fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေချဉ်ငံဓာတ်ညွှန်းကိန်းနှင့် အာဟာရဓာတ်ရရှိမူ

ချဉ်သောမြေတွေဟာ အပင်မှ ပိုတက်ဆီယမ် (K)၊ ကယ်လ်ဆီယမ်(Ca) ရရှိမူကို ငန်သောမြေများထက် ပို၍လျော့နည်းတယ်ဆိုတာကို တွေ့ရပါတယ်။  ငန်သောမြေအမျိုးစားတွင် ဇင့်ဓာတ် (Zn)၊ အိုင်းရွန်းဓာတ် (Fe)၊ ကော့ပါးဓာတ် (Cu)နှင့် မဂ္ဂနိစ်ဓာတ် (Mn) ရရှိမူကို လျှော့နည်းစေသောကြောင့် အာဟာဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေပါတယ်။

မြေချဉ်ငံဓာတ်ညွှန်းကိန်းနှင့် အာဟာရဓာတ်ရရှိမူ

ကျွန်တော်တို့တောင်သူဦးကြီးတွေ စိုက်ပျိုးလာတဲ့မြေကြီးတွေဟာ ကြာလာတာနဲ့အမျှ သီးနှံ အထွက်နှုန်းလျှော့နည်းလာတာတွေ၊ သီးနှံအရည်သွေး ကျဆင်းလာတာတွေ သတိပြုမိလာပါလိမ့်မယ်။ ဒါတွေဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရာတွေအများကြီး ရှိတဲ့အထဲက မြေချဉ်ငံဓာတ်ပြောင်းလည်းဟာလည်း အဓိကအရေးကြီးတဲ့ အချက် တစ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့တောင်သူဦးကြီးတွေ စိုက်ပျိုးနေတဲ့ မြေကြီးရဲ့ မြေချဉ်ငန်ဓာတ်နှင့် သီးနှံအာဟာရဓာတ် ရရှိမူတွေကို နားလည်သေဘောပေါက်စေရန် မျှဝေပေးလိုက်ပါတယ်ရှင့်။

မြေချဉ်ငံဓာတ်ညွှန်းကိန်း (pH) များ ကြည့်မည်ဆိုလျှင် (၁) မှ (၁၄) ထိ ရှိပါတယ်။ အလည်မှာရှိနေတဲ့ pH တန်ဖိုး (7) သည် ချဉ်ခြင်း ငန်ခြင်းသဘောမရှိတဲ့ တန်ဖိုးဖြစ်ပါတယ်။ pH 7 အောက်လျှော့နည်းသွားမယ်ဆိုရင် မြေကြီးဟာ ချဉ်တဲ့ဘက်ကို ပါသွားပါတယ်။ ထို့အတူ pH 7 ထက်များသွားမယ်ဆိုရင်လည်း မြေကြီးသည် ငန်တဲ့ဘက်သို့ ပါသွားပါတယ်။

Onion growth stages

ချဉ်သောမြေတွေဟာ အပင်မှ ပိုတက်ဆီယမ် (K)၊ ကယ်လ်ဆီယမ်(Ca) ရရှိမူကို ငန်သောမြေများထက် ပို၍လျော့နည်းတယ်ဆိုတာကို တွေ့ရပါတယ်။  ငန်သောမြေအမျိုးစားတွင် ဇင့်ဓာတ် (Zn)၊ အိုင်းရွန်းဓာတ် (Fe)၊ ကော့ပါးဓာတ် (Cu)နှင့် မဂ္ဂနိစ်ဓာတ် (Mn) ရရှိမူကို လျှော့နည်းစေသောကြောင့် အာဟာဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေပါတယ်။ မိမိစိုက်ပျိုးမြေရဲ့ မြေချဉ်ငန်ဓာတ်တန်ဖိုးကို သိရှိခြင်းအားဖြင့် အာဟာရဓာတ် ထည့်ပေးတဲ့အခါ ဘယ်လို မြေသြဇာအမျိုးစားတွေကို ရွှေးချယ်ပေးရမလည်းဆိုတာ သတိမိစေမှာပဲဖြစ်ပါတယ်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅