fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေဆီလွှာ

ဆားငန်မြေများ

ဆားငန်မြေကို ခြောက်သွေ့ပြီး အပေါ်ယံမြေလွှာမှ ဆားကိုဖယ်ရှားနိုင်ဖို့ မိုးရေလုံလုံလောက်လောက် မရရှိတဲ့ ဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။  မြေကြီးမှ ရေငွေ့ပျံသွားတဲ့ (ရေဆုံးရှုံးခြင်း) (evaporation) အချိန်မှာ မြေဆီလွှာအတွင်း ဆားတွေ စုပုံပြီး ကျန်နေခဲ့တဲ့ အတွက်ကြောင့် ရေစီးဆင်းမှုမကောင်းတဲ့ နေရာတွေ နဲ့ ရေအိုင်တွေမှာလည်း တွေ့ရလေ့ရှိပါတယ်။

 

soil salinity

 

ဒီနေ့မှာ ကျွန်တော်တောင်သူဦးကြီးတွေ ကြုံတွေ့နေရတဲ့  မြေတွေဟာ စိုက်ပျိုးတဲ့အပင်တွေရဲ့ ထုတ်လုပ်နိုင်စွမ်း နဲ့ အရည်အသွေးကို ထိခိုက်နေတဲ့ မြေငန်စေတဲ့ အကြောင်းရာနဲ့ ဘယ်လို ပြုပြင်ပေးနိုင်လည်း ဆိုတဲ့ အကြောင်းကို ရှင်းပြပေးချင်ပါတယ်။

ဆားငန်မြေကို ခြောက်သွေ့ပြီး အပေါ်ယံမြေလွှာမှ ဆားကိုဖယ်ရှားနိုင်ဖို့ မိုးရေလုံလုံလောက်လောက် မရရှိတဲ့ ဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။  မြေကြီးမှ ရေငွေ့ပျံသွားတဲ့ (ရေဆုံးရှုံးခြင်း) (evaporation) အချိန်မှာ မြေဆီလွှာအတွင်း ဆားတွေ စုပုံပြီး ကျန်နေခဲ့တဲ့ အတွက်ကြောင့် ရေစီးဆင်းမှုမကောင်းတဲ့ နေရာတွေ နဲ့ ရေအိုင်တွေမှာလည်း တွေ့ရလေ့ရှိပါတယ်။ မြေငန်တဲ့မြေရဲ့ မြေချဉ်ငန်ဓာတ်ညွှန်းကိန်း ဟာ (၇) ထက်များတဲ့တန်ဖိုးရှိပါတယ်။  pH တန်ဖိုး  (၇ နှင့် ၈.၅) အတွင်း တချို့အပင်တွေ ကောင်းကောင်း ကြီးထွားနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ သို့ပေမယ့်လည်း အလွတ်ထုံးရှိနေမယ်ဆိုရင် တချို့သီးနှံတွေရဲ့ ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။ မြေကြီးတွင်း အလွတ်ထုံးရှိနေနိုင်မှုကို အလွယ်တကူ သိရှိနိုင်ဖို့ မြေကြီးနမူနာယူပြီး ပုလင်းထဲထည့်။ ပြီး အက်စစ် (ဗင်နီဂါ) ထည့်ပေးပြီး မွှေလိုက်တဲ့အချိန် အမြုပ်ထလာမယ်ဆိုရင် မြေကြီးမှာ အလွတ် ထုံးရှိနေတယ်ဆိုတာ သိရှိနိုင်ပါတယ်။

ထိုအငန်ဓာတ်ကို လျှော့ချနိုင်ဖို့ သက်ရှိပစ္စည်း (Organic matters) တွေနဲ့ ဆာလ်ဖာဒြပ်စင်တွေကို ရေရှည်ထည့်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ကြီးထွားတဲ့အချိန်မှာ လိုအပ်တဲ့အာဟာရတွေရရှိဖို့အတွက် မြေသြဇာကျွေးသည့် နည်းလမ်းတွေကို သေချာအောင် လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မြေမျက်နှာပြင်မှာ ဆားပွင့် ဖြူဖြူဖွေးဖွေးတွေတွေ့ရတဲ့ မြေအမျိုးစားဆိုရင် ရေစီးဆင်းမှု ကောင်းမွန်အောင် ပြုလုပ်ပေးတာတွေ သွင်းရေ အသုံးပြုခြင်းဟာ အမြစ်ကြီးထွားမည့် ဧရိယာအတွင်း ဆားများ စုပုံနေမှုကို လျှော့ချပေးခြင်းအားဖြင့် ပြုပြင်နိုင်ပါတယ်။ အစက်ချရေပေးစနစ်ကို အသုံးပြုပေးခြင်းဟာ ရေစိုနေသည့် ဧရိယာအစွန်းမှာ ဆားများစုပုံနေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ ထိုသို့စုပုံခြင်းအားဖြင့် အမြစ် ကြီးထွားမှုကို ဆားများမှ မထိခိုက်နိုင်တော့ပေ။ ရေစီမံခန့်ခွဲမှုကို စနစ်တကျလုပ်ဆောင်မယ်ဆိုရင် ဆားများကြောင့် အပင်ကြီးထွားမှု ဟန့်တားခြင်း ခံရမှုကို ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။ ထို့အတူ မြေချဉ်ငန်ဓာတ်တန်ဖိုးမြင့်နေတဲ့ မြေတွေမှာ pH ကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

တောင်သူဦးကြီးတွေ မြေငန်စေတဲ့ အကြောင်းရင်နဲ့ ပြုပြင်နည်းတွေကို သိရှိသွားပြီး မိမိစိုက်ပျိုးမြေကို ရေရှည်စိုက်ပျိုးနိုင်တဲ့ မြေဖြစ်အောင် ထိန်းသိမ်းလိုက်ကြပါဆို့........


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅