fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေဆီလွှာ

မြေသားအနုကြမ်းနှင့် မြေသြဇာအသုံးပြုမှု

တောင်သူဦးကြီးတွေအတွက် မြေကြီးရဲ့ ရုပ်ဂုဏ်သတ္တိများထဲမှ တစ်ခုဖြစ်တဲ့ မြေသားအနုကြမ်း အပေါ်မူတည်ပြီး မြေသြဇာအသုံးပြုပုံတဲ့အခါ ဘယ်လို အသုံးပြုသင့်တယ်ဆိုတဲ့ အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။ 

ဘာလို့လည်းဆိုရင် အခုအထူးသဖြင့် ကြက်သွန်စိုက်ပျိုးတဲ့အခါမှာ နုန်းမြေ၊ ချောင်းဘေးမှာရှိတဲ့ သဲမြေမှာ စိုက်ပျိုးတာတွေ တွေ့ရပါတယ်။ စိုက်ပျိုးတဲ့ မြေရဲ့ မြေသားအနုကြမ်းဟာ အလွန်မှ ကွားခြားပါတယ်။Soil / Compost in Hands

ဒီအချက်ပေါ်မှာ မူတည်ပြီး ရေပေးသွင်းပုံတွေ၊ မြေသြဇာထည့်ပေးခြင်းတွေဟာ အလွန်မှကွားခြားသွားပါတယ်။ ဒါကြောင့် ကျွန်တော်တောင်သူဦးကြီးတွေက မိမိစိုက်ပျိုးမြေရဲ့ မြေသားအနုကြမ်းပေါ် မူတည်ပြီး မြေသြဇာကျွေးရာမှာ  ဘယ်လို ကျွေးပေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းလေးကို မျှဝေပေးလိုက်ပါတယ်.......

စိုက်ပျိုးတဲ့မြေဟာ ရွံ့စေးပါဝင်မှုမြင့်မားတဲ့ မြေအမျိုးစား (နှုံးမြေ၊ ရွံ့စေးမြေ) မှာ အစိုဓာတ်နှင့် အာဟာရထိန်းထားနိုင်စွမ်းအား မြင့်မားပြီး ယေဘုံယျအားဖြင့် မြေဆီသြဇာထက်သန်သော မြေအမျိုးစားတွေပဲဖြစ်ပါတယ်။ ဒီလိုမြေအမျိုးစားမှာတော့ အပင်တွေက မြေကြီးအတွင်းမှ စုပ်ယူဖယ်ရှားသွားသော အာဟာရတွေကို ပြန်လည်ဖြည့်ပေးရာမှာ အာဟာရနှုန်းထားကို အနည်းငယ်ပြန်လည်ထည့်ပေးရုံဖြင့် အထွက်နှုန်းမြင့်မားစွာ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် သဲဆန်တဲ့မြေအမျိုးစား (သဲပါဝင်မှု များတဲ့မြေ၊ သဲမြေ) မှာ များသောအားဖြင့် ရေထုတ်နိုင်စွမ်းအလွန်ကောင်းမွန်ပြီး အစိုဓာတ်နှင့် အာဟာရဓာတ်ထိန်းထားနိုင်မှုလည်း လျှော့နည်းပါတယ်။ အထူးသဖြင့် မြေဆီသြဇာထက်သန်မှု လျှော့နည်းပါတယ်။ ထိုမြေအမျိုးစားတွေမှာ မိုးရွာလျှင် (သို့ )ရေသွင်းလျှင် အလွယ်တကူ မြေကြီးအနက်သို့ ဆင်းသွားနိုင်ပါတယ်။ ထိုရေနဲ့အတူ ရေတွင်ပျော်ဝင်မှုလွယ်ကူသော အာဟာရများ (NO3-, Ca, SO4-, B) လည်း ပါသွားပြီး အပင်၏အမြစ်များမှ စုပ်ယူလို့မရတဲ့ နေရာသို့ရောက်ရှိသွားပြီး ဆုံးရှုံးသွားပါတယ်။ ဒါကြောင့်မလို့ အာဟာရများထည့်ပေးတဲ့နေရာမှာ စနစ်တကျ သေချာစွာ စီမံခန့်ခွဲဖို့ အရေကြီးပါတယ်။ သဲဆန်တဲ့မြေအမျိုးစားတွေမှာ အပင်မှလိုအပ်တဲ့အချိန် ရာသီအလိုက် သီးနှံကြီးထွားသည့် အဆင့်အလိုက် သီးနှံအလိုက် အာဟာရထည့်ပေးသည့်အချိန်နှင့် ကိုက်ညီဖို့ အမတန်မှ အရေးကြီးပါတယ်။ အပင်ကြီးထွားသည့် ကာလတစ်လျှောက်လုံး အာဟာရဓာတ်ထည့်ပေးသည့် ပမာဏကို အကြိမ်ကြိမ်ခွဲထည့်ပေးခြင်းအားဖြင့် အာဟာရဆုံးရှုံးမှု အနည်းဖြင့် အပင်အမြစ်မှ အကျိုးရှိရှိ စုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ရွံ့စေးပါဝင်မှုများသော မြေအမျိုးစားတွင် အာဟာရဆုံးရှုံးမှု နည်းပါတယ်။ ထိုမြေအမျိုးစားတွင် မြေသြဇာကျွေးရာတွင် သီးနှံကြီးထွားသည့် အဆင့်အလိုက် အချိန်ကိုက် ကျွေးပေးရန်လိုအပ်ပါတယ်။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅