fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးအခွံချောမွေ့အောင် ဘယ်လိုလုပ်မလဲ

စားသုံးသူများသည် သန့်ရှင်းပြီး ဆွဲဆောင်မှုရှိသော (အထူးသဖြင့် ထုပ်ပိုးမှုမလုပ်မီ သို့မဟုတ်အလုံးလိုက်ဝယ်ယူရာတွင်)အာလူးများကို ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် အာလူးအခွံကောင်းမွန်မှုသည် ပိုမိုအရေးကြီးလာပါသည်။

အနက်ရောင်အနာကွက် ငွေရောင် အနာကွက်၊ အမှုန့်ကဲ့သို့အနာကွက်နှင့် သာမန်အနာကွက်များကဲ့သို့ မျက်နှာပြင် ပေါ်တွင် ဒဏ်ရာရှိသော အာလူးများသည် လူကြိုက်နည်းပါးကာ သိုလှောင်သက်တမ်းလည်း ကျဆင်းနိုင်ပါသည်။

   
 ပုံမမှန်ခြင်းအညွှန်းကိန်း (ပြင်းထန်မှု x ကျရောက်မှု)  ကယ်လစီယမ်နှင့် အခွံအမည်းကွက်

 


အာဟာရမှန်ကန် ညီညွတ်မျှတစွာထည့်ပေးခြင်းသည် အရေပြားပုံစံမမှန်ဖြစ်ခြင်းကို လျော့နည်း စေပြီး အခွံကိုကောင်းမွန်စေပါသည်။ ကယ်လ်စီယမ်သည် အာလူးအခွံကို အားဖြည့်ပေးပြီး ရောဂါများကို ကောင်းစွာခံနိုင်ရည်ရှိအောင်ဆောင်ရွက်ပေးပါသည်။ ဘိုရွန်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနစ် တို့သည် သာမန်အနာကွက်ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။


ငွေရောင်အချပ်လွှာနှင့် သာမန်အကြေးဖတ် အနက်ရောင်အချပ်လွှာနှင့် အမှုန့်ကဲ့သို့အကြေးဖတ်

ကယ်လစီယမ်သည် အာလူးအခွံချောမွေ့မှုအတွက် အရေးပါပါသည်။

ကယ်လစီယမ်သည် အနက်ရောင်အနာကွက် ငွေရောင်အချပ်လွှာ၊ အမှုန့်ကဲ့သို့အကြေးဖတ်နှင့် သာမန်အကြေးဖတ်များအပါအဝင် ရောဂါများစွာကို ကောင်းစွာခံနိုင်ရည်ရှိစေရန် အတွက် အာလူးအခွံကိုအားဖြည့်ပေးပါသည်။ ဗြိတိန်နိုင်ငံတွင်ပြုလုပ်သော လွပ်လပ်သော စမ်းသပ်မှုများက အခြေအနေများစွာကြောင့် ဖြစ်ပွားသော အခွံအမည်းကွက်ဖြစ်ခြင်းကို ကယ်လ်စီယမ်နိုပ်ထရိတ်နှင့် ကုသရာ လျော့နည်းခဲ့ကြောင်း ပြသခဲ့ပါသည်

ဆာလဖာသည် အကြေးဖတ်ဖြစ်ပွားမှုနည်းပါးအောင် ကူညီပေးပါသည်။


ဆာလဖာသည် သာမန်နှင့် အမှုန့်ကဲ့သို့အကြေးဖတ် များလျော့နည်းလာအောင် ကူညီပေးပါသည်။ ၎င်းတို့သည် ဆာလဖာဒြပ်စင် သုံးထားသောမြေ၏ pHကျဆင်းမှုကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ အကောင်းဆုံးမှာ ဆာလဖာကို အပင်မှအသင့်စုပ်ယူစားသုံးနိုင်သည့်ပုံစံဖြင့် ထည့်သွင်းရပါမည်. သို့သော်လည်း ရွက်ဖျန်းဆာလဖာသည်လည်း ရောဂါကျရောက်မှုကို လျော့နည်းစေပါသည်။

ဘိုရွန်သည် ကယ်လစီယမ်၏ ထိရောက်အကျိုးရှိမှုကို ပိုမိုကောင်းမွန်စေပါသည်


ဘိုရွန်သည် ဆဲလ်နံရံရှိ တည်မြဲသော ကယ်လစီယမ်ကို ကူညီပေးပြီး ကယ်လစီယမ်စုတ်ယူမှု ကိုလည်း အကျိုးသက်ရောက်စေပါသည်။ ထို့ကြောင့် ထည့်သွင်းမှုများသည် အာဟာရ ညီမျှမှုရှိစေရန် အရေးကြီးပြီး ကယ်လစီယမ်ထည့်သွင်းမှု၏ အကျိုးကျေးဇူးကိုလည်း မြှင့်တင်ပေးပါသည်။ ဤစမ်းသပ်မှုမှ ဘိုရွန်သည် အာလူး၏ ကယ်လစီယမ်ပါဝင်မှုနှင့် အခွံပုံစံမမှန်ဖြစ်မှုတို့ကို မည်သို့လွှမ်းမိုးနေသည်ကို ပြသပါသည်။

 

 

 ဇင့်သည် ရောဂါကျရောက်မှု လျော့နည်းအောင် ကူညီပေးပါသည်။


အမှုန့်ကဲ့သို့ အကြေးဖတ်များကိုကုသရန် ဇင့်ကိုအသုံးပြုကြပါသည်။ ထိုနေရာတွင် ရောဂါကျရောက်မှုနည်းချိန် ဖြစ်ရမည်။ သို့သော်လည်း အမှုန့်ကဲ့သို့ အကြေးဖတ်ရောဂါကို ကာကွယ်ရန် လုံလောက်သောဇင့်ကို မြေကြီးထဲထည့်ပေးပြီး ဇင့်သည် ပိုမိုခံနိုင်ရည်ရှိသော မျိုးများကိုရွေးချယ်ခြင်းနှင့် အတူတကွ မြေကြီးတွင် ရောဂါကျရောက်မှုကို နည်းပါးစေရန်အတွက် အခြားစိုက်ပျိုးရေးဆိုင်ရာ ကုထုံးများဖြင့် ပံ့ပိုးပေးသော ဘက်စုံကာကွယ်မှုဗျူဟာ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ဖြစ်သင့်ပါသည်။

အာလူးအခွံကောင်းမွန်စေရန်အတွက် အခြားသီးနှံစီမံခန့်ခွဲမှုနည်းလမ်းများ


• ရောဂါ၊ ရေကောင်းစွာမထုတ်နိုင်ခြင်း သို့မဟုတ် ရေထိန်းနိုင်မှုအား မကောင်းခြင်းများ ကဲ့သို့ ဆိုးရွာသောအချက်များရှိသည့် စိုက်ခင်းမြေကို ရွေးချယ်မှုအား ရှောင်ရှားခြင်း


• ရောဂါကျရောက်နိုင်မှုအန္တရာယ်နည်းပါးသော အရည်အသွေးကောင်းသည့် မျိုးစေ့များအား ရွေးချယ်ခြင်း


• ရောဂါသယ်ဆောင်မှု လျော့ကျစေရန် မျိုးစေ့သိုလှောင်သည့်နေရာများအား ပိုးသတ်ခြင်း


• သာမန်အကြေးဖတ်ရောဂါကဲ့သို့ ရောဂါများကို ကာကွယ်ရန်သို့မဟုတ် လျော့နည်းစေရေန် ရေသွင်းပေးခြင်း


• ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုနှင့် ရောဂါကျရောက်မှုကို ကာကွယ်ရန် ကောင်းသောအခြေအနေတွင် ရိတ်သိမ်းခြင်း


• အာလူးမစိုက်မီ အချိန်ကပ်ပြီး ထုံးထည့်ခြင်းသည် သာမန်အနာကွက်ရောဂါဖြစ်စေရန် အားပေးသဖြင့် ထိုကဲ့သို့ထုံးထည့်ခြင်းကိုရှောင်ရှားခြင်း

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅