကြွယ်ခြင်းသည် အသီးတစ်လုံးချင်းအလေးချိန်နှင့် စုစုပေါင်းခရမ်းချဉ်အထွက်ကို တိုးစေသည်။ မှန်လုံအိမ်များတွင် လေဝင်လေထွက်အကန့်အသတ်ရှိပါက အထူးမှန်ကန်သည်။


• အမြစ်ပတ်ဝန်းကျင်အတွင်းကောင်းမွန်စွာ ရေထုတ်ခြင်းဖြင့် မြေငန်ခြင်းကို ထိန်းချုပ်ခြင်းနှင့် ရေပေးဝေခြင်းစီမံခန့်ခွဲမှုသည် အပင်ကြီးထွားမှုကိုများစေပြီး ကောင်းမွန်သောအာဟာရရရှိမှုကို သေချာစေသည်။

သင့်ရဲ့ ခရမ်းချဉ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ခရမ်းချဉ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅