fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေဆီလွှာ

မြေချဉ်စေသည့် အကြောင်းရင်းများ

တောင်သူဦးကြီးတွေ စိုက်ပျိုးနေတဲ့ မြေကြီးတွေ မြေချဉ်လာတဲ့ အကြောင်းရင်းများ

အပူချိန်မြင့်မားပြီး မိုးရွားသွန်းမူများတဲ့ အပူပိုင်းဒေသများတွေနဲ့ မြေဆီလွှာဆုံးရှုံးမှုများတဲ့ ဒေသတွေမှာ မြေချဉ်မှုကို လျှင်မြန်စွာ ဖြစ်ပေါ်စေပါတယ်။

အထွက်နှုန်းတိုးလာပြီး အာဟာရဓာတ်စုပ်ယူမှုများခြင်းတွေဟာလည်း မြေချဉ်တဲ့အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။

Autumn Soil Cultivation

မြေချဉ်စေသည့် အကြောင်းရင်းများ

တောင်သူဦးကြီးတွေ စိုက်ပျိုးနေတဲ့ မြေကြီးတွေ မြေချဉ်လာတဲ့ အကြောင်းရင်းတွေကို မျှဝေပေးသွားပါမယ်....

၁။ သဘာဝအလျောက်ပျက်ဆီးစေသည့် ဖြစ်စဉ်များ နှင့် မိုးရေနှင့်အတူ မြေကြီးမှအာဟာရ ဓာတ်များ ဆုံးရှုံးသွားခြင်း စသည့်အချက်တွေဟာ မြေချဉ်မှုကို ဖြစ်စေပါတယ်။ စိုက်ပျိုးရေးနည်းလမ်းတွေဟာလည်း မိုးရေနှင့်အတူ အာဟာရဓာတ်ဆုံးရှုံးမှုကို ပိုမိုမြန်စေပါတယ်။ ဥပမာအားဖြင့် မြေကြီးအတွင်း နိုက်ထရိုတ် နိုက်ထရိုဂျင် ထုတ်ပေးနိုင်ရန်အတွက် အမိုနီယမ် သို့မဟုတ် သက်ရှိပစ္စည်းများ (အော်ဂန်းနစ် မက်တာ) များ ပြိုကွဲသည့်ဖြစ်စဉ်တွင် မြေချဉ်ဓာတ်ကို ထုတ်ပေးပါတယ်။ အပင်မှ အမိုနီယမ်မှ အာဟာရဓာတ်ကို စုပ်ယူလိုက်လျှင် ပရိုတွန်များ ထွက်လာပါတယ်၊ ၎င်းသည် မြေကြီးချဉ်ဆကို တိုးလာစေပါတယ်။

၂။ သက်ရှိပစ္စည်း(အော်ဂန်းနစ် မက်တာ) တွေထည့်ပေးခြင်းဟာလည်း မြေချဉ်တဲ့ဖြစ်စဉ်ကို ဖြစ်စေပါတယ်။ သက်ရှိပစ္စည်းများ (အော်ဂန်းနစ် မက်တာ) သည် သဘာဝအားဖြင့် ချဉ်တဲ့ဓာတ်ရှိပါတယ်။ ၎င်းတို့ စုပုံလာခြင်းနှင့် ပြိုကွဲသည့် ဖြစ်စဉ်တွေဟာ မြေချဉ်ဓာတ်ကိုတိုးစေပါတယ်။ ဒါကြောင့် သက်ရှိပစ္စည်းများ (အော်ဂန်းနစ် မက်တာ) ထည့်မယ်ဆိုရင် လုံးဝဆွေးသွားမှ ထည့်ပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

၃။ အထွက်နှုန်းတိုးလာပြီး အာဟာရဓာတ်စုပ်ယူမှုများခြင်းတွေဟာလည်း မြေချဉ်တဲ့အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် မြေငန်တဲ့အာနိသင်ရှိတဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တွေကို အာဟာဓာတ်တွေကို မြေကြီးထဲမှ စုပ်ယူသွားလို့ပဲဖြစ်ပါတယ်။

၄။ အပူချိန်မြင့်မားပြီး မိုးရွားသွန်းမူများတဲ့ အပူပိုင်းဒေသများတွေနဲ့ မြေဆီလွှာဆုံးရှုံးမှုများတဲ့ ဒေသတွေမှာ မြေချဉ်မှုကို လျှင်မြန်စွာ ဖြစ်ပေါ်စေပါတယ်။  သို့သော်လည်း စိုက်ပျိုးထုတ်လုပ်မူများသော သမပိုင်းဒေသများတွင်လည်း မြေချဉ်ငန်ဓာတ်ကို ပုံမှန်စစ်ဆေးပေးပို့ လိုအပ်ပါတယ်။

မြေချဉ်စေတဲ့ အကြောင်းရင်းတွေကို သိရှိသွားပြီးဆိုတော့ ဒီအချက်တွေကို လေ့လာရင်း တောင်သူဦးကြီးတို့ရဲ့မြေကို ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ မြေဖြစ်အောင် ပြုစုစောင့်ရှောက်လိုက်ကြပါဆို့။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅