fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

ဆာလ်ဖာကို အသုံးပြုရန် ဘယ်အချိန်အကောင်းဆုံးလဲ

ယေဘုယျအားဖြင့် ဆာလ်ဖာသည် သီးနှံအားလုံးအတွက် မရှိမဖြစ်လိုအပ် သည့်အာဟာရဖြစ်ကြောင်း လက်ခံထားကြသည်။

သို့ရာတွင် နှံစားသီးနှံ များတွင် ဆာလ်ဖာအသုံးပြုရန် အကောင်းဆုံးအချိန်ကို မရေမရာဖြစ်နေ ဆဲပင်ဖြစ်သည်။

ဆာလ်ဖာအသုံးပြုရန် စံသတ်မှတ်ချိန်ကိုဆုံးဖြတ်ရာတွင် အပင်အပါအဝင် မြေကြီးထဲ၌ ဤအာဟာရအနေဖြင့် မည်သို့ပြုမူသည်ကို စဉ်းစားရန် လိုအပ်သည်။

အပင်များမှ ဆာလ်ဖာကို ဆာလ်ဖိတ်ပုံစံဖြင့် စားသုံးသည်။ ၎င်းသည် နိုက်ထရိတ်ကဲ့သို့ပင် မြေကြီးထဲ၌ အလွန်ရွေ့လျားနိုင်ပြီး အလွယ်တကူ စိမ့်ဝင်သွားပေလိမ့်မည်။ အပြန်အလှန်အားဖြင့် ဆာလ်ဖာသည် အပင်ထဲ တွင် ရွေ့လျားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် နိုက်ထရိုဂျင်ကဲ့သို့ မဟုတ်ဘဲ အချိန်ကြာလာသည်နှင့်အမျှ အညွန့်သစ်များက ဆာလ်ဖာ လိုအပ်လာချိန် တွင် အရွက်ဟောင်းများမှတဆင့် ပြန်လည်ဝေငှမပေးနိုင်ပေ။ ဆာလ်ဖာ ချို့တဲ့ပါက အနုနယ်ဆုံးအရွက်များတွင် ပထမဦးဆုံးလက္ခဏာ ပေါ်ပေါက် လာခြင်းသည် ဤအချက်ကို ရှင်းလင်းစွာသရုပ်ဖော်ပြခြင်းဖြစ်သည်။


သီးနှံပင်များ၏ ဆာလ်ဖာလိုအပ်ချက်အားလုံးကို စိုက်ပျိုးရာသီ အစောပိုင်း ၌ တကြိမ်တည်း ကျွေးမည်ဆိုပါက ရာသီနောက်ပိုင်း သီးနှံမှဆာလ်ဖာ လိုအပ်လာသောအခါ ရရှိနိုင်လိမ့်မည်မဟုတ်ပေ။

 

ဆာလ်ဖာကို နိုက်ထရိုဂျင်နှင့်အတူ ပမာဏနည်းနည်းနှင့် အကြိမ်ကြိမ် ကျွေးပေးပါ။

 စိုက်ပျိုးရာသီတလျှောက် ဆာလ်ဖာကို တကြိမ်တည်းပုံအော၍ ကျွေးပေးခြင်းထက် နိုက်ထရိုဂျင်နှင့်အတူ ပမာဏနည်းနည်းနှင့် အကြိမ်ကြိမ် ကျွေးပေးခြင်းက ပိုထိရောက်ကြောင်း စမ်းသပ်ကွက်များမှ တပြေးညီတည်းထောက်ခံထားကြသည်။

အပင်များသည် ဆာလ်ဖာကို နိုက်ထရိုဂျင်နှင့်အတူတကွ အသားဓာတ်များ ဖြစ်ပေါ်ရေးအတွက် တည်ဆောက်ရေးပစ္စည်းတစ်ခုကဲ့သို့ လိုအပ်သည်။ အသားဓာတ်အများစုတွင် နိုက်ထရိုဂျင်နှင့် ဆာလ်ဖာအချိုးသည် ၅ အချိုး ၁ နီပါးရှိသည့် မုံညင်း(brassicas) မှလွဲ၍ ခန့်မှန်းခြေအားဖြင့် ၁၂ အချိုး ၁ ဖြစ်သည်။ 

စိုက်ပျိုးရာသီတလျှောက်လုံးတွင် နိုက်ထရိုဂျင်နှင့် ဆာလ်ဖာတို့ကို အတူတကွ တချိန်တည်းတွင် အချိုးတူကျွေးပေးရန်လိုသည်။ ဤအာဟာရ များကို အပင်မှလိုအပ်ချိန်တွင် ဤနည်းမှာ အတိအကျလိုအပ်ချက် ဖြစ်သည်။

နောက်ဆုံးအနေဖြင့် အာဟာရကျွေးစဉ် သီးခြားစီဖြစ်နေသော ညံ့ဖျင်းပြီး ရောနှောနေသောထုတ်ကုန်ကို ရွေးချယ်ခြင်းအားဖြင့် သီးနှံအာဟာရ ကျွေးမှုကိုမညီမညာဖြစ်နိုင်ခြင်းကြောင့် အထက်ဖော်ပြပါ ကောင်းမွန်သော ဆုံးဖြတ်ချက်များအားလုံးကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက လမ်းညွှန်ပြသစရာ နည်းလမ်းမရှိတော့ပါ။ အထူးသဖြင့် အခြေအနေများ စံချိန်မမီခဲ့လျင် သီးနှံကွင်းတခုလုံးတွင် အညီအမျှပျံ့နှံ့နိုင်ခြင်းမရှိသဖြင့် ဥအလေးချိန် လျော့နည်းစေသည့် မြေသြဇာကို ရှောင်းရှားခြင်းမှာလည်း အကျိုးရှိပါ သည်။ ဤသို့ရှောင်ရှားရန်အတွက် ဓာတ်ပေါင်းမြေသြဇာတို့ကို ရွေးချယ်လိုက်ပါ။ အဆိုပါဓာတ်ပေါင်းများ၏ အစေ့လုံးတိုင်းတွင် နိုက်ထရိုဂျင်နှင့် ဆာလ်ဖာ နှစ်မျိုးစလုံးပါရှိသဖြင့် သီးခြားစီဖြစ်မနေပဲ အာဟာရများအားလုံးကို အညီ အမျှစားသုံးနိုင်သည်။

!--

YaraBela နိုက်ထရိတ်အပေါင်း ဆာလဖာမြေသြဇာများအကြောင်းကို ပိုမို လေ့လာရန်


ညွှန်းလိုသည့် နိုက်ထရိုဂျင်နှင့် ဆာလဖာမြေသြဇာများ


အောက်ဖော်ပြပါ ဓာတ်ပေါင်းမြေသြဇာများကို သီးနှံပင်များအားလုံးအတွက် ညွှန်းလိုပြီး အာဟာရနှစ်မျိုးစလုံးကို အချိန်မှန်ကျွေးရနနှင့် နိုက်ထရိုဂျင်နှင့် ဆာလဖာကို သင့်တော်သည့်အချိုးဖြင့် ရောစပ်၍ ကျွေးပေးရန်ညွှန်းလိုသည်။

-->

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅