fbpx

ဘိုရွန်ချို့တဲ့ခြင်း - ခရမ်းချဉ်

သီးနှံအာဟာရ ချို့တဲ့ခြင်းများ - ခရမ်းချဉ်

သီးနှံအဟာရ

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

ခရမ်းချဉ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ဘိုရွန်ချို့တဲ့မှု ပြင်းထန်လျှင် အလယ်ညွန့်၏ ကြီးထွားသည့်နေရာ နှင့် ဘေးတတ်အညွန့်များ သေဆုံးပြီး သီးနှံ ဆုံးရှုံးပါသည်။ အပင်သည် ချုံပုတ်သဏ္ဍာန်ဖြစ်နေပါမည်။ ငယ်ရွယ်နုပျိုသော အရွက်များသည် သေးငယ်၍ ရွက်ပြားများတွန့်နေ၍ အတွင်းသို့ လိပ်ဝင်နေပြီး ချိတ်ပုံကွေးချနေပါသည်။ ထို့အတူ ရွက်ကြောများအတွင်း အဝါရောင်မှ လိမ္မော်ရောင်အစက်များ ပြသနေပါသည်။ ရွက်ကြောများကိုယ်တိုင် တစ်ခါတစ်ရံ ခရမ်းဖျော့ရောင်ဖြစ်နေပါသည်။
ဘိုရွန်ချို့တဲ့မှုနည်းလျှင် အရွက်ရိုးတံများသည် ကြွပ်ဆပ်နေပြီး ချက်ခြင်းကျိုးသွားနိုင်ခြင်း၊ ထိုအချက်များသည် အထွက်နှုန်းကို လျှော့နည်းစေပါသည်။ ပန်းပွင့်များလည်း သေသွားနိုင်ပါသည်။ အသီးတွင် အက်ကြောင်းများနှင့် ပင်စည်ပတ်လည်တွင် ဖော့သားပုံစံ အစင်းကြောင်းများ (ပင်စည် နီညိုရောင်ပြောင်းခြင်း) ကျန်နေပါသည်။ အမြစ်များသည်လည်း တုတ်တိုပြီး အမြစ်ထိပ်များသည် အညိုရောင်ဆဲလ်သေများဖြစ်နေပါသည်။

Reason

ဘိုရွန်ချို့တဲ့ခြင်း ခရမ်းချဉ်သည် ဘိုရွန်ချို့တဲမှုကို တုံ့ပြန်သော သီးနှံဖြစ်ပါသည်။ သွင်းရေ သို့မဟုတ် မြေဩဇာတွင် ဘိုရွန်နည်းခြင်း၊ ကယ်လ်စီယမ်ပါဝင်မှု မြင့်မားခြင်း(ဘိုရွန်စုပ်ယူမှုကို ဟန့်တားခြင်း)၊အမြစ်လုပ်ဆောင်မှု နှေးကွေးခြင်း(ရေဝပ်သော သို့မဟုတ် ခြောက်သွေ့သောမြေကြီး၊ အမြစ်ဧရိယာ အေးခြင်း)၊ အစိုဓာတ်မြင့်မားခြင်း၊ မြေကြီး အလွန်အကျွံကြပ်နေခြင်း၊ သို့မဟုတ် မြေချဉ်ငံဓာတ် မြင့်မားခြင်း၊ စသည့်အခြေအနေတို့တွင် ဘိုရွန်လျှော့ပေးခြင်းကို ဖြစ်စေနိုင်ပါသည်။

Boron is important for

  • အပင်ကြီးထွားသည့် ဖြစ်စဉ်။
  • ဝတ်မှုံမျိုးညှောင့်ပေါက်ခြင်း။
  • ဇီဝကမ္မဖြစ်စဉ်အတွက် ကာဗွန်ဟိုက်ဒရိုတ်များ။
  • နယူးကလစ် အက်စစ်များ ချက်လုပ်ခြင်း။
  • ကယ်လ်စီယမ် သယ်ဆောင်မှု။
  • သကြားပါဝင်မှု တိုးတက်လာစေရန်။
  • သကြားထုတ်လုပ်မှု ပိုမိုမြင့်မားစေရန်။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅