fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

သခွားမွှေးအသီးဖင်မဲပုပ်ရောဂါကိုလျှော့ချခြင်း

သခွားမွှေးအသီးဖင်မဲပုပ်ရောဂါသည် သခွားမွှေးအသီးများရုပ်ပိုင်းဆိုင်ရာပုံပျက်ခြင်းဖြစ်သည်။ သခွားမွှေးအသီးဖင်မဲပုပ်ရောဂါကြောင့် သခွားမွှေးအသီးနုများဆုံးရှုံးနိုင်ပါတယ်။

ရင့်နေသောအသီးများတွင် အသီးဖင်ပိုင်းအောက်ခြေ၌ အညိုရောင်အက်ကွဲမှုဒါဏ်ရာများ ဖြစ်ပေါ်လာပါတယ်။

 

သခွားမွှေးအသီးဖင်မဲပုပ်ရောဂါနှင့် သီးနှံအာဟာရ

ကယ်လ်စီယမ်သည် အသီးခွံ၏ကလာပ်စည်းနံရံများကို အားကောင်းစေခြင်းနှင့် အသီးကောင်းဖြစ်ပေါ်မည့်အခြေအနေ၊ ပုံသဏ္ဍာန်၊ သိုလှောင်သည့် လက္ခဏာများကိုထိန်းသိမ်းပေးခြင်းဖြင့် အသီး၏အရည်အသွေးကို အမြင့်ဆုံးဖြစ်စေမည့် အဓိကအခန်းဏ္ဍမှ ပါဝင်သည်။ ၎င်းသည် သခွားမွှေးအသီးဖင်မဲပုပ်ရောဂါကို လျှော့ချရာတွင်လည်းအဓိက အခန်းကဏ္ဍတွင်လည်းပါဝင်သည်။

အသီး၏ ပန်းပွင့်အဆုံးတွင် ကယ်လ်စီယမ်ချို့တဲ့ခြင်းကြောင့် သခွားမွှေးအသီးဖင်မဲပုပ်ရောဂါ မကြာခဏဖြစ်ပေါ်စေသည်။ အသီးများတွင် ကယ်လ်စီယမ် ပမာဏနည်းပါးခြင်းသည် ဈေးကွက်ဝင်အထွက်နှုန်းကိုသိသိသာသာလျော့ကျစေပါတယ်။

 

ကယ်လ်စီယမ်နှင့် ဖရဲ သခွားမွှေးအသီးဖင်မဲပုပ်ရောဂါ 

ကယ်လ်စီယမ်နှင့် နိုက်ထရိုဂျင်အမျိုးအစား

နိုက်ထရိုဂျင်အရင်းအမြစ်အနေဖြင့် အမိုးနီးယမ်ကိုအသုံးလွန်ခြင်းကြောင့် ဓာတ်ဖိုပြိုင်ဆိုင်မှုဖြစ်ပေါ်လာပါက သခွားမွှေးအသီးဖင်မဲပုပ်ရောဂါဖြစ်ပွားခြင်းကို မြင့်မားစေသည်။ ကယ်လ်စီယမ်နိုက်ထရိတ်သည် အထူးသဖြင့် အသီးအရည်အသွေးကောင်းမွန်ခြင်းအပြင် သခွားမွှေးအသီးဖင်မဲပုပ်ရောဂါကိုလည်းလျော့နည်းစေကြောင်းစမ်းသပ်မှုများမှ အတည်ပြုထားပါတယ်။

သခွားမွှေးအသီးဖင်မဲပုပ်ရောဂါကို အများဆုံးဖြစ်စေသောအချက်များအနက် တစ်ခုမှာရေငတ်ခြင်း(သို့မဟုတ်) ရေများလွန်းခြင်းတခုခုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ အစိုဓါတ်မြင့်မားသောအခြေအနေတွင် ပင်ငွေ့ပျံခြင်းနှေးကွေးပြီး ပင်ငွေ့ပျံခြင်းဖြစ်စဉ်တွင် တပါတည်းသယ်ယူပို့ဆောင်ပေးသည့် ကယ်လ်စီယမ်စားသုံးမှုကိုဟန့်တားပေးသည်။ သို့ဖြစ်၍ ကယ်လ်စီယမ်စီမံခန့်ခွဲခြင်းနှင့် ကျွေးခြင်းတို့မှာအသီးဖင်မဲပုပ်ရောဂါ ကာကွယ်ဖို့တွက် အဓိကဖြစ်ပါတယ်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅