fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

သရက်ပင်အတွက် ရေလိုအပ်ချက်

သရက်စိုက်တောင်သူဦးကြီးတွေရဲ့  သရက်စိုက်ခင်းမှာ အသီးတင်မူကောင်းမွန်စေရန်နဲ့ အထွက်နှုန်းကောင်းဖို့ရန်အတွက် ရေရဲ့အရေးပါဝင်မူ

YTH - for web

သရက်ပင်ဟာ အမြစ်နက်နက်ဆင်းတဲ့ ရေသောက်မြစ်အဖွဲ့စည်းရှိတဲ့ သီးနှံတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပူပိုင်းနှင့် အပူလျှော့ပိုင်းဒေသတွေမှာ စိုက်ပျိုးလေ့ရှိတဲ့ အတွက်ကြောင့် အထွက်နှုန်းကောင်းမွန်စွာရရှိဖို့အတွက် ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်မှာ ရေသွင်းပေးဖို့ဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့အချိန်တွင်း အသီးတင်တဲ့အပင်တစ်ပင်မှာ တစ်ပတ်အတွင်း ရေ ၁၅၀၀ လီတာ ရရှိရန်လိုအပ်ပါတယ်။ တစ်နှစ်ပတ်လုံးအတိုင်းတာနဲ့ဆိုရင် သရက်မျိုးပေါ်မှာမူတည်ပြီး ရေလိုအပ်ချက်ဟာ ၃၀၀၀ မှ ၄၀၀၀ cubic မီတာ ကြားရှိပါတယ်။ ပန်းပွင့်ချိန်နှင့် အသီးကြီးထွားတဲ့အချိန်မှာ ရေလုံလုံလောက်လောက်ရရှိမှသာ အသီးတင်မူကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်နိုင်ပါတယ်။ သတိပြုရမှာကတော့ ပန်းပွင့်ချိန်တွင်း မိုးရွာသွန်းမယ်ဆိုရင် အသီးအထွက်နှုန်းကို ဆိုးရွားစွာထိခိုက်နိုင်တဲ့အပြင် အသီးကြီးထွားဖွံ့ဖြိုးချိန်မှာ မိုးရွာမယ်ဆိုလျှင် ရောဂါကျရောက်မူ (ဥပမာ- မှဲ့ပေါက်စွန်းရောဂါ) ကို ဖြစ်စေနိုင်ပါတယ်။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅